နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဟားဗတ်တက္ကသိုလ်ကို တောင်းပန်ဖို့ ထရန့်အစိုးရက တောင်းဆို

ဧပြီလ (၁၆) ရက်။

တနင်္လာနေ့တွင် ကျောင်းအတွက် နှစ်ရှည်ထောက်ပံ့ငွေ ဒေါ်လာ ၂.၂ ဘီလီယံကို ရပ်တန့်လိုက်ပြီးနောက် ဟားဗတ်တက္ကသိုလ်အား တောင်းပန်ရန် ထရန့်အစိုးရက အင်္ဂါနေ့က တောင်းဆိုခဲ့ပြီး ဖက်ဒရယ်ရန်ပုံငွေဘာကြောင့် ပေးရသည်ဆိုသည့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။

အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ် (Karoline Leavitt) က ကောလိပ်ကျောင်းများတွင် ဂျူးကိုးကွယ်ယုံကြည်မှုကို တားဆီးရန် ပျက်ကွက်မှုဖြင့် အုပ်ချုပ်ရေး၏ လုပ်ဆောင်ချက်ကို ဝေဖန်ထားသည်။ ထို့ပြင် အစိုးရအုပ်ချုပ်ရေးပိုင်းက တက္ကသိုလ်တွင် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှုအစီအစဉ်များကို ဖယ်ရှားရန်၊ ကျောင်းဝင်းဆန္ဒပြပွဲများတွင် မျက်နှာဖုံးများတပ်ခြင်းကို တားမြစ်ရန်စသည်တို့ကို သေချာစေရန်လည်း တောင်းဆိုထားသည်။

ဟားဗတ်ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအဖြစ် အခွန်ကောက်ခံရန်နှင့် ၎င်း၏အခွန်ကင်းလွတ်ခွင့် အခြေအနေကို ဖယ်ရှားရန် အင်္ဂါနေ့အစောပိုင်းတွင် သမ္မတ ‌ဒေါ်နယ်ထရန့်က ခြိမ်းခြောက် တွန်းအားပေးခဲ့ပြီး လီဗစ်က ပြည်တွင်းအခွန်များဝန်ဆောင်မှုနှင့်ပတ်သက်သည့် မေးခွန်းများကို မဖြေဆိုခဲ့ပါ။ သို့ရာတွင် သူမက “ ဟားဗတ်တက္ကသိုလ်အနေနဲ့” တောင်းပန်ဖို့လိုတယ်ဟု အကျယ်တဝင့် ပြောခဲ့သည်။

လီဗစ်က “ ထရန့်အနေနဲ့ ဟားဗတ်က တောင်းပန်တာကို မြင်ချင်ပြီး ဂျူးအမေရိကန်ကျောင်းသားတွေအပေါ် သူတို့ရဲ့ ကောလိပ်ကျောင်းဝင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ ဂျူးလူမျိုးတွေ ကိုးကွယ်ယုံကြည်မှုအပေါ် ဆိုးရွားတဲ့တိုက်ခိုက်ခံရမှုတွေအတွက် ဟားဗတ်က တောင်းပန်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

လီဗစ်သည် ဂျူးလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်မှုပြုလုပ်ရန် တောင်းဆိုခဲ့သည့် တက္ကသိုလ်၏ ဥက္ကဌဟောင်း ကလာဒိုင်း ဂေး (Claudine Gay) ၏ ကွန်ဂရက်ကြားနာမှုအတွင်း မှတ်ချက်စကားများကို ထောက်ပြခဲ့ပြီး ဟားဗတ်၏ ချမှတ်ထားသော အနိုင်ကျင့်မှုနှင့် နှောင့်ယှက်မှုဆိုင်ရာ စည်းမျဉ်းများသည် “အကြောင်းအရာပေါ်မူတည်၍” ချိုးဖောက်နိုင်သည်ဟု ပြောကြားခဲ့သည်။ ဂေးသည် အဆိုပါမှတ်ချက်အတွက် တောင်းပန်ခဲ့သည်။

လီဗစ်သည် ကျောင်းဝင်းအတွင်း စခန်းချခြင်းနှင့် အတန်းများကို နှောင့်ယှက်ခြင်းတွင် ပါဝင်သည့် ကျောင်းသားများကို ဟားဗတ်တက္ကသိုလ်တွင် စည်းကမ်းလိုက်နာရန် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သည်ဟု ထောက်ပြခဲ့သည်။ “ဒီလို ယုတ်မာတဲ့အပြုအမူကို ခွင့်ပြုတဲ့အတွက် ဟားဗတ်က သူ့ရဲ့ဂျူးအမေရိကန်ကျောင်းသားတွေကို တောင်းပန်သင့်တယ်လို့ သမ္မတက ယုံကြည်ပါတယ်” ဟု လီဗစ်က ပြောကြားခဲ့သည်။

သူမသည် တက္ကသိုလ်၏ ဖက်ဒရယ်ရန်ပုံငွေ၏အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်း ထုတ်လိုက်ပြီး ထရန့် အစိုးရအနေနှင့် နိုင်ငံရေးပြဿနာတွင် အနိုင်ရခဲ့သောတိုက်ပွဲဖြစ်သည်ဟု ရှင်းရှင်းလင်းလင်းယုံကြည်နေသည်။

“ သမ္မတက မေးခွန်းကောင်းတစ်ခုတောင်းနေတယ်ထင်တယ်။ သူတို့မှာ ဒေါ်လာ ၅၀ ဘီလီယံကျော်ရှိနေတဲ့ ဟားဗတ်မှာ ဒေါ်လာ ၂ ဘီလီယံကျော် ထောက်ပံ့ကြေးရရင် အမေရိကန်အခွန်ထမ်းတွေက ဘဏ်ထဲမှာ ဒေါ်လာဘီလီယံပေါင်းများစွာရှိတဲ့ တက္ကသိုလ်ကို ဘာကြောင့် ထောက်ပံ့နေကြတာလဲ။ ပြီးတော့ ဒီလိုမျိုး ဂျူးကိုးကွယ် ယုံကြည်မှုတွေကို ကြီးကြီးမားမား ဆန့်ကျင်မှု ရှိတဲ့နေရာကို ငွေကြေးထောက်ပံ့တာမျိုး မလုပ်သင့်ပါဘူး” ဟု သူမက ပြောကြားခဲ့သည်။

ဓာတ်ပုံများ

ဟားဗတ်တက္ကသိုလ်ပါမောက္ခချုပ် အာလန်ဂါဘာ
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းလဲဗစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို