နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန်အမိန့်ကို ထရန့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

မတ်လ (၂၁) ရက်။

သမ္မတ ဒေါ်နယ်ထရမ့်သည် ပညာရေးဌာနကို ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ကြာသပတေးနေ့တွင် စတင်ရန်အတွက် သမတအမိန့်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းပေးမည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သမ္မတထရန့်၏ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်အစိုးရများထံ ပြန်လည်လွှဲပြောင်းပေးရန် ဖြစ်သည်။

သမ္မတအိမ်ဖြူတော်တွင် ကြာသပတေးနေ့မွန်းလွဲပိုင်းက ကျင်းပသည့် အခမ်းအနားတတွင် ရီပတ်ဘလီကန်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်ပညာရေးမှူးများနှင့် ကျောင်းသားကလေးများကိုပါ လက်မှတ်ထိုးပွဲကို ဖိတ်ကြားခဲ့သည်။

“ သမ္မတထရန့်၏ သမတအမိန့်သည် ပညာရေး အခွင့်အလမ်းများ တိုးချဲ့ရန် ဖြစ်ပြီး မိဘများ၊ ပြည်နယ်များ၊ နှင့်ဒေသခံလူ့အဖွဲ့အစည်းများကို ကျောင်းသားအားလုံးအတွက် ရလဒ်များ တိုးတက်လာစေရန်အချက်များကို ထိန်းသိမ်းထားနိုင်ရန် လုပ်ပိုင်ခွင့် အာဏာကို ပေးမှာဖြစ်တယ်” ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဟာရစ်ဆန်ဖီးဒ်စ် (Harrison Fields) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာနကို လုံးလုံးလျားလျား ပိတ်ပစ်ရန် ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက် လိုအပ်နေချိန်တွင် သမ္မတသည် ပညာရေးဌာနအား ပိတ်ပစ်ရန်နှင့် ပြည်နယ်များသို့ ပညာရေးဆိုင်ရာ အခွင့်အာဏာများကို ပြန်လည်ပေးအပ်ရန် လိုအပ်သည့် ခြေလှမ်းများ အားလုံးကို လုပ်ဆောင်ရန် သမ္မတက ပညာရေးဝန်ကြီး လင်ဒါ မက်က်မန် (Linda McMahon) အား ညွှန်ကြားမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မသန်စွမ်းဖြစ်နေသောကျောင်းသားများသည် တဦးချင်းကျောင်းသားများအတွက် မသန်စွမ်း ပညာရေးဥပဒေအရ နှင့် Title I ဝင်ငွေနည်းပါးသော ကျောင်းများကို ထောက်ပံ့ခြင်းများနှင့် ဖက်ဒရယ် ကျောင်းသား ချေးငွေပေးချေမှု အစီအစဉ်အောက်တွင် ရှိသူများသည် ဤအမိန့် ကြောင့် ပြောင်းလဲသွားမည် မဟုတ်ကြောင်း အကြီးတန်းစီမံခန့်ခွဲရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ဆန့်ကျင်သော ပညာရေးထောက်ခံသူများမှ ဥပဒေကြောင်းအရ အရေးယူရန် ပြင်ဆင်ထားပြီး သမ္မတ၏ အုပ်ချုပ်မှုအာဏာကို စမ်းသပ်ရန် အိမ်ဖြူတော်၏ နောက်ဆုံး လှုပ်ရှားမှုဖြစ်သည်။

သမတမဲဆွယ်စည်းရုံးရေးပြုလုပ်စဥ်တွင် ထရန့်သည် ပညာရေးဝန်ကြီးဌာနအား သမတ ရာထူးကိုနောက်တစ်ကြိမ် ပြန်လည်ရရှိခဲ့ပါက ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်း ရန် လုပ်ဆောင်မည်ဟု ဂတိပြုခဲ့သည်။ ဖက်ဒရယ်အစိုးရ၏ ပညာရေးဌာနအပေါ် လွန်ကဲစွာ စွက်ဖက်နေမှု လက္ခဏာအဖြစ် ထောက်ပြပြီး ယဉ်ကျေးမှု စစ်ပွဲဆိုင်ရာ (လိင်အမျိုးအစား ကွဲပြားမှုများ) ကိစ္စရပ်များနှင့် ချိတ်ဆက်ထားကြောင်းထောက်ပြခဲ့သည်။

“ ငါ လင်ဒါမက်က်မန် Linda (McMahon) ကိုပြောခဲ့တယ်၊ ‘လင်ဒါ၊ မင်းလုပ်နေတဲ့အလုပ်ထုတ်တဲ့အလုပ်ကို မင်းကောင်းကောင်းနိုင်လုပ်မယ်လို့ ငါမျှော်လင့်တယ်။’ သူပညာရေးဌာနက အလုပ်တွေကို ထုတ်တဲ့ အလုပ်ကိုအားစိုက်လုပ်” ဟု ထရန့် က ဖေဖော်ဝါရီလတွင်ပြောကြားခဲ့သည်။

မျှော်လင့်ထားသည့် လက်မှတ်ရေးထိုးမှုသည် ယခုလအစောပိုင်းတွင် အေဂျင်စီမှ လုပ်သားအင်အား ၅၀% နီးပါးဖြတ်တောက်ကြောင်း ကြေငြာပြီးနောက်တွင် ဝန်ထမ်း ၁,၃၀၀ ခန့် အလုပ်ထုတ်ခံရပြီး ရာနှင့်ချီသော ဆန္ဒအလျောက် “လျှော်ကြေးလစာယူပြီးထွက်” သော ဝန်ထမ်းများလည်း ရှိကြောင်း သိရသည်။

သမဂ္ဂတွေက တုံ့ပြန်နေကြပြီ။

“ ‌ဒေါ်နယ်ထရန့် နဲ့ အီလွန်မတ်စ်ခ်တို့ဟာ အစိုးရကျောင်းတွေနဲ့ အမေရိကတလွှား ကျေးလက်၊ ဆင်ခြေဖုံးနဲ့ မြို့ပြအသိုင်းအဝိုင်းတွေမှာရှိတဲ့ ကျောင်းသား သန်း ၅၀ ရဲ့ အနာဂတ်အတွက် သူတို့ရဲ့ အဖျက်ယန္တရားထုခြေတဲ့အလုံးကြီးနဲ့ ပြည်သူ့ပညာရေးကို ဖျက်သိမ်းလိုက်ပြီး ဒီအတွက်ပိုလျှံလာတဲ့ငွေတွေကို ဘီလျံနာတွေအတွက် အခွန်လျော့ပေးတဲ့ နေရာမှာလိုငွေကို ဖြည့်ဆည်းဖို့ဖြစ်တယ် ” ဟု အမျိုးသားပညာရေးအသင်းဥက္ကဋ္ဌ ဘက်ကီ ပရင်ဂယ် (Becky Pringle) က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အကယ်၍ အောင်မြင်ပါက၊ ထရန့်၏ဆက်လက်လုပ်ဆောင်မှုများသည် ကျောင်းသားများအားလုံးကို ထိခိုက်စေမည်ဖြစ်သည်။ တက်ရောက်နေသည့် အတန်းအရွယ်အစားများ မြင့်တက်ကြပ်တည်းလာခြင်း၊ အလုပ်အကိုင်လေ့ကျင့်ရေးပရိုဂရမ်များကို ဖြတ်တောက်ခြင်း၊ အဆင့်မြင့်ပညာရေးကို ပိုမိုစျေးကြီးစေပြီး လူလတ်တန်းစားမိသားစုများအတွက် လက်လှမ်းမမီမှု၊ မသန်စွမ်းကျောင်းသားများအတွက် အထူးပညာရေးဝန်ဆောင်မှုများကို ဖယ်ရှားခြင်းနှင့် ကျောင်းသား နိုင်ငံသားအခွင့်အရေးကို ကာကွယ်ပေးခြင်းများကို ဖျက်သိမ်းခြင်းဖြင့် ကျောင်းသားအားလုံးကို ထိခိုက်နစ်နာစေလိမ့်မည်” ဟု သူမက ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 42 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 41 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 38 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့