နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

“ အသိဥာဏ်ကျဆင်းမှု” ကိုဖုံးကွယ်ထားပြီး သမ္မတဟောင်းဘိုင်ဒင်၏ လုပ်ဆောင်ချက်များနှင့် အော်တိုပင်များကို အသုံးပြုခြင်းအတွက် စုံစမ်းစစ်ဆေးရန် ထရန့် အမိန့်ပေး

ဇွန်လ (၆) ရက်။

မှတ်ချက်။ အော်တိုပင်သည် အလိုအလျောက်လက်မှတ်ရေးထိုးစက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးခြင်းကို ဆိုလိုသည်။

ဇွန်လ (၄) ရက်နေ့ ရက်စွဲပါမှတ်တမ်းတွင်၊ အမေရိကန်သမ္မတ ထရန့်သည်သမ္မတဟောင်း ဘိုင်ဒင်၏လုပ်ရပ်များနှင့် အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးမှုကို စုံစမ်းစစ်ဆေးရန်အမိန့်ပေးခဲ့သည်။ အဆိုပါစာချွန်လွှာတွင် ဘိုင်ဒင်၏ “ သိမြင်နိုင်စွမ်းကျဆင်းမှု” ကိုလည်း ဖော်ပြထားသည်။

အိမ်ဖြူတော်မှ ထုတ်ပြန်သော မှတ်တမ်း၏ တစ်စိတ်တစ်ပိုင်းတွင် ရှေ့နေချုပ် ဘွန်ဒီနှင့် အိမ်ဖြူတော် အတိုင်ပင်ခံတို့အား “ လွတ်ငြိမ်းချမ်းသာခွင့်၊ အုပ်ချုပ်ရေးအမိန့်၊ သမ္မတ၏ စာတိုပေးပို့မှု၊ နှင့် အခြားသမ္မတ၏ မူဝါဒ ဆုံးဖြတ်ချက်များ အပါအဝင် မူဝါဒဆိုင်ရာ စာရွက်စာတမ်းများကို အလိုအလျောက်လက်မှတ်ရေးထိုးစက်အသုံးပြု၍ လက်မှတ်ရေးထိုးခဲ့သည့် မူဝါဒစာတမ်းများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။

ဤဆွေးနွေးမှုများနှင့် ရင်းနှီးသော သတင်းရင်းမြစ်နှစ်ခုသည် ထရန့်သည် ဘိုင်ဒင်၏ အော်တိုပင် အသုံးပြုခြင်းကို ရက်သတ္တပတ်များအတွင်း ပုဂ္ဂိုလ်ရေးအရ မကျေမနပ် ဖြစ်နေခဲ့ပြီး စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း အကြီးတန်းအရာရှိများအား လျှို့ဝှက်အကြောင်းကြားခဲ့ကြောင်း CNN သို့ ပြောကြားခဲ့သည်။

အရာရှိများကို ထရန့်၏စုံစမ်းစစ်ဆေးရန် ညွှန်ကြားချက်သည် ဘိုင်ဒင် အစိုးရလက်အောက်တွင် စာရွက်စာတမ်းများကိုအတည်ပြုရန် အော်တိုပင်ကိုအသုံးပြုခြင်းထက် ကျော်လွန်သည်။

“ ဘိုင်ဒင်ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေကို လှည့်ဖြားဖို့ ကြံစည်ပြီး သမ္မတရာထူး တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့မညီဘဲ ကျင့်သုံးခဲ့တာတွေကို စုံစမ်းစစ်ဆေးဖို့ အိမ်ဖြူတော်ရှေ့နေ၊ တရားရေးဌာနနဲ့ တခြားအေဂျင်စီတွေကို အမိန့်ပေးခဲ့တယ်၊ ဟု သူတို့က ပြောပြခဲ့သည်။

ဘိုင်ဒင်၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အချက်အလက်များမှ အများပြည်သူအား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ရန် ကြိုးပမ်းမှု မှန်သမျှကို စုံစမ်းစစ်ဆေးရန် မှတ်တမ်းတွင် ဖော်ပြထားသည်။ ၎င်းတွင် “ သမ္မတ၏ အသိဉာဏ် ချို့ယွင်းချက်ကို ဖုံးကွယ်ရန် ရိုက်ကူးပြသခဲ့သည့် ဗီဒီယိုတိပ်ခွေအား ဘိုင်ဒန်၏ လက်ထောက်များက ဖန်တီးရာတွင် သဘောတူညီခဲ့ခြင်းလည်း ပါဝင်သည်”

CNN သည် အဆိုပါမှတ်စုတိုနှင့်ပတ်သက်ပြီး ဘိုင်ဒင်ရုံးသို့ ဆက်သွယ်ခဲ့သည်။

ဘိုင်ဒင်၏ အကြံပေးများသည် ယင်းကဲ့သို့ ညှိနှိုင်းအားထုတ်မှု တစ်စုံတစ်ရာကို ငြင်းဆိုထားပြီး ၎င်း၏ သမ္မတသက်တမ်း နောက်ဆုံးနှစ်များအတွင်း ၎င်း၏ ဆိုးရွားလာသော အခြေအနေများကို အများပြည်သူထံ ဖုံးကွယ်ရန် ကြိုးပမ်းမှုမျိုး မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုလှိုင်းလုံးများကြောင့် ယူကရိန်းတွင် ၁၅ ဦး သေဆုံး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 18 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းက ယူကရိန်းတစ်ဝှမ်းသို့ ရုရှားက ဒရုန်းနှင့် ဒုံးကျည်များဖြင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက် အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန်

ဇီလန်းစကီးက ထရန့်အား ‘ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးပါ’ ဟု တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ကိယက်ဗ် — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးသည် တနင်္လာနေ့တွင် ဒေါ်နယ်ထရန့်အား တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ အမေရိကန်သမ္မတအနေဖြင့် “ကျွန်ုပ်တို့ဘက်မှာ ဆက်ရပ်တည်ပေးဖို့” လိုလားကြောင်း CNN
တရုတ် နိုင်ငံတကာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဖော်ပြသည့် ဆောင်းပါးရှင် John Liu ရေးသားသည့်တရုတ်နည်းပညာတိုးတက်လာမှုဆောင်းပါး။

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 37 Views
၂၀၂၆ခုနှစ် ဧပြီလ ၁၃ရက် တရုတ်နိုင်ငံသည် နည်းပညာကဏ္ဍတွင် အမေရိကန်ကို အမီလိုက်ရန် ရည်ရွယ်နေခြင်းမဟုတ် ဦးဆောင်ရန် ရည်မှန်းထားခြင်းသာဖြစ်သည်။ ဟောင်ကောင် — အမေရိကန်၏ ပြည်ပစစ်ရေးလှုပ်ရှားမှုများနှင့် ကုန်သွယ်ရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည့် ခေတ်ကာလတွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည်