နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အီရန်

အီရန်-အစ္စရေး ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားဆီးရန် ရီပတ်ဘလီကန်အမတ်က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဇွန်လ (၁၇) ရက်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်သောမတ်စ် မက်ဆီ (Thomas Massie) က အီရန်နှင့် အစ္စရေးတို့ကြား ပြင်းထန်သော ပဋိပက္ခတွင် အမေရိကန် ပါဝင်ပတ်သက်မှုကို တားမြစ်ရန် ရီပတ်ဘလီကန် ဦးဆောင်သော အောက်လွှတ်တော်တွင် တွန်းအားပေး ဦးဆောင်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မည်သည့်နိုင်ငံခြားစစ်ပွဲများတွင်မဆို အမေရိကန်၏ဝင်ရောက်စွက်ဖက်မှုကို ပြင်းထန်စွာ ကန့်ကွက်သူ မက်ဆီ(Massie) သည် အင်္ဂါနေ့တွင် ပါတီနှစ်ဖက်လုံးမှထောက်ခံ သဘောတူသော နှစ်ဖက်စစ်အင်အားစုများကို ပြေလည်အောင်ဖြေရှင်းပေးသည့် (War Powers Resolution) ကို မိတ်ဆက်မည်ဖြစ်ကြောင်း X တွင် ရေးသားခဲ့သည်။

“ ဒါက ငါတို့စစ်ပွဲမဟုတ်ဘူး။ ဒါပေမယ့် တကယ်လို့များ ဖြစ်လာခဲ့ရင်ဒါကို ကွန်ဂရက်လွှတ်တော်က ငါတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီလိုကိစ္စတွေ ဆုံးဖြတ်ရမှာပဲ” ဟု မက်ဆီက X တွင် ရေးသားခဲ့သည်။ “ ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှုကို တားဆီးထားဖို့ မနက်ဖြန်မှာ နှစ်ဖက်စစ်အင်အားစုတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့အချက်ကို ကျွန်တော် မိတ်ဆက်ပေးပါမယ်။ ဒီဖြေရှင်းချက်ကို ပံ့ပိုးကူညီဖို့ ကွန်ဂရက်လွှတ်တော် အဖွဲ့ဝင်အားလုံးကို ဖိတ်ကြားပါတယ်။”

ဗာဂျီးနီးယားမှ ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် တင်မ်ကိန်း (Tim Kaine) သည် အစ္စရေး-အီရန် ပဋိပက္ခတွင် အမေရိကန်တပ်များ ပါဝင်ပတ်သက်မှုမှ ကင်းဝေးစေရန် ရည်ရွယ်သည့် ၎င်း၏ ကိုယ်ပိုင် စစ်အင်အားဆိုင်ရာ ဖြေရှင်းချက်ကို တနင်္လာနေ့တွင် မိတ်ဆက်ခဲ့သည်။ ကိန်း၏ တင်ပြမှုသည် အထူးလိုအပ်ချက်အဖြစ် သတ်မှတ်ခံရပြီး ကိန်းသည် အထက်လွှတ်တော်တွင် ထိုတင်ပြမှုအပေါ် မဲခွဲဆုံးဖြတ်နိုင်သည်ဟု ဆိုလိုသည်။

အောက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်များသည် မက်ဆီ၏ ဆုံးဖြတ်ချက်ကို လွှတ်တော်သို့ ယူဆောင်လာရန် မဖြစ်နိုင်ပေ။ ဒီမိုကရက်တစ်ဦးဆောင်သော အောက်လွှတ်တော်သည် ၂၀၂၀ ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ အီရန်အပေါ် စစ်ရေးအရ အရေးယူရန် သမ္မတ၏အခွင့်အာဏာကို ချုပ်ကိုင်ထားရန် ရည်မှန်းထားသည့် အလားတူ အစီအမံကို ပြုလုပ်သောအခါ မက်ဆီ အပါအဝင် ရီပတ်ဘလီကန် လက်တစ်ဆုပ်စာကသာ ထောက်ခံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် သံချပ်ကာရထားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 46 Views
ဘီဘီစီ- စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ခုနှစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဘေဂျင်းမြို့တော်တွင် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန်
တရုတ် နိုင်ငံတကာသတင်း

တရုတ်နိုင်ငံ၏ စစ်ရေးပြအခမ်းအနားနှင့် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 43 Views
• စုဝေးပွဲ ရှီကျင့်ဖျင်သည် အာရှနှင့် အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင် နှစ်ဒါဇင်ကျော်နှင့်အတူ ပေကျင်း၌ ထင်ရှားသော ထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့သည်။ စည်းဝေးပွဲသည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

“တိုင်းပြည် မပျောက်ဖို့ အနိုင်မခံ အရှုံးမပေး ယူကရိန်းတို့အရေး”

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 61 Views
“တိုင်းပြည် မပျောက်ဖို့ အနိုင်မခံ အရှုံးမပေး ယူကရိန်းတို့အရေး” ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးဖြစ်တဲ့အပြင် နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားတဲ့ ရုရှားရဲ့ အလုံးစုံ ကျူးကျော်တိုက်ခိုက်မှုကို ယူကရိန်းနိုင်ငံဟာခံနေရပါတယ်။ ဒီလိုအင်အားကြီးနိုင်ငံကို ယူကရိန်းခေါင်းဆောင် ဗလိုဒီမာဇလန်းစကီးက ရဲရဲတောက် ပြန်လည်ခုခံတိုက်ခိုက်ပြီး သူ့တိုင်းပြည် ရုရှားလက်အောက်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

တရုတ်နှင့်အိန္ဒိယတို့သည် ‘မိတ်ဖက်ဖြစ်ပြီး ပြိုင်ဖက်မဟုတ်’ ဟုဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 76 Views
++++++++ သြဂုတ်လ (၃၁) ရက်။ နှစ်ရှည်လများ ဆက်တိုက်ဖြစ်ပွားနေသော နယ်စပ်အငြင်းပွားမှု အပါအဝင် နှစ်ပေါင်းများစွာ တင်းမာမှုများ ဖြစ်ပွားပြီးနောက် ယခုအခါတွင် တရုတ်နှင့် အိန္ဒိယခေါင်းဆောင်များက ၎င်းတို့ကြားတွင် ယုံကြည်မှု ပိုမိုနက်ရှိုင်းလာနေပြီဟု ဆိုသည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယ၀န်ကြီးချုပ်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမနီသည် ခဲယမ်းမီးကျောက်များနှင့် စစ်အင်အားကို တိုးမြှင့်ပေးသော်လည်း ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်အပေါ် မရေမရာ ဖြစ်နေဆဲဖြစ်သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 83 Views
၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်။ အန်းတာလပ်စ် (Unterluss) ၊ ဂျာမနီအလယ်ပိုင်း။ ယူကရိန်းနိုင်ငံသည် ရုရှား၏ လုံးလုံးကျူးကျော်မှုကို တိုက်ထုတ်ရာတွင် ကူညီရန်အတွက် ဥရောပနိုင်ငံများသည် သုံးနှစ်တာကာလအတွင်း လက်နက်အများအပြားကို ယူကရိန်းထံ လွှဲပြောင်းပေးခဲ့သည်။ ယခုအခါ
တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 118 Views
သြဂုတ်လ (၃၀) ရက်။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဒီနေ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ နှစ်ရက်ကြာ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းသည် မော်စကိုပိုင်ဆိုင်သောမိုင်းများကိုအသုံးချပြီး ဒေါ်လာ ၆၀၀တန် ဒရုန်းများဖြင့် အဓိကရုရှားတံတားနှစ်စင်းကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 110 Views
CNN-၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃၀ရက် ရုရှားတပ်ဖွဲ့ဝင်များ ဝှက်ထားသော မိုင်းများနှင့် ခဲယမ်းမီးကျောက်များကို ပစ်ခတ်ရန် စျေးပေါသော ဒရုန်းယာဉ်နှစ်စင်းကို အသုံးပြုကာ ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်းကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ ခါကိ့ဗ်(Kharkiv) ဒေသနှင့် နယ်နိမိတ်ချင်းနီးသည့်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲတွင်ဒုတိယအကြီးဆုံး လေကြောင်းတိုက်ခိုက်မှုကို ရုရှားက စတင်တိုက်ခိုက် ခဲ့ရာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး ဥရောပသမဂ္ဂ (EU) ထိခိုက်အဆောက်အအုံများ ပျက်စီးခဲ့သည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 114 Views
CNN – ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၈ရက် ကိ့ဗ်၊ ယူကရိန်း။ ယူကရိန်းကို အလုံးစုံ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ရုရှား၏ ဒုတိယ အကြီးဆုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ကိ့ဗ်ကို နေ့ချင်းညချင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၁