နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက ရန်ပုံငွေ ဘီလီယံနဲ့ချီပြီး ဖြတ်တောက်ခဲ့ပြီးနောက် ဟားဗတ်က ဖက်ဒရယ်အစိုးရကို တရားစွဲ

တက္ကသိုလ်က ရန်ပုံငွေကို ရပ်ဆိုင်းလိုက်ခြင်းသည် “ တရားမဝင်လုပ်ရပ်ဖြစ်ပြီး အစိုးရ၏ အခွင့်အာဏာကို ကျော်လွန်၍ လုပ်ခြင်းဖြစ်သည်” ဟု ဆိုကာ ပြင်းထန်သော ရေရှည်အတွက် ထိခိုက်စေမည့် အကျိုးဆက်များကို သတိပေးထားသည်။

ဟားဗတ်တက္ကသိုလ်သည် ထောက်ပံ့ကြေးဒေါ်လာ ၂.၂ ဘီလီယံကို ရပ်တန့်ခံလိုက်ရပြီးနောက် ထိပ်တန်းတက္ကသိုလ် ၁၀ ခု နှင့်ဖွဲ့စည်းထားသည့် (Ivy League) အဖွဲ့အစည်းအပေါ် “ မကြုံစဖူးနှင့် မလျော်ကန်သော” ထိန်းချုပ်မှုအဖြစ် ဖက်ဒရယ်အစိုးရမှ တောင်းဆိုခဲ့သည့်အတွက် တက္ကသိုလ်တာဝန်ရှိသူများက တနင်္လာနေ့တွင် တရားစွဲခဲ့သည်။

“ အစိုးရ၏ လွန်ကဲစွာ လွှမ်းမိုးရန် ကြိုးစားမှု၏ အကျိုးဆက်သည် ရေရှည်ပြင်းထန်သော ထိခိုက်နစ်နာမှုကို ဖြစ်စေလိမ့်မည်” ဟု ဟားဗတ်စ်တက္ကသိုလ်ပါမောက္ခချုပ် အာလန် ဂါဘာ (Alan Garber) က တရားစွဲချက်ကို တနင်္လာနေ့တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မန်ဆာချူးဆက်ပြည်နယ် ဖက်ဒရယ်ခရိုင်တရားရုံးတွင် တင်သွင်းသည့် အဆိုပါ တရားစွဲဆိုမှုတွင် အစိုးရအား အခြေခံဥပ‌ဒေပါ ပထမပြင်ဆင်ချက်နှင့် အခြားဖက်ဒရယ်ဥပဒေများ၏ စည်းမျဉ်းများကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။ စာမျက်နှာ ၅၁ မျက်နှာပါ တိုင်ကြားချက်တွင် သမ္မတ၏ “ရန်ပုံငွေရပ်ဆိုင်းထားရန်အမိန့်” ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီကြောင်း မန်ဆာချူးဆက်ရှိ ဖက်ဒရယ်တရားသူကြီးတစ်ဦးအား ကြေညာရန်နှင့် အစိုးရအား ဖယ်ဒရယ်ရန်ပုံငွေမှ ရပ်စဲခြင်း သို့မဟုတ် ရပ်ဆိုင်းထားသည့်အစိုးရ၏အမိန့်ကို ရုတ်သိမ်းပြီး ရန်ပုံငွေကိုပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

ကျောင်းဝင်းအတွင်း ဂျူးဆန့်ကျင်ရေးဝါဒကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည်ဟု အစိုးရက ပြောကြားထားသည့် တောင်းဆိုချက်များကို ကျောင်းမှလက်မခံကြောင်း ငြင်းဆိုပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ်က ထရန့်အစိုးရက ဖက်ဒရယ်ရန်ပုံငွေကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။

အစိုးရ၏ တောင်းဆိုချက်များထဲတွင် ကျောင်းသားများ၏ အမြင်များကို စစ်ဆေးခြင်းနှင့် “ အမေရိကန်တန်ဖိုးများနှင့် အဖွဲ့အစည်းများအပေါ် ရန်လိုသော နိုင်ငံတကာကျောင်းသားများ” ကို တားမြစ်ခြင်းလည်းပါဝင်သည်။

တနင်္လာနေ့ရုံးချိန်းတွင် တက္ကသိုလ်မှ ရန်ပုံငွေရပ်ဆိုင်းမှုသည် အစိုးရ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စိုးရိမ်မှုများနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

“ အစိုးရသည် ဂျူးမုန်းတီးရေး စိုးရိမ်မှုများကြောင့် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ၊ နည်းပညာနှင့် အခြားသုတေသနများကို ရပ်ဆိုင်းပစ်လိုက်ခြင်းသည် အမေရိကန်တို့၏ အသက်များကို ကယ်တင်ရန် ရည်ရွယ်ချက်၊ အမေရိကန်တို့၏ အောင်မြင်မှုများကို ထိန်းသိမ်းရန်၊ အမေရိကန်တို့၏ လုံခြုံရေး ရရှိစေရန်နှင့် ကမ္ဘာပေါ်တွင် အမေရိကန်၏ ဆန်းသစ်တီထွင်ခြင်းတွင် ရှေ့ဆောင်ထားနိုင်မှု အနေအထားကို ထိန်းသိမ်းထားရန် အကြောင်းအရာများနှင့် ဆက်စပ်ဖော်ပြနိုင်ခြင်း မရှိပါဟု တရားဆွဲထားမှုတွင် ဖော်ပြထားသည်။

“ အစိုးရသည် ပြည်ထောင်စု သုတေသနရန်ပုံငွေမှ ဒေါ်လာဘီလီယံပေါင်းများစွာကို အကန့်အသတ်မရှိ ရပ်တန့်လိုက်ခြင်းသည် ဟားဗတ်၏ သုတေသနအစီအစဉ်များ၊ ထိုသုတေသန၏ အကျိုးခံစားခွင့်များနှင့် အမေရိကန် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုအတွက် အမျိုးသားအကျိုးစီးပွားတွင် သက်ရောက်မှုရှိမည်ကို အစိုးရမှ အသိအမှတ်ပြုထားခြင်းမရှိပါ။

တနင်္လာနေ့တွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။

ဟားဗတ်က “ အစိုးရတောင်းဆိုမှုကို လိုက်နာမှာ မဟုတ်ဘူး” ဟု ပြောကြားပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်က “ တက္ကသိုလ်ဟာ အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းကို ဆုံးရှုံးသင့်တယ်” ဟု မှတ်ချက်ပေးခဲ့ပြီး ထိုအချက်က ကျောင်းအတွက် ပြင်းထန်သည့် ဂယက်ရိုက်ခတ်မှုများ ရှိနိုင်သည့် ရွှေ့ကွက်တစ်ခုဖြစ်ပါသည်။

ဟားဗတ်က အစိုးရသည် တက္ကသိုလ်၏ အဆင့်အတန်းကို ဖျက်သိမ်းရန် တရားဝင် အခြေခံ အကြောင်းတရား မရှိကြောင်း ပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်နှင့် ဖက်ဒရယ်အစိုးရတို့ကြား ပြင်းထန်သောတိုက်ပွဲသည် ကောလိပ် ကျောင်းဝင်းများတွင် ဂျူးကိုးကွယ်မှုဝါဒကို ဆန့်ကျင်မှုအား ကိုင်တွယ်ရန် ပျက်ကွက်သည် ဆိုသည့်အချက်ကိုအလေးပေး ဖော်ပြပြီး အရေးယူရန် အစိုးရအုပ်ချုပ်ရေးအဖွဲ့မှ ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လတွင် ကိုလံဘီယာတက္ကသိုလ်သည် “ဂျူးကျောင်းသားများကို ဆက်တိုက်နှောင့်ယှက်ခံရခြင်းကိုကာကွယ်ရန် ပျက်ကွက်ခြင်း” နှင့်ပတ်သက်ပြီး ရန်ပုံငွေဒေါ်လာ သန်း ၄၀၀ ဖြတ်တောက်မည်ဟု အစိုးရက ပြောကြားပြီးနောက် ထရန့်အစိုးရ၏ တောင်းဆိုချက်များကို ကိုလံဘီယာတက္ကသိုလ်မှ သဘောတူခဲ့ရသည်။

ထရန့်အစိုးရသည် ကော်နယ်လ်တက္ကသိုလ်ကို ရန်ပုံငွေ ဒေါ်လာတစ်ဘီလျံ၊ ဘရောင်းတက္ကသိုလ်ကို ရန်ပုံငွေဒေါ်လာသန်း ၅၁၀ ရပ်ဆိုင်းထားသည်။

ထရန့်အစိုးရသည် ပရင့်စတန်တက္ကသိုလ်သို့ ထောက်ပံ့ငွေ ဒေါ်လာ ၄ သန်းကို ဖြတ်တောက်ပစ်ခဲ့ရာ ယင်းတက္ကသိုလ်တွင် လေထုနှင့် သမုဒ္ဒရာပိုင်းပုံစံများကို ဓာတ်ခွဲခန်းမှတစ်ဆင့် တီထွင်လေ့လာနေသည့် သုတေသနကို ရပ်ဆိုင်းခဲ့ရသည်။ ပရင့်စတန်တက္ကသိုလ် သုတေသန ရန်ပုံငွေဖြတ်တောက်မှုသိ” တရားမ၀င်သော” လုပ်ဆောင်မှုဟု ဆိုခဲ့ပြီး လွန်ခဲ့သည့်အပတ်က ထရန့်အစိုးရကို တရားစွဲမည့်တက္ကသိုလ်များစွာထဲမှတစ်ခု ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 23 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 16 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို