နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်ရဲ့ စီးပွားရေးမူဝါဒများကို ၃၇ ရာခိုင်နှုန်းသာ ထောက်ခံမှုသည်ဟု Fox News ၏ ထုတ်လွှင့်မှုအတွက် Fox News ကို ထရန့် ကြိမ်းမောင်း

————————

သမ္မတထရန့်ကို ထောက်ခံတဲ့ Fox News ကတောင် အခြေအနေတွေကို သမ္မတထရန့် ကောင်းကောင်းမလုပ်နိုင်ဘူးလို့ ပြောဆိုခဲ့တာကြောင့် သမ္မတထရန့်အတွက် ဆိုးရွားတဲ့နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။

Fox News က အခွန်ကောက်ခံမှုများကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး မသေချာ မရေရာမှုတွေကို လူထုရဲ့ စိုးရိမ်မှုကို မီးမောင်းထိုးပြတဲ့ စစ်တမ်းတစ်ခု ထုတ်ပြန်ပြီးနောက် ထရန့်က မီဒီယာလုပ်ငန်းရှင် ရူးပတ်မားဒေါက် (Rupert Murdoch) က ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မီဒီယာကုမ္ပဏီနှစ်ခုကို ၂၄ ရက်နေ့က အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

သူရဲ့လူမှုမီဒီယာအကောင့် Truth Social မှာ ထရန့်က ရူးပတ်မားဒေါက်၊ Fox News နဲ့ Wall Street Journal တို့ကို ပြင်းပြင်းထန်ထ န်တိုက်ခိုက်ခဲ့ပါတယ်။ “Fox News ရဲ့ ထရန့်ဆန့်ကျင်ရေး စစ်တမ်းအတုတွေကို ပိတ်ပစ်မယ်လို့ နှစ်အတော်ကြာအောင် ခင်ဗျား ပြောခဲ့ပြီးပြီ၊ ဒါပေမယ့် ခင်ဗျား ဘာမှ မလုပ်ဘူး” လို့ ရေးသားခဲ့ပါတယ်။

“ ဒီ ‘စစ်တမ်းကောက်တဲ့ကုမ္ပဏီ’ က ကျွန်တော်နဲ့ MAGA (အမေရိကကို ကြီးကျယ်ခမ်းနားစေရမယ်) နဲ့ပတ်သက်ပြီး နှစ်အတော်ကြာအောင် လိမ်ညာလှည့်စားနေခဲ့တာ” “ ပိုအရေးကြီးတာက တရုတ်လိုလားတဲ့ Wall Street Journal ကို ပြုပြင်ပြောင်းလဲဖို့ စတင်သင့်တယ်။ အဲဒါက အဆိုးဆုံးပဲ” လို့ ထရန့်က ကြိမ်းမောင်း ခဲ့ပါတယ်။

၂၃ ရက်နေ့က ထုတ်ပြန်တဲ့ Fox News ရဲ့ စစ်တမ်းကို တုံ့ပြန်လိုက်တာလို့ ရှုမြင်ရပါတယ်။ ဒီစစ်တမ်းဟာ မကြာမီ ရာထူးသက်တမ်း ရက် ၁၀၀ ပြည့်တော့မယ့် သမ္မတ ထရန့်ရဲ့ လူထုအမြင်ကို စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

Fox News အကြီးတန်းသတင်းထောက် ရစ်ချ် အက်ဒီဆင် (Rich Edson) က ၂၄ ရက်နေ့ နံနက်ခင်း အစီအစဉ်မှာ အမေရိကန်မဲဆန္ဒရှင်တွေဟာ ထရန့်ရဲ့ အကောက်ခွန်မူဝါဒတွေကို သံသယရှိကြောင်း စစ်တမ်းတွေက ဖော်ပြနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီတီဗီအစီအစဉ်မှာ တခြားတင်ဆက်သူတစ်ဦးလည်း ပါဝင်ခဲ့ပြီး ထရန့်ဟာ အခွန်အကောက်တွေဟာ (စီးပွားရေး) အားကောင်းလာမယ်လို့ ယုံကြည်နေပေမယ့် တကယ့်လက်တွေ့မှာတော့ “ စီးပွားရေးလုပ်ငန်းငယ် အများအပြားဟာ ထိပ်လန့်နေကြပြီး ကုန်သွယ်မှု သဘောတူညီချက်လည်း အကောင်အထည်မဖော်ရသေးဘူး။” လို့ ထောက်ပြခဲ့ပါတယ်။

ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေအပေါ် ထောက်ခံမှု ကျဆင်းမှုကို အဓိကပြသခဲ့တဲ့ ဒီစစ်တမ်းဟာ ဒါနဲ့တင် ရပ်တန့်မသွားခဲ့ပါဘူး။ ရိုက်တာ (Reuters) နဲ့ Ipsos တို့ရဲ့ အခုအပတ် ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရလည်း အမေရိကန်နိုင်ငံသား ၃၇ ရာခိုင်နှုန်းကသာ ထရန့်ရဲ့ စီးပွားရေးမူဝါဒတွေကို ထောက်ခံခဲ့ကြပြီး သူ့ရဲ့ ပထမနဲ့ ဒုတိယသက်တမ်းနှစ်ရပ်စလုံးမှာ အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အခုဒီသီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ Gallup စစ်တမ်းအသစ်မှာ အမေရိကန် နိုင်ငံသား ၅၃ ရာခိုင်နှုန်းက စီးပွားရေး ပိုဆိုးလာတယ်လို့ ယုံကြည်ကြပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်လာပါတယ်။

ထရန့်ဟာ သူ့ရဲ့ သမတ ဒုတိယသက်တမ်းစတင်ပြီးနောက်ပိုင်း Fox News ကို လူမှုမီဒီယာပေါ်မှာ ဒုတိယအကြိမ် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ သူ့ရဲ့ စိုးရိမ်မှုတွေကို Fox News ရဲ့ အကြီးအကဲကို တိုက်ရိုက်ဝေဖန်ပစ်တင်ခဲ့ပါတယ်။

ထရမ့်တက်လာပြီးကတည်းက Fox အကြောင်း အကြိမ် ၅၀ ကျော် တင်ခဲ့ပါတယ်။ အကြောင်းအရာ အများစုက အပြုသဘောဆောင်တဲ့ရေးသားချက်တွေနဲ့ သူ့ရဲ့အနီးကပ်တွေကို တီဗီမှာ ခေါ်သုံးဖို့ တွန်းအားပေးကြော်ငြာတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လက Fox News ရဲ့ အိမ်ဖြူတော်ရဲ့ အကြီးတန်းသတင်းထောက် ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich) ကို သူကိုယ်တိုင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခဲ့ပါတယ်။ သူမက အစီအစဉ်တင်ဆက်သူအဖြစ် ထုတ်လွှင့်နေတဲ့ စနေ၊ တနင်္ဂနွေ တီဗီအစီအစဉ်ကို ကြည့်ရှုပြီးတဲ့နောက် ထရမ့်က “ သူမက လုံးဝကို မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ Follower 10 သန်းလောက်ကို စာရေးခဲ့ပါတယ်။ “ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူမဟာ အိမ်ဖြူတော် သတင်းထောက်များအသင်းကို ထောက်ခံသူဖြစ်တယ်လို့ နောက်ပိုင်းမှာ ကျွန်တော်သိလိုက်ရလို့ပါ။” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

ဒီအတောအတွင်းမှာလည်း Wall Street Journal ကိုလည်း သူ့ရဲ့ဒုတိယသက်တမ်းအတွင်း ထရမ့်ရဲ့ ဒေါသတွေက မကြာခဏ ပစ်မှတ်ထားခဲ့ပါတယ်။ ထရမ့်ဟာ သူ့ရဲ့အကောက်ခွန်မူဝါဒတွေကို ဝေဖန်ရေးသား ဖော်ပြမှုအတွက် Wall Street Journal ရဲ့ ရှေးရိုးစွဲဝါဒီယိမ်းတဲ့ အယ်ဒီတာအဖွဲ့ကို အကြိမ်ကြိမ်ဝေဖန်ခဲ့ပါတယ်။

အရင်ကတည်းက ရူးပတ်မားဒေါက်အပေါ် ထရမ့်ရဲ့ သဘောထားဟာ အကြိမ်ကြိမ် ပြောင်းလဲနေပါတယ်။ Fox News ဟာ ထရမ့်ရဲ့ အကြိုက်ဆုံးသတင်းမီဒီယာထဲက တစ်ခု ဖြစ်နေခဲ့တာ ကြာပြီဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်မှာ ထရမ့်က သမ္မတဝင်ရောက်အရွေးခံမယ့်ကိစ္စမှာ New York Post က လှောင်ပြောင်ခဲ့တာနဲ့ပတ်သက်ပြီး ရူးပတ်မားဒေါက်ကို “ ခွေးမသား” လို့ တစ်ချိန်က ခေါ်ဆိုခဲ့ဖူးပါတယ်။ New York Post သတင်းစာဟာ ရူးပတ်မားဒေါက် ပိုင်ဆိုင်တဲ့မီဒီယာတွေထဲက တစ်ခုဖြစ်ပါတယ်။

ရူးပတ်မားဒေါက်ကလည်း ထရမ့်အပေါ် သူရဲ့အမြင်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်း မရှိပါဘူး။ Dominion ကုမ္ပဏီကို အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့ မှတ်တမ်းတွေက ဒုတိယသက်တမ်းတက်လာတဲ့ ထရမ့်ကို အထင်အမြင်သေးတာကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ မားဒေါက်က ထရမ့်ကို “ လူမိုက်” လို့ အကဲဖြတ်ထားပါတယ်။

ဒါပေမယ့် ထရမ့်နဲ့ အဆက်အသွယ် မဖြတ်ဘဲ ဆက်လက်ဆက်ဆံနေပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းတွင် ဘဲဥပုံရုံးကို မားဒေါက် သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

CNN ၏ Liam Riley နှင့် Andrew Kirell တို့၏ သုံးသပ်ချက်ဖြစ်ပါတယ်။ ဂျပန်ဘာသာမှ ပြန်ဆိုထားပါတယ်။

ရူးပတ်မားဒေါက် နဲ့ထရမ့်

ဂျက်ကီဟင်နရစ်ချ် (Jackie Heinrich)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 22 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 18 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 37 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 40 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 47 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 37 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့