နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ ဘာကြောင့် မတ်စ်က အဲ့ဒီနေရာမှာ ရှိနေရတာလဲ” ထရန့် ဒေါသထွက်နေ

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံနဲ့ စစ်ပွဲပြင်ဆင်ရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက တက်စလာအမှုဆောင်အရာရှိချုပ် (CEO) အီလွန်မတ်အက်စ်ကို ထပ်မံရှင်းလင်းမယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရန့်ရဲ့ ညွှန်ကြားမှုနဲ့ ဖျက်သိမ်းလိုက်တယ်လို့ ထရန့်အစိုးရဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဌာနက ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အရင်က ထရမ့်အစိုးရဟာ အဲ့လိုအစီအစဉ်ရှိမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် အခုအခါ အကြီးတန်းအရာရှိတစ်ဦးက အဲ့ဒီရှင်းလင်းပွဲကို ထရန့်က ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့အကြား လက်ရှိအကောက်ခွန်စစ်ပွဲတွေ ဖြစ်ညချိန်မှာ အချို့က ထရန့်နဲ့ မတ်စ်တို့ ဝေးကွာနေပြီလို့ ထင်ကြေးပေးနေကြပါတယ်။

သတင်းတွေအရ သမ္မတထရန့်ဟာ အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေး

ဌာန (DOGE) ရဲ့ အကြီးအကဲ မတ်စ်ဟာ တရုတ်နဲ့ တိုက်ခိုက်မယ့် အမေရိကန်စစ်ရေးအစီအစဉ် “ Plan O” ဆိုတဲ့ အစီအစဉ်နှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနထံက ရှင်းလင်းချက်တစ်ခု လက်ခံရယူရန် စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ သမ္မတထရန့် ကြားသိသွားတယ်လို့ ဆိုပါတယ်။ ဒါကိုကြားတော့ ထရန့်က ဒေါသတကြီးနဲ့ “ အီလွန်က အဲ့ဒီနေရာမှာ ဘာကြောင့်ရှိနေရမှာလဲ။ သူ့ကို ပေးမလာနဲ့” လို့ပြောပြီး အဲ့ဒီ ရှင်းလင်းမယ့် အစီအစဉ်ကို ရပ်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ရှင်းလင်းမယ့်အစီအစဉ်မှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ အချက်ပြမှုများ၊ အမေရိကန် စစ်ရေးတုံ့ပြန်မှု ရွေးချယ်မှုများ၊ တိုက်ခိုက်မှု ပစ်မှတ်များနဲ့ အကောင်အထည်ဖော်မယ့်အချိန် တွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ပြင်ပကို အဲ့ဒီအချက်အလက်တွေ ပေါက်ကြားပါက အမေရိကန်စစ်တပ်ရဲ့ ဗျူဟာကို ကြီးကြီးမားမား ထိခိုက်စေနိုင်တဲ့အတွက် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးပီဟက်ဆက် (Pete Hegseth) ဟာ ပင်တဂွန်စစ်ဌာနချုပ်က အကြီးတန်းအရာရှိနှစ်ဦးဖြစ်တဲ့ အကြံပေးအရာရှိချုပ်ဒန်ကာဝယ်လ် (Dan Caldwell) နဲ့ ဒုအရာရှိချုပ် ဒါရင်ဆဲလ်နစ် (Darin Selnick) တို့ကို ထိပ်တန်းလျှို့ဝှက်အချက်အလက် ပေါက်ကြာမှုအတွက် ရာထူးမှ ဆိုင်းငံ့ထားတယ်လို့ Axios က သတင်းဖော်ပြခဲ့ပါတယ်။

အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက “ သမ္မတထရန့်က အီလွန်ကို ချစ်နေတုန်းပဲ၊ ဒါပေမယ့် သူတို့အကြားမှာ အနီရောင်မျဉ်းတော့ ရှိတယ်။” “ အီလွန်က တရုတ်နိုင်ငံမှာ စီးပွားရေးတွေ အများကြီးလုပ်ထားပြီး တရုတ်နဲ့ ဆက်ဆံရေးကောင်းတဲ့အတွက် ဒီလို စစ်ရေးအချက်တွေကို သူ့ကို ရှင်းပြတာဟာ မသင့်လျော်ပါဘူး။” လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ တရုတ်လိုလားသူလို့ အမြင်ခံရတဲ့ မတ်စ်ဟာ တရုတ်နိုင်ငံအတွက် စစ်ရေး အစီအစဉ်တွေအကြောင်း သိသွားရင် လျှို့ဝှက်အချက်အလက်တွေ ပေါက်ကြားမှုနဲ့ အကျိုးစီးပွားပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့အတွက်ပါ။

တက်စလာရဲ့ EV လျှပ်စစ်ကား တပ်ဆင်စက်ရုံဟာ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ တည်ရှိပြီး တက်စလာရဲ့ အလွန်ကြီးမားတဲ့စက်ရုံကြီးဟာ ကုမ္ပဏီရဲ့ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုရဲ့ ထက်ဝက်ကို ထုတ်လုပ်နေပါတယ်။ မတ်စ်ဟာ အလွန်ကြီးမားတဲ့စက်ရုံကြီး တည်ဆောက်ဖို့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ဘဏ်တွေကနေ အနည်းဆုံး ဒေါ်လာ ၁.၄ ဘီလီယံ ချေးငွေတွေ ရရှိထားပါတယ်။ တကယ်တော့ အီလွန်မတ်စ်ဟာ တရုတ်ကွန်မြူနစ်ပါတီအပေါ် ဖော်ရွေတဲ့ သဘောထားရှိကြောင်း ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့လက နယူးယောက်တိုင်း(မ)စ် (New York Times) က မတ်စ်ကို တရုတ်နဲ့ စစ်ဖြစ်မယ့် အစီအစဉ်အကြောင်း အကျဉ်းချုံးတင်ပြခဲ့တယ်လို့ ဖော်ပြခဲ့တဲ့အချိန်မှာ သမ္မတထရန့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က သတင်းအတုဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဲ့ဒီလို အစီအစဉ် မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ မတ်စ်ဟာ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့မှာ စီစဉ်ထားသည့်အတိုင်း ပင်တဂွန်ကို သွားရောက်ခဲ့ပြီး အတွင်းဝန်ဟက်ဆက်နဲ့ တွေ့ဆုံခဲ့ပေမဲ့ တရုတ်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ရှင်းလင်းပြသတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအချိန်မှာ ဒီရှင်းလင်းပွဲကို ဘာကြောင့် ဖျက်သိမ်းခဲ့ရတယ်ဆိုတာကို အတည်မပြုနိုင်သေးပေမဲ့ အခုအခါ ထရန့်ရဲ့ ညွှန်ကြားချက်နဲ့ ဖျက်သိမ်းလိုက်တာလို့ ဆိုပါတယ်။

အထူးသဖြင့် အမေရိကန်ဟာ တရုတ်နိုင်ငံနဲ့ စည်းကြပ်ခွန်စစ်ပွဲမှာ ပါဝင်နေချိန် အမေရိကန်အစိုးရအရာရှိတစ်ဦးဆီက ထွက်ပေါ်လာတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။ အချို့က ထရန့်အစိုးရဟာ မတ်စ်နဲ့ သူ့ရဲ့တရုတ်လိုလားတဲ့ ရပ်တည်ချက်ကြောင့် မတ်စ်ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ထင်မြင်နေကြပါတယ်။

မကြာသေးမီက မတ်စ်ဟာ အစိုးရစွမ်းရည်မြှင့်တင်ရေးဌာနရဲ့ အကြီးအကဲအဖြစ်က စောစောစီးစီး ရာထူးမှ နုတ်ထွက်နိုင်ခြေလည်း ထွက်ပေါ်လာပါတယ်။ ဧပြီလ (၂) ရက်နေ့မှာ အမေရိကန်နိုင်ငံရေးမီဒီယာ Politico က သတင်းရင်းမြစ်များစွာကို ကိုးကားပြီး “ သမ္မတ ထရန့်ဟာ သူ့ရဲ့လက်ထောက်တွေကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း မတ်စ်ဟာ DOGE က နုတ်ထွက်ပြီး တက်စလာရဲ့ စီမံခန့်ခွဲမှုဆီကို ပြန်သွားမယ်လို့ ပြောဆိုခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

မတ်စ်ရဲ့ ကြီးမားတဲ့ သြဇာလွှမ်းမိုးမှုအပေါ် ထရန့် အစိုးရအတွင်းမှာ မကျေနပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 18 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 19 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို