နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က သူ့အစိုးရကို တရားစွဲမှုများ ပြုလုပ်သည့်ရှေ့နေများကို ‘သိမ်ဖျင်းသော’ ရှေ့နေများဟု ခေါ်ဆို၍ ပစ်မှတ်ထားတိုက်ခိုက်

++++++++++++++++++++++

ဝေဖန်သူများက အဆိုပါလုပ်ဆောင်မှုကို “ သက်ဦးဆံပိုင်” “ အာဏာရှင်” နှင့် “ ကြောင်သူတော်” လုပ်ရပ်ဟု ခေါ်ဆိုခဲ့သည်။ ထရန့်၏ရှေ့နေများသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရခဲ့သည်ဆိုသည့်အချက် အပါအဝင် မှားယွင်းသော တရားဥပဒေကြောင်းအရ ငြင်းခုံမှု အ‌မြောက်အများကို ပြောဆိုပြုလုပ်ခဲ့ကြသည်။

သမတထရန့်၏မှတ်စုအသစ်တွင် ရှေ့နေချုပ်နှင့် အမိမြေလုံခြုံရေးအတွင်းဝန်တို့ကို အစိုးရအပေါ် “သိမ်ဖျင်းသော” တရားစွဲဆိုမှု ပြုခဲ့သည့် ဥပဒေအကျိုးဆောင်ကုမ္ပဏီများအား ပိတ်ဆို့အရေးယူရန် ခွင့်ပြုထားခဲ့သည်။ ထိုဆောင်ရွက်ချက်သည် ဥပဒေအကျိုးဆောင်ကုမ္ပဏီများအား တိုက်ခိုက်မှုကို အရှိန်မြင့်ဆောင်ရွက်လိုက်ခြင်းဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူများနှင့် တရားရေးဌာနအရာရှိဟောင်းများက NBC News သို့ ပြောကြားခဲ့သည်။

သမတ၏ စာချွန်လွှာ “တရားရေးစနစ်နှင့် ဖက်ဒရယ်တရားရုံး၏ အလွဲသုံးစားမှုများကို ကာကွယ်တားဆီးခြင်း” တွင် ရှေ့နေချုပ် ပမ်ဘွန်ဒီက အစိုးရအဖွဲ့အား တရားစွဲဆိုမှုများသည် “ယုတ္တိမရှိ” သို့မဟုတ်”ဒေါ်သထွက်စရာ” ဟု ယူဆပါက ရှေ့နေချုပ်အနေနှင့် ထိုရှေ့နေများ၏ လုံခြုံရေးရှင်းလင်းချက်များကို ရုပ်သိမ်းရန် သို့မဟုတ် ဖက်ဒရယ်အစိုးရအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေကုမ္ပဏီများနှင့် ချုပ်ဆိုထားသော စာချုပ်များကို ရပ်ဆိုင်းရန် အကြံပြုထားသည်။

စနေနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ မှတ်စုတွင် အစိုးရအုပ်ချုပ်ရေးဌာနမှ ဥပဒေ အကျိုးဆောင် ကုမ္ပဏီ ၃ ခုကို အရေးယူဆောင်ရွက်ထားသည်။ Covington & Burling ကုမ္ပဏီသည် ထရမ့်ကို စွဲချက်တင်ထားသည့် အထူးအကြံပေးဟောင်းဂျက်စမစ် (Jack Smith) အား လိုအပ်သော ဥပဒေရေးရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးအပ်ကူညီခဲ့သည်။ Perkins Coie ကုမ္ပဏီသည် ဟီလာရီကလင်တန်၏ ၂၀၁၆ မဲဆွယ်စည်းရုံးမှုတွင် ကိုယ်စားပြုခဲ့ပြီး ထရန့်ကို ဆန့်ကျင်ထိခိုက်စေသည့် ယုံကြည်နိုင်မှု မရှိသည့် စာရွက်စာတမ်းအထောက်အထားများကိုစုဆောင်းပေးခဲ့သည်။ ပေါ်လ် ဝိ့ဇ် (Paul Weiss) ကုမ္ပဏီမှ ယခင် လုပ်ဖော်ကိုင်ဖက်ဟောင်း မာ့ခ် ပိုမာရန့်ဇ် (Mark Pomerantz) နှင့် ပေါ်လ်ဝိ့ဇ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း များစွာက မက်ဟန်တန် (Manhattan) ခရိုင်ရှေ့နေရုံးတွင်အလုပ်လုပ်နေစဉ် ထရန့်ကို တရားစွဲဆိုရန်ကြိုးစားခဲ့သည်။

သမတအမိန့်များသည် ထိုဥပဒေအကျိုးဆောင် ကုမ္ပဏီဝန်ထမ်းများအပေါ် လုံခြုံရေးအရ ကင်းရှင်းကြောင်းခွင့်ပြုမှုကို ဆိုင်းငံ့လိုက်ခြင်းကြောင့် အချို့သော ဗဟိုအစိုးရ အဆောက်အအုံများသို့ ဝင်ရောက်မှုကို တားဆီးခံရသဖြင့် ၎င်းတို့၏ အမှုသည်များကို ကိုယ်စားပြုရန်ကိစ္စကို ခက်ခဲစေမည်ဖြစ်သည်။

အရေးကြီးဆုံးက ဥပဒေအကျိုးဆောင်ကုမ္ပဏီများ၏ဖောက်သည်များနှင့် ဖက်ဒရယ်စာချုပ်များကို ပြန်လည်သုံးသပ်သင့်သည်ဟု အမိန့်ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်အပတ်က ထရန့်နှင့် သဘောတူညီချက်ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်ခြင်းခံရသော ပေါလ် ဝီ့ဇ် (Paul Weiss) ကုမ္ပဏီ ဥက္ကဋ္ဌ ဘရတ်ကရပ် (Brad Karp) သည် သူ ဝန်ထမ်းများထံသို့ ခြိမ်းခြောက်စာပေးပို့ပြီးနောက် မကြာမီ ပေါက်ကြားသွားခဲ့သည်။

“ အုပ်ချုပ်ရေးအမိန့်က ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်” ဟု “ ကရပ်” က ရေးသားခဲ့သည်။ “ အထူးသဖြင့်၊ ကုမ္ပဏီကို ၎င်းတို့၏ ရှေ့နေများအဖြစ် ဆက်လက်အသုံးပြုပါက အစိုးရ၏ စာချုပ်စာတမ်းများကြည့်ရှုခွင့်ကို ဆုံးရှုံးခြင်း၊ အစိုးရထံ ဝင်ရောက်ခွင့် ဆုံးရှုံးခြင်းတို့ကို ခြိမ်းခြောက်လျက်ရှိပါသည်။”

ထရန့်၏ရည်မှန်းချက်သည် ရန်သူများဟု အစိုးရက ထင်မြင်နေသော ကုမ္ပဏီများကို ဒေဝါလီခံရန် ဖြစ်သည်ဟု ထရန့်၏မဟာမိတ် စတီ့ဗ် ဘန်နွန် (Steve Bannon) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

“သူက အဲဒီဥပဒေကုမ္ပဏီတွေကို လုပ်ငန်းကနေ ထုတ်ပစ်မယ်” “ ငါတို့ကြိုးစားနေတာက မင်းကို စီးပွားရေးကနေ ဖယ်ထုတ်ပြီး မင်းကို ဒေဝါလီခံစေရမယ်။” ဟု ဘန်နွန်က ဆိုသည်။

NAACP နှင့် American Civil Liberties Union အပါအဝင် အရပ်သား အခွင့်အရေး အဖွဲ့အစည်း ၂၂ ဖွဲ့က အဆိုပါစာချွန်လွှာအသစ်ကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သဘောထားကွဲလွဲမှုကိုရပ်တန့်စေရန်၊ တာဝန်ခံမှုကို ရှောင်ရှားရန်နှင့် အစိုးရ၏ဥပဒေမဲ့လုပ်ရပ်များကို ဆန့်ကျင်သည့်သူများကို တိုက်ခိုက်ရန်အတွက် လက်နက်အဖြစ်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်” ဟု ဝေဖန်ပြောဆိုထားသည်။

အိမ်ဖြူတော်တာဝန်ရှိသူများက အဆိုပါလုပ်ရပ်ကို ကာကွယ်ပြောဆိုခဲ့သည်။

“ သမ္မတထရန့်က တရားစီရင်ရေးမဏ္ဍိုင်က အမေရိကန်ပြည်သူတွေအပေါ် လက်နက်သဖွယ် ဆန်ကျင်တိုက်ခိုက်တော့မှာမဟုတ်ကြောင်း သေချာစေဖို့ သူ့ရဲ့ကတိအတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သမ္မတထရန့် ရဲ့ တစ်ခုတည်းသော လက်တုံ့ပြန်မှုကတော့ အမေရိကန်ပြည်သူတွေအတွက် အောင်မြင်မှုနဲ့ သမိုင်းဝင်အောင်မြင်မှုတွေပဲ” ဟု အိမ်ဖြူတော် လက်ထောက်သတင်းထောက် တေလာရော်ဂျာ (Taylor Rogers) က သတင်းအဖွဲ့အစည်းများကို ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးပိုင်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေးဌာန၏ တန်ပြန်ထောက်လှမ်းရေးဌာန၏ အကြီးအကဲဟောင်း ဒေးဗစ် လုဖ့်မန် (David Laufman) က ဥပဒေအကျိုးဆောင်ကုမ္ပဏီများနှင့် ရှေ့နေများကို ခြိမ်းခြောက်ရန် အုပ်ချုပ်ရေးအဖွဲ့အာဏာကို အသုံးပြုခြင်းမှာ ယခင်က မကြုံဖူးသောကိစ္စ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ဘယ်သူမဆို အရင်က အိမ်ဖြူတော်မှာ တရားဥပဒေဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုကို နှုတ်ပိတ်တိတ်ဆိတ်စေပြီး အပြစ်ပေးမယ့် အာဏာရှင်ဆန်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် ရှေ့နေချုပ်နဲ့ အိမ်ဖြူတော်အတိုင်ပင်ခံတို့က တိတ်တဆိတ် ဝင်ရောက်စွက်ဖက်ပြီး အစီအစဥ်ကို လျင်မြန်စွာ ဆိုင်းငံ့ထားဆီးမှာဖြစ်ပါတယ်” ဟု ၎င်းက မက်ဆေ့ချ်ဖြင့် ပြောကြားခဲ့သည်။

တရားရေးဌာနနှင့် အမိမြေလုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူများက မှတ်ချက်ပေးရန် တောင်းဆိုချက်များကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

တရားရေးဌာန အကြီးတန်း အရာရှိဟောင်း တစ်ဦးက အဆိုပါ လှုပ်ရှားမှုကို သက်ဦးဆံပိုင် လုပ်မှုဟုခေါ်ခဲ့သည်။

“ပြိုင်ဘက်တရားစီရင်ရေးစနစ်က ဘယ်လိုအလုပ်လုပ်သလဲနဲ့ အဲဒီလုပ်ငန်းစဉ်မှာ သမာသမတ်ကျတဲ့ တရားသူကြီးတစ်ဦးရဲ့ အခန်းကဏ္ဍကို သမ္မတက သဘောမပေါက်ပါဘူး” ဟု အမည်မဖော်လိုသူ အရာရှိဟောင်းက လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် ပြောကြားခဲ့သည်။

“ဒါဟာ အားနည်းတဲ့ သက်သေအထောက်အထားတွေနဲ့ ချို့ယွင်းချက်ရှိတဲ့ ငြင်းခုံမှုတွေကို ဖော်ထုတ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

“ သမ္မတက သူအနိုင်ရပြီး သူ့ရန်သူတွေက ရှုံးပြီး အပြစ်ပေးခံရတာကို ထောက်ခံပါတယ်။ အဲဒါက တရားမျှတမှု မဟုတ်ဘူး၊ အဲဒါက အာဏာရှင်သဘောပါပဲ”

ဥပဒေကျွမ်းကျင်သူများက ထရန့်သည် သူတော်ကောင်းယောင်ဆောင် လုပ်ဆောင်နေကြောင်း စွပ်စွဲလိုက်ပြီး သူ၏ရှေ့နေများသည် ဖက်ဒရယ် အရပ်ဘက်လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်း ၁၁ ကို ချိုးဖောက်ခဲ့ကြောင်း ထိုအချက်မှာ ရှေ့နေများကို မှားယွင်းသော သို့မဟုတ် အရေးမကြီးသော စွပ်စွဲမှုများကိုတားမြစ်ထားခြင်းဖြစ်သည်။

ယခင် ဝါရင့်တရားရေးဌာနအရာရှိကြီးက ၂၀၂၀ခုနှစ်တွင် ဂျိုးဘိုင်ဒင်သည် ဘက်ပြောင်းနိုင်သည့် ပြည်နယ်များတွင် အနိုင်ရခြင်းမှာ တရားမဝင်မဲများကို ထည့်ခဲ့၍ ဖြစ်သည်ဟု တရားဝင်ကန့်ကွက်ခဲ့ခြင်းသည် ထရန့်၏ စာချွန်လွှာတွင် ဖော်ပြထားသော ဖက်ဒရယ် အရပ်ဘက်လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်း ၁၁ စံနှုန်းများနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း” ပြောကြားခဲ့သည်။

မနှစ်က မစ်ရှီဂန်တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်သည့်တရားစွဲဆိုမှုအတွက် ဒေါ်လာ ၁၅၀,၀၀၀ ပေးဆောင်ရန် ဗဟိုတရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းကို ဆစ်ဒနီပိုဝဲလ်( Sidney Powell) နှင့် အခြားသော ထရန့်၏ရှေ့နေများက အယူခံဝင်မှုကို တရားရုံးချုပ်က ပယ်ချခဲ့သည်။ ပိုဝဲလ် သည် ဂျော်ဂျီယာတွင် ထရမ့်၏ဆုံးရှုံးမှုကို လွှမ်းမိုးရန် သူမ၏ ကြိုးပမ်းမှုနှင့် ပတ်သက်သည့် ရာဇ၀တ်မှုဆိုင်ရာ စွဲချက်များအတွက်လည်း အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်။

အစိုးရကို တရားစွဲသည့် ကုမ္ပဏီမှ အကြီးတန်းရှေ့နေတစ်ဦးက အကျိုးသက်ရောက်မှုသည် ရှင်းရှင်းလင်းလင်းရှိကြောင်း ပြောသည်။

“ ထရန့်နဲ့ သူရဲ့ နိုင်လိုမင်းထက် အပြုအမူတွေကြားက ရပ်တည်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍကို သူက ချိမ်းခြောက်နေတာပါပဲ” ဟု ရှေ့နေက ပြောကြားခဲ့သည်။ “ရှေ့နေတွေက တရားစွဲပြီး အုပ်ချုပ်ရေးက လုပ်ခဲ့တာတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီလားမညီဘူးလား ဆိုတာကို ဆုံးဖြတ်တဲ့ စီရင်ထုံးတွေ ရှိကြတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အစိုးရအုပ်ချုပ်ရေးစနစ်ပဲ။

ပြည်ထောင်စုအစိုးရရှေ့နေဟောင်း ရှေ့နေက “ဒီလို ဥပဒေ အကျိုးဆောင်ကုမ္ပဏီတွေက တန်ပြန် စီစစ်မှု တွေကိုလုပ်ကြတာဖြစ်ပြီး တကယ်လို့ အစိုးရလုပ်ရပ်က မှားနေတာကို ဘယ်သူကမှ တရားရုံးကို အမှုတင်မလာဘူးဆိုရင် ဘာကိုမှ တားလို့ရတော့မှာ မဟုတ်ဘူး။” ဟု ပြောပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 26 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 34 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို