နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အစိုးရပိတ်သိမ်း (Government shutdown) ရမယ့် အခြေအနေကို မလုပ်ဘဲ အစိုးရအသုံးစရိတ်ကို အတည်ပြုပေးခဲ့သည့် ဒီမိုကရက်အထက်လွှတ်တော်အမတ်များ၏ လုပ်ဆောင်ချက်က မှန်ကန်ကြောင်း သက်သေပြနေပါသည်။

ရီပတ်ပလီကင်ပါတီ (GOP) ရန်ပုံငွေဥပဒေမူကြမ်းကို အတည်ပြုခွင့်ပြုခြင်းသည် ဒီမိုကရက်များအနေနှင့် ထရန့်၏အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခြင်းကို ဆက်လက် အာရုံစိုက်နိုင်စေသည်ဟု ဆိုသည်။

ဆီးနိတ်ဒီမိုကရက်တစ်အုပ်စုသည် မတ်လတွင် အစိုးရရန်ပုံငွေဥပဒေကြမ်းကိုကူညီပြီး အတည်ပြုပေးလိုက်သည့်အတွက် ပါတီတွင်း ကြီးမားသောအကွဲအပြဲ ဖြစ်စေခဲ့သည်။ အောက်ခြေဒီမိုကရက်တစ်များသည် ထရန့်အစိုးရပိတ်သိမ်းသွားရေးအတွက် စိတ်အားထက်သန်နေချိန်တွင် အထက်လွတ်တော် ဆီးနိတ်ဒီမိုကရက်အမတ်များက အစိုးရဘတ်ဂျက်ကို ရီပတ်ပလီကင်အမတ်များနှင့်အတူ အတည်ပြုပေးခဲ့သည်။

သို့သော် တစ်လကျော်အကြာတွင် သမ္မတဒေါ်နယ်ထရန့်၏ အကောက်ခွန်မူဝါဒသည် စတော့ဈေးကွက်အတွင်း သမိုင်းဝင် အပြောင်းအရွှေ့ အတက်အကျများနှင့် စီးပွားရေး မရေရာ မသေချာမှုပြဿနာများဖြစ်လာပြီး ယင်းပြဿနာများသည် ထရန့်၏ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။ ထရန့်အစိုးရကို လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်စေရန် ခွင့်ပြုမှုအတွက် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသော ဒီမိုကရက်များသည် ယခုအခါ သူတို့ဆုံးဖြတ်ချက်မှန်သည်ဟု ခံစားနေရသည်။

“ကျွန်တော် လုပ်ခဲ့တာ မှန်တယ်” ဟု မိန်းပြည်နယ်မှ အထက်လွှတ်တော်အမတ် ဆီနေတာ အန်းဂပ်ကင်း (Angus King ၊ I-Maine) က ဒီမိုကရက်များနှင့် ထိပ်တိုက်တွေ့ဆုံမှုတွင် အစိုးရကို လုပ်ငန်းများဆောင်ရွက်ခွင့်ကို ဆက်လက်ဖွင့်ပေးထားရန် ၎င်း၏မဲပေးခဲ့မှုကို NBC News သို့ ပြောကြားခဲ့သည်။

“အစိုးရကို ပိတ်လိုက်တာက ထရန့်နဲ့ အီလွန်မတ်စ်တို့ကို သူတို့လုပ်နေတာတွေကို ပိုမိုအားပေးလုပ်ဆောင်ဖို့ ဖြစ်လာနိုင်တယ်လို့ အခြားသူတွေက သုံးသပ်ခဲ့ကြပါတယ်” ဟု ကင်းကပြောကြားခဲ့သည်။ ” ကျွန်တော်တို့က သူ့ကို လက်ဆောင် ပေးလိုက်သလို ဖြစ်သွားတာပါ။ Government shutdown ဖြစ်အောင် လုပ်လိုက်လို့ ပြဿနာဖြစ်လာရင် စီးပွားရေးမကောင်းတာ မှန်သမျှ ကျွန်တော်တို့ (ဒီမိုကရက်တစ်တွေ) ကို အပြစ်ပုံချလိမ့်မယ်”

ရီပတ်ဘလစ်ကန်များနှင့်အတူ ခြောက်လကြာ ရန်ပုံငွေဥပဒေကြမ်းကို အထက်လွှတ်တော် ဒီမိုကရက် ပါတီအမတ် ၁၀ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။ အထူးသဖြင့် အီလွန်မာ့စ်၏ အစိုးရ စွမ်းဆောင်ရည်ဌာနမှ အကောင်အထည်ဖော်နေသည့် ဖြတ်တောက်မှုများတွင် အစိုးရ ပိတ်ပစ်မည့် မသေချာ မရေရာမှုများကြောင့် အများစုက ရန်ပုံငွေဥပဒေကြမ်းကို အတည်ပြုပေးခဲ့ကြသည်။

အစိုးရ ပြန်ဖွင့်သည်နှင့်တပြိုင်နက် အလုပ်ထုတ်ပယ်မှုများ ပြုလုပ်ရန် ဖက်ဒရယ်ဝန်ထမ်းများကို ပစ်မှတ်ထားခံရခြင်းဖြစ်မည်ကို ဒီမိုကရက်များက စိုးရိမ်ပူပန်ခဲ့ကြသည်။ သို့မဟုတ် ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် လိုအပ်သည့်အစီအစဉ်များကို ကွန်ဂရက်လွှတ်တော်တွင် မည်သည့်အစီအစဥ်များကို ပြန်လည်အတည်ပြု ပြဋ္ဌာန်းရန်နှင့် မည်သည့်အစီအစဥ်ကို စောင့်ဆိုင်းထားဖို့ဆိုသည့် ကိစ္စရပ်များတွင် ကွန်ဂရက်လွှတ်တော်၌ ဖရိုဖရဲဖြစ်စေမည့် နာကျင်စရာ တိုက်ပွဲကို ဖန်တီးလာမည်ကို စိုးရိမ်နေကြသည်။

“ ပိတ်သိမ်းလိုက်ရရင် ကျွန်တော်တို့ ဘာဆက်လုပ်မယ် ဒါမှမဟုတ် အဲ့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာကို စဥ်းစားပြီး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်” ဟု မစ်ရှီဂန် ဒီမိုကရက် အထက်လွှတ်တော် အမတ် ဂဲရီ ပီထရက်စ် (Gary Peters) က NBC News သို့ ၎င်းတို့သည် ရန်ပုံငွေဥပဒေကြမ်းအား မဲခွဲဆုံးဖြတ်မည်ဆိုပါက မည်သို့ မည်ပုံ ဖြစ်လာမည်ကို ပြောပြခဲ့သည်။

“အစိုးရကိုရပ်ဆိုင်းသွားအောင် မပြုရဘူးလို့ ပြင်းပြင်းထန်ထန်ခံစားရတဲ့ အဓိကအကြောင်းရင်းကတော့ ရပ်ဆိုင်းလိုက်တာနဲ့ သမ္မတကို အခြေခံအားဖြင့် အာဏာကို ပုံပြီးလွှဲအပ်လိုက်သလို ဖြစ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဒီမိုကရက်တစ်များအတွင်း နက်ရှိုင်းစွာ ကွဲပြဲကြခြင်း

+++++++++++++

အစိုးရကို ရပ်ဆိုင်းသွားရန် ဘတ်ဂျက်ကို တားဆီးရန် မဲခွဲဆုံးဖြတ်ခဲ့ကြသော ဒီမိုကရက်အများစုသည် ရန်ပုံငွေဥပဒေကြမ်းကို တားဆီးရေးသည် ၎င်းတို့၏ တစ်ခုတည်းသော အပေးအယူလုပ်ရန် ဆွဲကိုင်နိုင်သည့်လက်နက်တစ်ခုအဖြစ် မြင်ကြသည်။ ရီပတ်ပလီကင်များက အိမ်ဖြူတော်နှင့် လွှတ်တော်၂ရပ်လုံးကို စိုးမိုးထားနိုင်သည့် အခြေအနေတွင် ရန်ပုံငွေဆိုင်ရာ ဥပဒေသည် အထက်လွှတ်တော်တွင် ထောက်ခံမဲ ၆၀ လိုအပ်ဆဲဖြစ်ပြီး ဒိမိုကရက်များကို အထက်လွှတ်တော်တွင် ထိုဥပ‌ဒေကို ဆန့်ကျင်ပြီး ပိတ်ဆို့နိုင်ချေ ရှိခဲ့သည်။

“ကျွန်တော် အဝေဖန်ခံပြီး မဲပေးလိုက်ရတယ်” ဟု ပင်ဆယ်ဗေးနီးလားဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျွန်ဖက်တာမင် (John Fetterman) က NBC သတင်း သို့ ပြောကြားခဲ့သည်။ “ငါတို့မထောက်ခံဘဲ လုပ်လိုက်တာကြောင့် အစိုးရအတွင်းမှာ ပြဿနာအကြီး အကျယ်တက်ပြီး တစ်လလောက် ပိတ်ထားလိုက်ရရင် အခု ဘယ်လို ဖြစ်နေမလဲ” “ ကျွန်တော်တို့အပေါ် အကြွေးလာတင်တော့မှာပေါ့ ကျွန်တော်တို့ လုပ်လို့ဆိုပြီး ဖြစ်မှာပေါ့ ” ဟု ဂျွန်ဖက်တာမင် ကဆိုသည်။

နယူးဟမ်ရိုင်းယားမှ ဒီမိုကရက် အထက်လွှတ်တော်အမတ်ဂျင်နီရှာဟင်း( Jeanne Shaheen) က “ဒီဆုံးဖြတ်ချက်က သူ့အလိုလို သက်သေပြသွားပြီလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒါပေမယ့် မေးတဲ့သူတွေကို ရှင်းပြတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက စီးပွားရေးက ကျဆင်းပြီးတောင်ပိုင်းကို ရောက်သွားရင် သမ္မတက ဒီမိုကရက်တွေကို အပြစ်တင်မယ်၊ ဒါက ဘယ်သူ့ကိုမှ အကျိုးစီးပွားရှိစေမှာ မဟုတ်ဘူးလို့ ညွှန်ပြနေတယ်” ဟု သူမက ဆိုသည်။

သို့သော် ရန်ပုံငွေဥပဒေကြမ်းကို ပိတ်ဆို့ရန် မဲပေးခဲ့ကြသော ဒီမိုကရက်များသည် ၎င်းတို့၏ မဟာဗျူဟာသည် မှန်ကန်သည်ဟု ထင်မြင်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့က ဘတ်ဂျက်ဆုံးဖြတ်ချက် (CR) ကို ထောက်ခံသင့်တယ်လို့ မထင်ပါဘူး၊ ဥပဒေအရ အုပ်ချုပ်ရေးက လိုက်နာဖို့ ကတိကဝတ် မပေးဘူးဆိုရင် အနာဂတ်မှာ CR ကို ပံ့ပိုးပေးသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ကာလီဖိုးနီးယားမှဒီမိုကရက် အထက်လွှတ်တော်အမတ် အဒမ်ရှစ်ဖ် (Adam Schiff) က NBC News သို့ ပြောကြားခဲ့သည်။ “သူတို့ကို လွတ်လွတ်လပ်လပ် ဆက်လက်ချုပ်ကိုင်ခွင့်ပေးဖို့ ကျွန်တော် မဲပေးနိုင်မယ့်နည်းလမ်းတော့ မရှိပါဘူး” ဟု ဆိုသည်။

ရန်ပုံငွေဥပဒေမူကြမ်းကို ဆန့်ကျင်မဲပေးခဲ့သည့် ဗားမောင့် ဒီမိုကရက် အထက်လွှတ်တော်အမတ်ပီတာဝါ့ချ် (Peter Welch) က NBC News သို့ ပြောကြားရာတွင် “မှန်ကန်တယ်လို့ ကျွန်တော်ထင်ထားတဲ့မဲတွေထဲက မဲတစ်မဲအဖြစ် ပေးခဲ့ပေမဲ့ ဒီလိုပေးခဲ့တာ မှန်ကန်တယ်လို့ ကျွန်တော့်အနေနဲ့ သေချာပေါက်တော့ မပြောနိုင်ပါဘူး” ဟု ပြောပါသည်။

“ဘယ်ဖက်ကိုပဲ မဲပေးပေး ဒါကအရမ်းအန္တရာယ်များတဲ့မဲလို့ ကျွန်တော် ထင်ပါတယ်” ဟု ဝါ့ချ် (Welch) က ပြောကြားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ အခြေစိုက်စခန်းက ကျွန်တော်တို့ကို တိုက်ပွဲ တိုက်ဖို့တောင်းဆိုနေပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရ အပေးအယူလုပ်နိုင်တဲ့ သြဇာလွှမ်းမိုးမှုအချို့ ရှိနေတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်လည်း အီလွန်မတ်စ် လိုချင်သောတရားဝင်မှုကို အစိုးရကိုရပ်ဆိုင်းလိုက်ပါက နောက်ထပ် ကြီးမားသော ပျက်စီးဆုံးရှုံးမှု များစွာ ထပ်ဆောင်းရှိနိုင်သည်ဟု ရှူးမား (Schumer) က စိုးရိမ်ကြောင်း ဆိုသည်။

GOP ရန်ပုံငွေဥပဒေကြမ်းကို ပိတ်ဆို့ခြင်းအတွက် ပြတ်ပြတ်သားသား ထောက်ခံအားပေးသူ ဖြစ်သည့် မက်ဆာချူးဆက် မှ ဒီမိုကရက် အထက်လွှတ်တော်အမတ် အဲလီဇဘက်ဝါရင် (Elizabeth Warren) က ဆက်လက် ပိတ်ဆို့လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ ဒါက နောက်ကြောင်းပြန်ကြည့်နေဖို့ မဟုတ်ဘူး။ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မငြင်းချင်ကြဘူး။ အဲဒါက ကျွန်မတို့ ဘယ်လိုရှေ့ဆက်ပြီး လုပ်ရမယ်ဆိုတာကိုပဲ ကြည့်ဖို့လိုပါတယ်။ ” ဟု NBC News သို့ ဝါရင်က ပြောကြားခဲ့သည်။ ဒေါ်နယ်ထရန့်က သူ့ကိုယ်သူ ခန့်မှန်းထားတာထက် အမေရိကန်စီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးကို ပိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်လို့ သက်သေပြခဲ့ပါတယ်” ဟု သူမက ဆိုသည်။

အလယ်မှာရောက်နေတဲ့ ခေါင်းဆောင်

+++++++++++++++

GOP ရန်ပုံငွေ ဥပဒေကြမ်းတင်သွင်းမှုတွင် လွှတ်တော်၌ ပါတီ၏ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသော အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချပ်ရှူးမား (Chuck Schumer) သည် ဒီမိုကရက်တစ်ပါတီအတွင်း အကြီးအကျယ် တိုက်ခိုက်ဝေဖန်ခြင်း ခံနေသည်။

နိုင်ငံတစ်ဝှမ်းရှိ မြို့တော်ခန်းမများမှ မဲဆန္ဒရှင်များသည် ခေါင်းဆောင်မှုအသစ်ကို တောင်းဆိုခဲ့ကြပြီး ကာလီဖိုးနီးယားမှ အောက်လွှတ်တော်အမတ် ရို ကင်နာ (Ro Khanna) ကဲ့သို့သော လွှတ်တော်ကိုယ်စားလှယ်များက “ အမေရိကန်ပြည်သူတွေဟာ လူဟောင်းလူအိုကြီးတွေကို မလိုချင်ကြတော့ဘူး” ဟု ပြောဆိုခဲ့သည်။ သို့သော် ရှူးမားသည် ထရန်ကို ရေရှည်တွင် အမှားများ လုပ်နေကြောင်း မီးမောင်းထိုးပြရန် မဲပေးဖို့ လိုအပ်သည်ဟု ထောက်ပြခဲ့သည်။

ရှူးမားက NBC News နှင့် အင်တာဗျူးတစ်ခုမှာ “ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ “ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ရှေ့ကိုဆက် ချီတက်ဖို့ရှိနေကြပါတယ်၊ အကြောင်းကတော့ သူတို့ (ထရန့်အစိုးရ) ဟာ ပြဿနာတိုင်းအတွက် ဘယ်လိုမှ အရည်အချင် းမရှိဘူးဆိုတာကို ပြသနေခဲ့လို့ပါပဲ။” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

“ ရီပတ်ဘလီကန်ပါတီက ဖရိုဖရဲဖြစ်နေတယ်၊ ရှုပ်ထွေးနေတယ်။ ဒီပြီးခဲ့တဲ့အပတ်က သူတို့အတွက် အတော့်ကို ဆိုးဝါးနေခဲ့တယ်” ဟု စီးပွားရေးတွင် ထရန့်၏ အခွန်စည်းကြပ်မှုများအပေါ် သက်ရောက်မှုများကို ရှူးမားက ထုတ်ဖော်ထောက်ပြ ပြောကြားခဲ့သည်။

သို့သော် အစိုးရရန်ပုံငွေမဲပေးပြီးနောက် ရှူးမားအပေါ် လူထုဝေဖန်မှုမှာ အထက်လွှတ်တော် ဒီမိုကရက်တစ်များထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပါ။ ထိပ်တန်းမှ အပြောင်းအလဲအတွက် လိုအပ်ကြောင်း ပြစ်တင်ရှုတ်ချမှုများသည်လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း ရပ်တန့်သွားခဲ့သည်။

ရှာဟင်းက ရှူးမားအနေနှင့် ဥပဒေကြမ်းကို မြှင့်တင်ရာမှာ ထောက်ခံကြောင်း ဆုံးဖြတ်မှုသည် မှန်ကန်သည်ဟု သူမထင်ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 28 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 27 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 47 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 45 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 53 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့