နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန်အမိန့်ကို ထရန့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

မတ်လ (၂၁) ရက်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ပညာရေးဌာနကို ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ကြာသပတေးနေ့တွင် စတင်ရန်အတွက် သမတအမိန့်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းပေးမည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သမ္မတထရန့်၏ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်အစိုးရများထံ ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်သည်။

သမ္မတအိမ်ဖြူတော်တွင် ကြာသပတေးနေ့မွန်းလွဲပိုင်းက ကျင်းပသည့် အခမ်းအနားတတွင် ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးများနှင့် ကျောင်းသားကလေးများကိုပါ လက်မှတ်ထိုးပွဲကို ဖိတ်ကြားခဲ့သည်။

“ သမ္မတထရန့်၏ သမတအမိန့်သည် ပညာရေး အခွင့်အလမ်းများ တိုးချဲ့ရန် ဖြစ်ပြီး မိဘများ၊ ပြည်နယ်များ၊ နှင့်ဒေသခံလူ့အဖွဲ့အစည်းများကို ကျောင်းသားအားလုံးအတွက် ရလဒ်များ တိုးတက်လာစေရန်အချက်များကို ထိန်းသိမ်းထားနိုင်ရန် လုပ်ပိုင်ခွင့် အာဏာကို ပေးမှာဖြစ်တယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟာရစ်ဆန်ဖီးဒ်စ် (Harrison Fields) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနကို လုံးလုံးလျားလျား ပိတ်ပစ်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်နေချိန်တွင် သမ္မတသည် ပညာရေးဌာနအား ပိတ်ပစ်ရန်နှင့် ပြည်နယ်များသို့ ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြန်လည်ပေးအပ်ရန် လိုအပ်သည့် ခြေလှမ်းများ အားလုံးကို လုပ်ဆောင်ရန် သမ္မတက ပညာရေးဝန်ကြီး လင်ဒါ မက်က်မန် (Linda McMahon) အား ညွှန်ကြားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မသန်စွမ်းဖြစ်နေသောကျောင်းသားများသည် တဦးချင်းကျောင်းသားများအတွက် မသန်စွမ်း ပညာရေးဥပဒေအရ နှင့် Title I ဝင်ငွေနည်းပါးသော ကျောင်းများကို ထောက်ပံ့ခြင်းများနှင့် ဖက်ဒရယ် ကျောင်းသား ချေးငွေပေးချေမှု အစီအစဉ်အောက်တွင် ရှိသူများသည် ဤအမိန့် ကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း အကြီးတန်းစီမံခန့်ခွဲရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်သော ပညာရေးထောက်ခံသူများမှ ဥပဒေကြောင်းအရ အရေးယူရန် ပြင်ဆင်ထားပြီး သမ္မတ၏ အုပ်ချုပ်မှုအာဏာကို စမ်းသပ်ရန် အိမ်ဖြူတော်၏ နောက်ဆုံး လှုပ်ရှားမှုဖြစ်သည်။

သမတမဲဆွယ်စည်းရုံးရေးပြုလုပ်စဥ်တွင် ထရန့်သည် ပညာရေးဝန်ကြီးဌာနအား သမတ ရာထူးကိုနောက်တစ်ကြိမ် ပြန်လည်ရရှိခဲ့ပါက ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်း ရန် လုပ်ဆောင်မည်ဟု ဂတိပြုခဲ့သည်။ ဖက်ဒရယ်အစိုးရ၏ ပညာရေးဌာနအပေါ် လွန်ကဲစွာ စွက်ဖက်နေမှု လက္ခဏာအဖြစ် ထောက်ပြပြီး ယဉ်ကျေးမှု စစ်ပွဲဆိုင်ရာ (လိင်အမျိုးအစား ကွဲပြားမှုများ) ကိစ္စရပ်များနှင့် ချိတ်ဆက်ထားကြောင်းထောက်ပြခဲ့သည်။

“ ငါ လင်ဒါမက်က်မန် Linda (McMahon) ကိုပြောခဲ့တယ်၊ ‘လင်ဒါ၊ မင်းလုပ်နေတဲ့အလုပ်ထုတ်တဲ့အလုပ်ကို မင်းကောင်းကောင်းနိုင်လုပ်မယ်လို့ ငါမျှော်လင့်တယ်။’ သူပညာရေးဌာနက အလုပ်တွေကို ထုတ်တဲ့ အလုပ်ကိုအားစိုက်လုပ်” ဟု ထရန့် က ဖေဖော်ဝါရီလတွင်ပြောကြားခဲ့သည်။

မျှော်လင့်ထားသည့် လက်မှတ်ရေးထိုးမှုသည် ယခုလအစောပိုင်းတွင် အေဂျင်စီမှ လုပ်သားအင်အား ၅၀% နီးပါးဖြတ်တောက်ကြောင်း ကြေငြာပြီးနောက်တွင် ဝန်ထမ်း ၁,၃၀၀ ခန့် အလုပ်ထုတ်ခံရပြီး ရာနှင့်ချီသော ဆန္ဒအလျောက် “လျှော်ကြေးလစာယူပြီးထွက်” သော ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

သမဂ္ဂတွေက တုံ့ပြန်နေကြပြီ။

“ ‌ဒေါ်နယ်ထရန့် နဲ့ အီလွန်မတ်စ်ခ်တို့ဟာ အစိုးရကျောင်းတွေနဲ့ အမေရိကတလွှား ကျေးလက်၊ ဆင်ခြေဖုံးနဲ့ မြို့ပြအသိုင်းအဝိုင်းတွေမှာရှိတဲ့ ကျောင်းသား သန်း ၅၀ ရဲ့ အနာဂတ်အတွက် သူတို့ရဲ့ အဖျက်ယန္တရားထုခြေတဲ့အလုံးကြီးနဲ့ ပြည်သူ့ပညာရေးကို ဖျက်သိမ်းလိုက်ပြီး ဒီအတွက်ပိုလျှံလာတဲ့ငွေတွေကို ဘီလျံနာတွေအတွက် အခွန်လျော့ပေးတဲ့ နေရာမှာလိုငွေကို ဖြည့်ဆည်းဖို့ဖြစ်တယ် ” ဟု အမျိုးသားပညာရေးအသင်းဥက္ကဋ္ဌ ဘက်ကီ ပရင်ဂယ် (Becky Pringle) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အကယ်၍ အောင်မြင်ပါက၊ ထရန့်၏ဆက်လက်လုပ်ဆောင်မှုများသည် ကျောင်းသားများအားလုံးကို ထိခိုက်စေမည်ဖြစ်သည်။ တက်ရောက်နေသည့် အတန်းအရွယ်အစားများ မြင့်တက်ကြပ်တည်းလာခြင်း၊ အလုပ်အကိုင်လေ့ကျင့်ရေးပရိုဂရမ်များကို ဖြတ်တောက်ခြင်း၊ အဆင့်မြင့်ပညာရေးကို ပိုမိုစျေးကြီးစေပြီး လူလတ်တန်းစားမိသားစုများအတွက် လက်လှမ်းမမီမှု၊ မသန်စွမ်းကျောင်းသားများအတွက် အထူးပညာရေးဝန်ဆောင်မှုများကို ဖယ်ရှားခြင်းနှင့် ကျောင်းသား နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးခြင်းများကို ဖျက်သိမ်းခြင်းဖြင့် ကျောင်းသားအားလုံးကို ထိခိုက်နစ်နာစေလိမ့်မည်” ဟု သူမက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 53 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 80 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။