နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း

အစ္စရေးမှ သူတို့၏လေပိုင်နက်ကိုပြန်ဖွင့်ပေးလိုက်ခြင်း

CNN – ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၄ရက်

တစ်ညတာ ကာလအတွင်း အီရန်ထံမှ ဒုံးကျည်အများအပြား ကျရောက်ပြီးနောက် အစ္စရေး သည် ၎င်း၏လေပိုင်နက်ကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း အစ္စရေးလေဆိပ် အာဏာပိုင် အဖွဲ့က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲရေး မစတင်မီ နာရီပိုင်းအလိုတွင် အစ္စရေး၏ လေပိုင်နက်ကို အီရန်က ဒုံးကျည်များစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲရေးကို ဂါဇာကမ်းမြောင်ဒေသအပါအဝင်တိုးချဲ့ရန် အစ္စရေးဓားစာခံမိသားစုများက တောင်းဆိုထားသည်။

ဂါဇာတွင် ထိန်းသိမ်းခံထားရသော ဓားစာခံများ ပြန်လွတ်လာရေးအတွက် ထောက်ခံအားပေးသည့် အဖွဲ့တစ်ဖွဲ့က အစ္စရေးနှင့် အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးတွင် စစ်ဘေးသင့်နေသော နယ်မြေအထိ တိုးချဲ့ရန် တောင်းဆိုထားသည်။

“အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်သူတွေဟာ ဂါဇာမှာ စစ်ပွဲကို အဆုံးသတ်နိုင်တယ်” ဟု ဓားစာခံများနှင့် ပျောက်ဆုံးနေသောသူများ၏ မိသားစုများဖိုရမ်မှ အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။

ဖိုရမ်မှ အပစ်အခတ်ရပ်စဲရေးသည် “ဂါဇာကမ်းမြောင်ဒေသအထိ ချဲ့ထွင်ရန် လိုအပ်သည်” ဟုဆိုကာ အစိုးရအား “ဓားစာခံအားလုံးကို အိမ်ပြန်စေပြီး စစ်ပွဲအဆုံးသတ်မည့် အရေးတကြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်” တောင်းဆိုထားသည်။

“အီရန်ကြောင့် အစ္စရေးတွင်လူအများ အိပ်မပျော်နိုင်တဲ့ ၁၂ ရက်နဲ့ ညတွေကျော်လွန် အပြီးမှာ ဓားစာခံတွေကြောင့် အိပ်မပျော်နိုင်ဘဲဆက်ရှိနေပါတယ်” ဟု ဖိုရမ်က ပြောကြားခဲ့သည်။

အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ် စစ်သွေးကြွအဖွဲ့မှ ဓားစာခံ ၅၀ ဦးကိုဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။ အယောက်နှစ်ဆယ် အသက်ရှင်နေသေးတယ်လို့ အစ္စရေးအစိုးရကထံမှသိရသည်။

“ဒီလိုပြတ်သားတဲ့စစ်ဆင်ရေးကြီးကိုအီရန်အပေါ်လုပ်ဆောင်ခဲ့သော်လည်း ဓားစာခံ များလွတ်မြောက်ရေးအတွက် ဘာဖိအားပေးခြင်းမှ မပါဝင်ခဲ့ခြင်းမှာ အကြီးအကျယ် ရှုံးဆုံးမှုဖြစ်တယ်လို့ဖိုရမ်ကဆိုပြီး ၎င်းကို “အရေးကြီးသော အခွင့်အရေးပြတင်းပေါက်တစ်ခု” ဟုပြောခဲ့သည်။

အစ္စရေး အတိုက်အခံခေါင်းဆောင် ယာရစ် လဖစ် (Yair Lapid) က အဆိုပါ ခံစားချက်များကို ပဲ့တင်ထပ်ကာ X တွင် ရေးသားခဲ့သည် – “ အခု ဂါဇာကမ်းမြောင်က ဒီမျက်နှာစာကိုလည်း ပိတ်ရမယ့် အချိန်ပါပဲ။ ဓားစာခံတွေကို အိမ်ပြန်ခေါ်ဖို့၊ စစ်ပွဲကို အဆုံးသတ်ဖို့၊ အစ္စရေးကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်” ဟု ရေးသားခဲ့သည်။

May be an image of 9 people, suitcase and crowd

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 35 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 21 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 31 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 41 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 36 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)