နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

ဥရောပ

ဥရောပ

၂၀၂၂ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ တတိယ နေရာလုပွဲ (ခရိုအေးရှား – မော်ရိုကို)

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယနေရာလုပွဲအဖြစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ခရိုအေးရှားအသင်းနဲ့ မော်ရိုကိုအသင်းတို့ ရင်ဆိုင်ကစားကြမှာဖြစ်ပါတယ်။ ခရိုးအေးရှားနဲ့ မော်ရိုကို အသင်းတို့ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက်တွေ့ဆုံကြတာဖြစ်ပြီး အုပ်စုအဆင့်မှာတွေ့ဆုံခဲ့တုန်း ကတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ခရိုအေးရှားဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက တတိယနေရာလု ပွဲကို တက်ရောက်ခဲ့ဖူးပြီး အဲဒီတုန်းက နယ်သာလန်ကို အနိုင်ရပြီး တတိယနေရာကို ရခဲ့ပါတယ်။ မော်ရိုကိုအသင်းကတော့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးတက် ရောက်နိုင်ခဲ့ တာဖြစ်သလို တတိယနေရာကို ပထမဆုံးရရှိတဲ့ အာဖရိကအသင်းအဖြစ် ကြိုးစားရင်ဆိုင်သွားရမှာပါ။


ခရိုအေးရှား


ဆီမီးဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ခရိုအေးရှားဟာ ဝါရင့်ကစား သမားတွေနဲ့ လူငယ်သွေးသစ်တွေကို ပေါင်းစပ် ဖွဲ့စည်းထားတဲ့အသင်းဖြစ်လို့ ကစားအား ကောင်းပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်ဂျီယံ၊ ဘရာဇီး စတဲ့အသင်းကြီးတွေကို မိနစ် ၉၀ အတွင်း သရေခံကစားနိုင်ခဲ့တဲ့ခြေစွမ်းအရ သူတို့ရဲ့ ကစားအား ဘယ်လောက်ရှိတယ်ဆိုတာကို သိသာထင်ရှားစေပါတယ်။ တတိယနေရာလုပွဲအတွက် ခရိုအေးရှားအသင်းမှာ ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိလို့ မော်ရိုကိုအသင်းကို အင်ပြည့်အားပြည့် ပွဲထွက်ရင်ဆိုင်လာဦးမှာပါ။


မော်ရိုကို


မော်ရိုကိုမှာ ဒဏ်ရာပြဿနာကြောင့် အားထားရတဲ့ ခံစစ်မှူးတွေဖြစ်တဲ့ အဂတ်ဖ်နဲ့ ရိုမိန်းစိန့်တို့ မပါဝင်နိုင်တာက အဓိက အားနည်းချက်ဖြစ်နေပါတယ်။

ဆီမီးဖိုင်နယ်မှာ ပြင်သစ်အသင်းကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ဂိုးကံခေခဲ့လို့သာ မော်ရိုကိုအသင်း ဂိုးမရခဲ့တာပါ။ ခံစစ်မှူး ၂ ဦးမပါဝင်နိုင်တဲ့အနေအထားမှာ မော်ရိုကိုအသင်း ခံစစ်ပိုင်း ဘယ်လိုပြင်ဆင်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။


ပွဲသုံးသပ်ချက်


ခရိုအေးရှားနဲ့ မော်ရိုကို နှစ်သင်းစလုံးက ခံစစ်ပိုင်းအားကောင်းတဲ့အသင်းတွေဖြစ်သလို အခုကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျစ်လျစ်တဲ့ စုစည်းမှုရှိကြပါတယ်။ ဒါပေမယ့် မော်ရိုကိုအသင်းမှာ အားထားရတဲ့ ခံစစ်မှူး နှစ်ဦးစလုံးမပါဝင်နိုင်တာကတော့ တော်တော်လေး အားနည်းသွားဖွယ်ရှိပါတယ်။ ခရိုအေးရှားက အုပ်စုပွဲစဉ်မှာတုန်းက မော်ရိုကိုအသင်းဘက်ကို ဂိုးကန်ချက် ၅ ကြိမ်သာရခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ မော်ရိုကိုရဲ့ အားနည်းချက်ကြောင့် အခွင့်အရေးပိုရလာဖို့ရှိနေပါတယ်။


ခရိုအေးရှားက ဝါရင့်ကစားသမားတွေဖြစ်တဲ့ မိုဒရစ်၊ ပါရီဆစ်၊ လိုဗရန်တို့အနေနဲ့ သူတို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာကို ရယူသွားဖို့ မျှော်မှန်းထားလို မော်ရိုကိုအသင်းကလည်း အိမ်အပြန်မှာ ဂုဏ်တက်စေဖို့ မဖြစ်မနေ ရုန်းကန်လာနိုင်တာကြောင့်လည်း အုပ်စုပွဲစဉ်တုန်းကနဲ့ မတူဘဲ အပြန်အလှန်တိုက်စစ်ဖွင့်ကစားလာနိုင်ပါတယ်။


ခန့်မှန်းရလဒ် (ခရိုအေးရှား ၂ – ၁ မော်ရိုကို)

Era’sEyes/SportNews/Focus

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 39 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့်
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 92 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 119 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 214 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 194 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.39K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 884 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 170 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို