နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ဖလော်ရီဒါ ပြည်နယ်ရှေ့နေချုပ်က အဲဗားဂလိပ်စ် (Everglades) ရှိနေရာအား မိကျောင်းအယ်ကတ်ရက်ဇ် ‘ (Alligator Alcatraz’ )ရွှေ့ပြောင်းအကျဉ်းစခန်းအဖြစ်အသုံးပြုရန်အဆိုပြုခဲ့သည်။

ABC News ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက်

“ မင်းဒီပတ်ဝန်းကျင်မှာ ဒီလောက်အများကြီး ရင်းနှီးကုန်ကျခံစရာလုပ်ဖို့ မလိုအပ်ပါဘူး” ဟု ဂျိမ်းစ် အပ်မိုင်ရာ (James Uthmeier) က ပြောကြားခဲ့သည်။

ဖလော်ရီဒါပြည်နယ်ရှေ့နေချုပ် ဂျိမ်းစ်အပ်မိုင်ရာ သည် မိကျောင်းများအများအပြားရှိသည့် အဲဗားဂလိပ်စ် ကျွန်းကို ကာလီဖိုးနီးယားရှိဆန်ဖရန်စစ္စကိုမြို့ပင်လယ်ပြင်တွင်ရှိသော အယ်ကာတက်ဇ် (Alcatraz)ကျွန်းပေါ်တွင်တည်ရှိသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဥ်းထောင်ဟောင်း အမည်ကိုခိုင်းနှိုင်းပြီး အဲဗားဂလိပ်စ် နေရာကို “မိကျောင်း အယ်ကာတက်ဇ်” ဟုအမည်ပေးပြီး ထိုနေရာ၏ အလယ်ဗဟိုတွင် တရားမဝင် ရောက်လာ သည့် ရွှေ့ပြောင်း နေထိုင်သူများကိုယာယီ ထိန်းသိမ်းရေး စခန်းတစ်ခုအဖြစ် တည်ဆောက်ရန် သူ၏အဆိုပြုချက်ကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ ဆန့်ကျင် ဝေဖန်မှု ကိုခံနေရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့က ဂျိမ်းစ် အပ်မိုင်ရာ နှင့် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ်စ် (Ron DeSantis) တို့အား မိကျောင်း နှင့် စပါးအုံးမြွေကြီးများရှိသော ရေများဝန်းရံထားသော ကုန်းမြေ ပေါ်တွင် ထရန်အစိုးရအတွက် တရားမဝင် ဝင်ရောက်လာသူများကိုနှိမ်နင်းရာတွင် အသုံးပြုမည့် နေရာ အဖြစ်ထားရန် တည်ဆောက်မည့် အစီအစဉ်ကို ဖျက်ပစ်ရန် စာ‌ရေးသား ကန့်ကွက်ခဲ့ ကြသည်။  ပေးစာတွင် ဆောက်လုပ်မှုသည် အဲဗားဂလိပ်စ် ဂေဟစနစ်ကို သိသိသာသာ ထိခိုက် ပျက်စီး စေသည်ဟု အဖွဲ့မှ ပြောကြားခဲ့သည်။

“ဒီအဆိုပြုချက်ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် လူထုရဲ့ ပံ့ပိုးကူညီမှုရဲ့ အပေါ်မှာတည် ရှိနေပါတယ်” ဟု အဲဗားဂလိပ်စ် ၏ မိတ်ဆွေများအဖွဲ့ ၏ ဆက်သွယ်ရေး ဒါရိုက်တာ အယ်လီ ဟတ်မင် (Allie Hartmann) က ABC News သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကိုထားရန် ထိန်းသိမ်းရေးစခန်းအတွက် ဂျိမ်းစ် အပ်မိုင်ရာ ရွေးချယ်ထားသောနေရာသည်  ဆိုင်ပရက်ကြီး အမျိုးသားထိန်းသိမ်း စောင့်ရှောက်ရေး ကြိုးဝိုင်း(Big Cypress National Preserve) ဖြင့် ဝန်းရံထားပြီး အဲဗားဂလိပ်စ်  အမျိုးသားဥယျာဉ်မှ ခြောက်မိုင်အကွာတွင်ရှိကြောင်း ဟတ်မင်(Hartmann) မှ ပြောကြားခဲ့သည်။

ဟတ်မင်(Hartmann)က ထိုကန့်ကွက်ချက်စာလွှာကို လူလက်မှတ် ၁၀၀၀၀ နီးပါးက လက်မှတ်ရေးထိုးပေးခဲ့ကြောင်းနှင့် ထိုစာလွှာကိုတနင်္လာနေ့တွင်စတင်ဖြန့်ဝေခဲ့ပြီး

ဂျိမ်းစ်အပ်မိုင်ရာ နှင့် ဒီဆန်တစ်စ် (DeSantis) တို့ကိုသူတို့၏ အစီအစဥ်ကို ရပ်တန့်ရန် ပြောကြားခဲ့ကြောင်း ဟတ်မင် မှ ပြောကြားခဲ့သည်။

သောကြာနေ့က ဗီဒီယိုထုတ်ပြန်ချက်တစ်ခုတွင် ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ရှိ ၃၉ စတုရန်းမိုင်ကျယ်ဝန်းသောအကွက်တစ်ခုပေါ်တွင် ယာယီရွှေ့ပြောင်းအကျဉ်းစခန်းတစ်ခု တည်ဆောက်ရန် အစီအစဉ်ကို ကြေညာခဲ့သည်။

“ ဖလော်ရီဒါသည် ထရန့် အုပ်ချုပ်ရေးနှင့် ICE ၏ ရာဇ၀တ်မှုဆိုင်ရာ တရားမဝင် နိုင်ငံခြားသား များကို ဖမ်းဆီးရန်နှင့် ပြည်နှင်ဒဏ်ပေးရန် ကြိုးပမ်းမှုကို ထောက်ခံသောလူဝင်မှုကြီးကြပ်ရေး လုပ်ဆောင်မှုတွင် ဦး ဆောင်နေပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ ကဗီဒီယိုထဲတွင် ပြောကြား ခဲ့သည်။

ယာယီထိန်းသိမ်းရေးစခန်းများထားရှိရန် နေရာများကို ဖော်ထုတ်ရန် ဖလောရီဒါ အုပ်ချုပ်ရေးမှူး ဒီဆန်တစ်စ် က ပြည်နယ်ခေါင်းဆောင်များကို တာဝန်ပေးအပ်ပြီးနောက် ၎င်းနေရာကို အဆိုပြုခဲ့ကြောင်း ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

“ အဲဒါက အကောင်းဆုံးနေရာလို့ ထင်ပါတယ်။ ဒါကို ‘မိကျောင်းအယ်ကာတက်ဇ်’ လို့ ခေါ်တယ်” ဟု ၁၉၆၃ ခုနှစ်တွင် ပိတ်ခဲ့ပြီး နောက်ဆုံးတွင် ပြတိုက်အဖြစ် ပြောင်းလဲခဲ့သော ဆန်ဖရန်စစ္စကို ပင်လယ်အော်အလယ်ရှိ အကျဉ်းထောင်ဟောင်းကို ရည်ညွှန်း၍ ဂျိမ်းစ်အပ်မိုင်ရာ က ပြောကြားခဲ့သည်။

ဂျိမ်းစ်အပ်မိုင်ရာ က အဲဗားဂလိပ်စ် နှင့် ၎င်း၏ သားရဲကောင်များ ဝန်းရံထားသောကြောင့် ၎င်းသည် ထိန်းသိမ်းရေးစခန်းအတွက် သင့်လျော်သည်ဟု ဂျိမ်းစ်အပ်မိုင်ရာ မှ ပြောကြား ခဲ့သည်။

“ ဒါဟာ ဒီပတ်၀န်းကျင်မှာ အများကြီး ရင်းနှီးမြုပ်နှံစရာ မလိုတာကြောင့် ယာယီ ထိန်းသိမ်း ရေး အဆောက်အအုံ တည်ဆောက်ဖို့ ထိရောက်ပြီး ကုန်ကျစရိတ် သက်သာတဲ့ အခွင့်အလမ်း ကို တင်ပြထားတာဖြစ်ပါတယ်” ဟု ဂျိမ်းစ်အပ်မိုင်ရာ က ဗီဒီယိုထုတ်ပြန်ချက်တွင် ပြောကြား ခဲ့သည်။ “ လူတွေကစခန်း အပြင်ထွက်ဖို့ကြိုးစားရင် မိကျောင်းနဲ့ စပါးအုံးမြွေတွေ ကလွဲလို့ သူတို့ကို စောင့်စရာ သိပ်မလိုပါဘူး။”

ဂျိမ်းစ်အပ်မိုင်ရာ က “ ကျွန်တော်တို့ စတင်တည်ဆောက်ပြီး ရက်ပေါင်း ၃၀ မှ ၆၀အတွင်း၊ အဲဒါဟာ စတင်လည်ပတ်လုပ်ဆောင် နိုင်ပြီး ရာဇ၀တ်မှုကျူးလွန်ထားတဲ့ နိုင်ငံခြားသား တစ်ထောင်လောက်အထိ နေထိုင်နိုင်မယ်လို့ ဆိုပါသည်။

အုပ်ချုပ်ရေးမှူးသည် အဲဗားဂလိပ်စ် ရှိ ထိန်းသိမ်းရေးစခန်းကို တည်ဆောက်ရန်အတွက် ခရိုင်ပိုင်လေယာဉ်ကွင်းကို ကွပ်ကဲရန်အတွက် ပြည်နယ်၏ အရေးပေါ်အာဏာကို အသုံးပြု နေသည်။ ပြည်နယ်သည် ဂျက်ဆင်ဗီးလ် (Jacksonville) အနောက်တောင်ဘက်ရှိ ဖလော်ရီဒါ ပြည်နယ် အစောင့်တပ်လေ့ကျင့်ရေးနေရာဖြစ်သော ကန့်ဘလန်းဒင်း(Camp Blanding) တွင် ဒုတိယထိန်းသိမ်းရေးစခန်းတစ်ခု တည်ဆောက်ရန်လည်း စဉ်းစားနေသည်။

ဗုဒ္ဓဟူးနေ့တွင် ဥပဒေကြမ်းလက်မှတ်ရေးထိုးပွဲတစ်ခုအတွင်း၊ ဒီဆန်တစ်စ် က ဖက်ဒရယ်အစိုးရသည် ထိန်းသိမ်းရေးစခန်းဆောက်လုပ်ရန်အတွက် ရန်ပုံငွေအပြည့် အ၀ပေးထားကြောင်း၊ ၎င်းသည် “ ကျွန်ုပ်တို့၏ပိုမိုကျယ်ပြန့်သောအသိုက်အဝန်းအပေါ် သက်ရောက်မှုရှိမည်မဟုတ်သည့်နည်းလမ်းဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“ ကျွန်ုပ်တို့ရဲ့ အကျဉ်းထောင်တွေထဲမှာ တရားမ၀င်နေထိုင်သူတိုင်း မရှိနိုင်ပါဘူး ဘာလို့လဲဆိုတော့ တရားမ၀င်လာရောက်သူတွေထဲမှာလဲ ရာဇ၀တ်မှုတွေကို ကျူးလွန်တဲ့ သူတွေ ရှိနေတယ်” လို့ ဒီဆန်တစ်စ် က ပြောပါတယ်။

သူက “ အဲဒါကိုလုပ်ဖို့ ပြည်ထောင်စုအစိုးရဆီက အကူအညီတောင်းဆိုချက်ရရှိထားတယ်။ ဒါကြောင့် ‘မိကျောင်းကန် အယ်ကာတက်ဇ်’ တည်ဆောက်ပြီးသွားတာကို မင်းမြင်ရလိမ့်မယ်။ အဲဒါက အင်အား တိုးပွားလာလိမ့်မယ်။ အဲဒါက DHS [အမိမြေလုံခြုံရေးဌာန] ကို ကူညီပေးမှာဖြစ်ပြီး၊ အရင်းအမြစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုးတချို့ သက်သာရာရစေမယ့် ပြည်နယ်နဲ့ ဒေသန္တရ ဥပဒေစိုးမိုးရေးကိုလည်း ကူညီပေးမှာပါ” ဟုဆိုခဲ့သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာ ဒီဆန်တစ်စ် က “ ဒါဟာ လုံးဝသက်ရောက်မှုမရှိဘူး” လို့ ပြောပါတယ်။

“ ဒါက လေဆိပ်က ရှိပြီးသားလေ။ ရှင်းပါတယ်၊ လုံခြုံရေး ရှု့ထောင့်ကနေကြည့်ရင် တစ်စုံတစ်ယောက် လွတ်မြောက်ရင် မင်းနဲ့ ရင်ဆိုင်တွေ့ရမယ့် မိကျောင်းတွေ အများကြီး ရှိတယ်ဆိုတာ သိပါတယ်။ အဲဒါကို လုပ်လိုက်တာနဲ့ ဘယ်မှ မသွားရဲကြတော့ဘူး။ တတ်နိုင်သမျှ လုံခြုံတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

အဲဗားဂလိပ်စ် ပရောဂျက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမြဲတမ်းအဆောက်အဦများ သို့မဟုတ် အခြေခံအဆောက်အအုံများ တည်ဆောက်မည်မဟုတ်ကြောင်း ဒီဆန်တစ်စ် မှ ပြောကြားခဲ့သည်။

“ ဒါဟာ ယာယီပါပဲ။ ကျွန်တော်တို့ တပ်ဆင်တည်ဆောက်လိုက်နိုင်သလို ပြန်လည် ဖြုတ်ချနိုင်ပါတယ်။ ဒါက ပထမဆုံး အခိုင်အမာတည်ဆောက်မှာ မဟုတ်ပါဘူး။ ဒီအရာဟာ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ အသုံးပြုလာခဲ့ပါတယ်” ဟု ဒီဆန်တစ်စ် က ပြောကြားခဲ့သည်။

စီမံကိန်းကိုဆန့်ကျင်သောအုပ်စုအချို့သည် “ လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးကို ဆန့်ကျင်သော အချက်အတွက်သာအကြောင်းပြချက်အဖြစ် အဲဗားဂလိပ်စ် ကိုအသုံးပြုရန်ကြိုးစားမှုကိုဆန့်ကျင် နေသည်ဟုသူကယုံကြည်သည်” ဟု ဒီဆန်တစ်စ် မှပြောကြားခဲ့သည်။

“ရှင်းရှင်း ပြောရရင် အခု မင်းလက်ဝဲဝါဒ အစွန်ဆုံးမှာ ရှိနေတယ်။ သူတို့ကဥပဒေတွေ ပြဌာန်းတာကို လုံးဝ မလိုလားဘူး”

ဟတ်မင် က ဂျိမ်းစ်အပ်မိုင်ရာ သည် အဲဗားဂလိပ်စ် ၏ သူငယ်ချင်းများအဖွဲ့နှင့် မတိုင်ပင်ဘဲ အစီအစဉ်ကို ကြေညာခဲ့သည်ဟုဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် နိုင်ငံတကာသတင်း ယူကရိန်း အာရှ

စစ်ဘေးရှောင် ယူကရိန်းဒုက္ခသည်သည် ဂျပန်၌ အဆင့်မြင့် ဆူမိုနပန်းပြိုင်ပွဲတွင် အနိုင်ရရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 23 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၄ရက် ရုရှားကျူးကျော်မှုမှ ထွက်ပြေးလာခဲ့သော အသက် ၂၁ နှစ်အရွယ် ယူကရိန်း ဆူမိုနပန်း သမားတစ်ဦးသည် ဂျပန်နိုင်ငံ၌ အဆင့်မြင့်
ဂျာမဏီ နိုင်ငံတကာသတင်း ဥရောပ

ဂျာမနီသည် ဥရောပ၏ အင်အားအကြီးဆုံး စစ်တပ်ကို တည်ဆောက်လိုပြီး စစ်မှုမထမ်း မနေရ ဥပဒေသစ်သည် ထိုပန်းတိုင်ကို ပိုမိုနီးစပ်စေသည်။

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 26 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက် ဤနှစ်တွင် ဂျာမနီဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် (Friedrich Merz) က ဥရောပ၏
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ဒီအပတ် စနေ/တနင်္ဂနွေ နိုင်ငံတကာ သတင်း အချက်အလက် အကျဉ်းချုပ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 40 Views
၂၀၂၅ခုနှစ်၊နိုဝင်ဘာလ ၂၃ရက် အမေရိကန် (USA) အမေရိကန်-ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်။ သမ္မတ ဒေါ်နယ်လ် ထရမ့် (Donald Trump) က ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်ရေးအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် တစ်ရပ်ကို တင်သွင်းခဲ့ပြီး
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 50 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်၏ ယူကရိန်းအတွက် အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေး အဆိုပြုချက်တွင် မြေယာစွန့်လွှတ်မှုနှင့် စစ်ရေးလျှော့ချရေးတို့ လိုအပ်မည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 46 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၂၁ရက် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အစိုးရအဖွဲ့သစ်ဖြစ်လာမည့် ထရမ့်၏ စီမံချက်အရ ကိ့ဗ် (Kyiv) အနေဖြင့် ရုရှားကို နယ်မြေများ စွန့်လွှတ်ပေးရမည်၊ ကရင်မလင် မှ အင်အားသုံး သိမ်းပိုက်ထားသော ခရိုင်မီးယား နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း-ရုရှား စစ်ပွဲ လက်ရှိ အခြေအနေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 48 Views
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် အခုလက်ရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်ပွဲက ဆက်လက် ပြင်းထန်နေဆဲပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတိုက်ပွဲနေရာတွေမှာ အဓိက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပြီး၊
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိုင်း၏ ဖိုင်များကို ထုတ်ပြန်ရန် တရားရေးဝန်ကြီးဌာန(DOJ) အား ဖိအား ပေးသည့် ဥပဒေကြမ်းကို ထရမ့် လက်မှတ်ရေးထိုးလိုက်ခြင်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 47 Views
CNN-၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက် သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ၎င်း၏ တရားရေးဝန်ကြီးဌာန (DOJ) အား ဂျက်ဖရီ အက်ပ်စတိုင်းနှင့် သက်ဆိုင်သော မှတ်တမ်းဖိုင်များ အားလုံးကို လူသိရှင်ကြား ထုတ်ပြန်ရန် ညွှန်ကြားသည့် ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့တွင်
ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 53 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ မေးမြန်းလာကို လွှတ်တော်တွင်း ဖြေကြားရာ၌ တရုတ်က တိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက်မှု