နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထာဝရစစ်ပွဲများဖြစ်နေသောတိုင်းပြည်တွင် ‘ထာဝရငြိမ်းချမ်းရေး’ ကို ရရှိရန်ဆောင်ရွက်ခဲ့သည်ဟု ထရန့်ကကြေငြာခဲ့သည်။-

ဒါဟာသူ့ရဲ့ ကြီးမားသည့်ထင်ယောင်ထင်မှားဖြစ်နေမှုတခုများလား?။

CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အမေရိကန်နှင့် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အဆိုးရွားဆုံးရင်ဆိုင် အကျပ်အတည်းမှ အနိုင်ရလာပုံရသည်။

အမေရိကန်က အီရန်၏နျူကလီးယားစခန်းများကို အရှိန်မြှင့်တိုက်ခိုက်မှုအပေါ် တီဟီရန်၏ ဟန်ပြလောက်သာဒုံးများပစ်လွှတ်ခဲ့ပြီး သူတို့အနေနှင့်တိုက်ခိုက်မှုများကို အဆုံးသတ်ချင်ကြောင်း တုံ့ပြန်မှုကို တနင်္လာနေ့တွင် သမ္မတထရန့်ကသူ၏ Truth Social မှာ “ ဂုဏ်ယူပါတယ် ကမ္ဘာကြီးရေ ၊ အခုငြိမ်းချမ်းရေးအတွက် အချိန်ပါ!” လို့တင်ခဲ့ပါတယ်။

ထရန့် ၏ ရွှင်မြူးတက်ကြွနေမှုသည် ပဋိပက္ခတွင် အမေရိကန်ပါဝင်ပတ်သက်မှု ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် အနည်းဆုံး မြင်တွေ့ရသည့် လက္ခဏာရပ် တစ်ခုဖြစ်သည်။

ထို့ပြင် အင်္ဂါနေ့နှောင်းပိုင်းတွင် စတင်အသက်ဝင်မည့် အီရန်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ၎င်းက ဆက်လက်လုပ်ဆောင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေးမစတင်မီ နာရီပိုင်းအလိုတွင် အစ္စရေးနှင့် အီရန်နှစ်နိုင်ငံစလုံး၏ တိုက်ခိုက်မှုများဆက်တိုက်ဖြစ်နေခြင်းက မီးမောင်းထိုးပြနေပြီး အရှေ့အလယ်ပိုင်းရှိ အပစ်အခတ်ရပ်စဲရေးများသည် မကြာခဏဆိုသလို ပျက်စီးလွယ်ပြီး ခဏတာမျှသာ ဖြစ်သည်။

သို့သော် အမေရိကန်၏ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များက အီရန်ကို ဗုံးမိုးရွာချပြီးနောက် ၄၈ နာရီအကြာတွင်ပင် သမ္မတသည် ငြိမ်းချမ်းရေးဖော်ဆောင်သူနှင့် အဆုံးစွန်သော သဘောတူညီချက်ရရှိအောင်လုပ်သူအဖြစ် ၎င်း၏ရည်မှန်းထားသောသူ၏ ပုံရိပ်ကို အရှိန်အဟုန်မြှင့်ဝါဒဖြန့်ကြငြာခဲ့သည်။

“ အပစ်အခတ်ရပ်စဲရေးဟာ အကန့်အသတ်မရှိလို့ ကျွန်တော်ထင်ပါတယ်။ အဲဒါက ထာဝစဉ်ဆက်လက်တည်ရှိသွားမှာပဲ” ဟု ထရန့် က NBC News တွင် တနင်္လာနေ့ညတွင် ပြောကြားခဲ့ပြီး အစ္စရေးနှင့် အီရန်တို့သည် နောက်တစ်ကြိမ်တနိုင်ငံနှင့်တနိုင်ငံ ပစ်ခတ်မှုလုပ်တော့မည်မဟုတ် ကြောင်း ခန့်မှန်းပြောဆိုခဲ့သည်။

ဒါဟာ အမေရိကန်သမ္မတတွေကို နာမည်ပျက်စေတဲ့ သင်္ချိုင်းကုန်းတစ်ခုအနေနဲ့ တူတဲ့ အရှေ့အလယ်ပိုင်းမှာ ထရန့်က သူနာမည်ကောင်းရအောင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ရဲရဲတင်းတင်း ‌ကြေငြာချက်ပါ။ ထရန့် ၏စီးပွားရေး စျေးကွက်ရှာဖွေရေး ကျွမ်းကျင်မှု နဲ့ဆောင်ရွက်မှု များသည် သူ၏အောင်မြင်မှုသည် အစစ်အမှန် သို့မဟုတ် အခြားထင်ယောင် ထင်မှားဖြစ်မှုတခုမျှသာဖြစ်ကြောင်းကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို