နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

ဇွန်လ (၆) ရက်။

မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။

ဇွန်လ (၄) ရက်နေ့ ရက်စွဲပါမှတ်တမ်းတွင်၊ အမေရိကန်သမ္မတ ထရန့်သည်သမ္မတဟောင်း ဘိုင်ဒင်၏လုပ်ရပ်များနှင့် အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးမှုကို စုံစမ်းစစ်ဆေးရန်အမိန့်ပေးခဲ့သည်။ အဆိုပါစာချွန်လွှာတွင် ဘိုင်ဒင်၏ “ သိမြင်နိုင်စွမ်းကျဆင်းမှု” ကိုလည်း ဖော်ပြထားသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သော မှတ်တမ်း၏ တစ်စိတ်တစ်ပိုင်းတွင် ရှေ့နေချုပ် ဘွန်ဒီနှင့် အိမ်ဖြူတော် အတိုင်ပင်ခံတို့အား “ လွတ်ငြိမ်းချမ်းသာခွင့်၊ အုပ်ချုပ်ရေးအမိန့်၊ သမ္မတ၏ စာတိုပေးပို့မှု၊ နှင့် အခြားသမ္မတ၏ မူဝါဒ ဆုံးဖြတ်ချက်များ အပါအဝင် မူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးခဲ့သည့် မူဝါဒစာတမ်းများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။

ဤဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုသည် ထရန့်သည် ဘိုင်ဒင်၏ အော်တိုပင် အသုံးပြုခြင်းကို ရက်သတ္တပတ်များအတွင်း ပုဂ္ဂိုလ်ရေးအရ မကျေမနပ် ဖြစ်နေခဲ့ပြီး စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း အကြီးတန်းအရာရှိများအား လျှို့ဝှက်အကြောင်းကြားခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

အရာရှိများကို ထရန့်၏စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်သည် ဘိုင်ဒင် အစိုးရလက်အောက်တွင် စာရွက်စာတမ်းများကိုအတည်ပြုရန် အော်တိုပင်ကိုအသုံးပြုခြင်းထက် ကျော်လွန်သည်။

“ ဘိုင်ဒင်ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေကို လှည့်ဖြားဖို့ ကြံစည်ပြီး သမ္မတရာထူး တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ ကျင့်သုံးခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ အိမ်ဖြူတော်ရှေ့နေ၊ တရားရေးဌာနနဲ့ တခြားအေဂျင်စီတွေကို အမိန့်ပေးခဲ့တယ်၊ ဟု သူတို့က ပြောပြခဲ့သည်။

ဘိုင်ဒင်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှ အများပြည်သူအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ရန် ကြိုးပမ်းမှု မှန်သမျှကို စုံစမ်းစစ်ဆေးရန် မှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းတွင် “ သမ္မတ၏ အသိဉာဏ် ချို့ယွင်းချက်ကို ဖုံးကွယ်ရန် ရိုက်ကူးပြသခဲ့သည့် ဗီဒီယိုတိပ်ခွေအား ဘိုင်ဒန်၏ လက်ထောက်များက ဖန်တီးရာတွင် သဘောတူညီခဲ့ခြင်းလည်း ပါဝင်သည်”

CNN သည် အဆိုပါမှတ်စုတိုနှင့်ပတ်သက်ပြီး ဘိုင်ဒင်ရုံးသို့ ဆက်သွယ်ခဲ့သည်။

ဘိုင်ဒင်၏ အကြံပေးများသည် ယင်းကဲ့သို့ ညှိနှိုင်းအားထုတ်မှု တစ်စုံတစ်ရာကို ငြင်းဆိုထားပြီး ၎င်း၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်များအတွင်း ၎င်း၏ ဆိုးရွားလာသော အခြေအနေများကို အများပြည်သူထံ ဖုံးကွယ်ရန် ကြိုးပမ်းမှုမျိုး မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 27 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “