နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှားကျူးကျော်စစ်ပွဲမှာ သမ္မတ ပူတင်သာမက အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့မှာလည်း တာဝန်ရှိဟု ထရန့်ပြော

ဧပြီလ (၁၅) ရက်။

ရုရှားသမ္မတ ပူတင်သာမက အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးတို့လည်း ယူကရိန်းနိုင်ငံကို ရုရှားရဲ့ကျူးကျော်မှုကြောင့် သေဆုံးမှုများစွာအတွက် တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၁၄ ရက်နေ့မှာ အိမ်ဖြူတော်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ သေဆုံးမှုသန်းပေါင်းများစွာအတွက် လူသုံးယောက်မှာ တာဝန်ရှိတယ်” လို့ ထရန့်က ပြောကြားခဲ့ပါတယ်။ “ သုံးယောက်” နဲ့ပတ်သက်ပြီး “ ပူတင်က ပထမ၊ ကိုယ်ဘာလုပ်နေဆိုတာကို ဘာမှနားမလည်တဲ့ ဘိုင်ဒင်၊ ပြီးတော့ ဇလန်းစကီး လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် “ ဒါက မဖြစ်သင့်တဲ့ စစ်ပွဲပါ။ ဘိုင်ဒင်လည်း ရပ်တန့်နိုင်ခဲ့ပါတယ်၊ ဇလန်းစကီးလည်း ရပ်တန့်နိုင်ပါတယ်။ ပူတင်ကတော့ ဒီစစ်ပွဲကို မစခဲ့ရင် ကောင်းမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်။ မာအိနိချိရှင်ဘွန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန်

ကုလဆုံးဖြတ်ချက် ဂါဇာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 15 Views
ဇွန်လ (၅) ရက်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချက်ချင်းလက်ငင်း၊ ခြွင်းချက်မရှိ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့ပြီး
နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 20 Views
ဇွန်လ (၆) ရက်။ မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။ ဇွန်လ (၄) ရက်နေ့
နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို အသစ်ဝင်ရောက်မည့် နိုင်ငံတကာကျောင်းသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းဖို့ ထရန့် လက်မှတ်ထိုး

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 21 Views
ဇွန်လ (၅) ရက်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ထားရန် သမ္မတထရန့်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိမ်ဖြူတော်က ဇွန်လ (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အသစ်ဝင်ရောက်မည့် နိုင်ငံခြားသားများ၏ တက္ကသိုလ်တက်ခွင့်ကို တားဆီးရန် အားထုတ်မှုများ သိသိသာသာ
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း သဘာ၀ပတ်ဝန်းကျင် အမေရိကန်

မြေရှားသတ္ထုတွင်းထွက်သတ္တုများဆိုသည်မှာ ဘယ်အရာကို ဆိုလိုသနည်း၊ ၎င်းတို့သည် ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတွင် အဘယ်ကြောင့် အဓိကကျသနည်း။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 26 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃ရက် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲတွင် အဓိကအတားအဆီးတစ်ခု ရှိသည်။ ထိုအရာမှာ မြေရှားသတ္တုများ ဖြစ်သည်။ ပြီးခဲ့သည့်လတွင် သမ္မတဒေါ်နယ်ထရန့်က အမေရိကန်သည် ဂရင်းလန်း (Greenland) ကို “ အလွန်အမင်းလို
ဂျပန် နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အာရှ

ယူကရိန်းသည် ရုရှားကို အနိုင်ယူရန်အတွက် ရုရှား-ဂျပန်စစ်ပွဲတွင် အသုံးပြုခဲ့သည့် “ အာကာရှီ မဟာဗျူဟာ” ကို အတုယူရန် အရေးကြီးသည်။

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 25 Views
ယူကရိန်း၏ လျှို့ဝှက်စစ်ဆင်ရေးများသည် အောင်မြင်သော်လည်း ၎င်းတို့သည် အာကာရှီမဟာဗျူဟာနှင့် တူညီသောအဆင့်သို့ မရောက်ရှိသေးဟု စစ်ရေးသုံးသပ်သူ ယိုကိုဟားမားက ဆိုသည်။ ဂျပန်လေတပ်တွင်တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ကာကွယ်ရေး သုတေသနစင်တာ (ဖောင်ဒေးရှင်း) တွင် သုတေသန ကော်မတီဝင် ယိုကိုဟားမား၏ ဆောင်းပါးကို
နိုင်ငံတကာသတင်း အမေရိကန်

“ သူ့ရဲ့ သီးခံနိုင်စွမ်း ကျော်လွန်သွားပြီ” လို့ ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ပြီး ပြတ်ပြတ်သားသား ကွဲပြားမှုကို အီလွန်မတ်စ် ထုတ်ဖော်

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 13 Views
ဇွန်လ ၄ ရက်။ သမ္မတထရန့်၏အနီးကပ်လက်ထောက်အဖြစ် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဦးဆောင်ခဲ့သည့် စီးပွားရေးသမား အီလွန်မတ်စ်က ထရန့်အစိုးရ၏ အခွန်လျှော့ချခြင်းအပါအဝင် ဘတ်ဂျက်ဥပဒေကြမ်းကို ဝေဖန်ခဲ့ပြီး ဇွန်လ ၃ ရက်နေ့က X တွင် “
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းရဲ့ ဒရုန်းစစ်ဆင်ရေး ဘယ်လိုဆင်နွှဲခဲ့သလဲ။ (ရုပ်သံသတင်း)

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
ဇွန်လ (၁) ရက်နေ့မှာရုရှားလေတပ်စခန်းတွေကိုယူကရိန်းကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ရုရှားရဲ့စစ်လေယဥ် ၄၀ကျော်ပျက်စီးထိုခိုက်ခဲ့ရပါတယ်။ ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းလုံခြုံ‌ရေးအကြီးအကဲက အိုင်ဒီယာထုတ် အကြံပြုခဲ့တာပါ။ ပင့်ကူအိမ် (Spider Web) လို့ အမည်ရတဲ့ အဲဒီစစ်ဆင်ရေးဟာ ယူကရိန်းနယ်စပ်နဲ့ မိုင်ထောင်ချီကွာဝေးပြီး မတူညီတဲ့စံတော်ချိန် ၃ခုမှာရှိတဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ကြောင့် အမေရိကန်တွင် ဦးနှောက်ယိုစီးမှု ဖြစ်စေခဲ့သော်လည်း ကမ္ဘာကြီးက ၎င်းကို ရယူရန် အရှိန်မြှင့် လုပ်ဆောင်နေ

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
ဇွန်လ (၂) ရက်။ ဘရာဇီးနိုင်ငံမှ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် ဒန်နီရယ်လ် ဘက်(ခ)မန် (Daniel Beckman) သည် အလုပ်အတွက် အမေရိကန်သို့ ပြောင်းရွှေ့ရန် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် Davis