နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆာလောင်မွတ်သိပ်နေတဲ့ ပါလက်စတိုင်းတွေကို သူရဲ့လုပ်ဖော်ကိုင်ဖက်တွေက သေနတ်နဲ့ပစ် တာကို တွေ့ခဲ့ရတယ်လို့ ဂါဇာအကူအညီပေးရေး ကန်ထရိုက်တာ ပြော

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။

ဂါဇာကမ်းမြောင်ဒေသ၏ မေးခွန်းထုတ်စရာဖြစ်နေသော အစ္စရေးနှင့် အမေရိကန် ကျောထောက်နောက်ခံ ပေးထားသော အစားအစာထောက်ပံ့ဖြန့်ဖြူးရေးနေရာသစ်တွင် တာဝန်ယူလုပ်ကိုင်နေသော လုံခြုံရေး ကန်ထရိုက်တာဟောင်းတစ်ဦးသည် ခြိမ်းခြောက်မှုမရှိဘဲ ဆာလောင်နေသော ပါလက်စတိုင်းများကို စက်သေနတ်များနှင့် ကြိမ်ဖန်များစွာ ပစ်ခတ်သည်ကို တွေ့မြင်ခဲ့ရကြောင်း BBC သို့ ပြောကြားခဲ့သည်။

တစ်ခါက အမျိုးသမီး၊ ကလေးများနှင့် သက်ကြီးရွယ်အိုအုပ်စုတစ်စုသည် နေရာနှင့်ဝေးရာသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားနေကြစဉ် ကင်းမျှော်စင်မှ အစောင့်တစ်ဦးက စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဂါဇာလူသားချင်းစာနာထောက်ထားမှုဖောင်ဒေးရှင်း (GHF) ကို မေးမြန်းသည့်အခါ စွပ်စွဲချက်များသည် လုံးဝမှားယွင်းကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

GHF ဖြန့်ဖြူးရေးနေရာများတွင် အရပ်သားများကို ပစ်ခတ်မှု တစ်ကြိမ်မျှ မရှိဖူးကြောင်း ကြေညာချက်ကို ကိုးကား၍ ၎င်းတို့က ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။

GHF သည် ဂါဇာကမ်းမြောင်ဒေသတွင် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများကို မေလကုန်တွင် စတင်ခဲ့ပြီး ဂါဇာတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ နေရာအများအပြားမှ အကန့်အသတ်ရှိသော အကူအညီများကို ဖြန့်ဝေခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ၁၁ ပတ်ကြာ ပိတ်ဆို့ထားမှုအပြီးတွင် ယင်းနယ်မြေအတွင်း စားနပ်ရိက္ခာများဝင်ရောက်မှု မရှိတော့ပေ။

အဆိုပါစနစ်သည် လူအမြောက်အမြားကို စစ်ပူနေသော တိုက်ခိုက်ရေးဇုန်များမှတစ်ဆင့် အကူအညီပေးရေးနေရာ ဆိုက်အချို့သို့ သွားလာခိုင်းသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံခဲ့ရသည်။ GHF စတင်ဖွဲ့စည်းချိန်မှစ၍ အစ္စရေးတပ်ဖွဲ့များသည် ၎င်း၏နေရာများမှ စားနပ်ရိက္ခာအကူအညီများရယူရန် ကြိုးပမ်းနေသည့် ပါလက်စတိုင်း ၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ကုလသမဂ္ဂနှင့် ဒေသခံဆရာဝန်များက ပြောကြားခဲ့သည်။ ဖြန့်ဝေမှု စနစ်သစ်သည် ဟားမတ်စ်ထံသို့ အကူအညီများ ရပ်တန့်သွားသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

GHF ဆိုက်တစ်ခုတွင် အစောင့်များက ပါလက်စတိုင်းအုပ်စုကို ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ၎င်း၏ ရှင်းလင်းချက်အား ကန်ထရိုက်တာဟောင်းက ဆက်လက်ပြောပြသည်။ “အဲဒီတုန်းက ထွက်ပေါက်ကို အပေါ်စီးက ခုံပေါ်တက်ရပ်ပြီး ကန်ထရိုက်တာတယောက်က လူစုထဲကို သေနတ် ၁၅ ချက်ကနေ ၂၀ ချက်ထိဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။

“ပါလက်စတိုင်း အမျိုးသားတစ်ယောက် မြေပြင်ပေါ် ပြုတ်ကျသွားပြီး မလှုပ်မယှက် ရှိနေတယ်။ ပြီးတော့ အဲဒီမှာ ရပ်နေတဲ့ တခြား ကန်ထရိုက်တာက ‘အင်း၊ မင်းတစ်ယောက်ပဲ ရတယ်ထင်တယ်’ ဟု ပြောဆိုပြီး ရယ်နေကြခဲ့သည်ဟု ဆိုသည်။

GHF မန်နေဂျာများသည် ပါလက်စတိုင်းအမျိုးသားသည် “ချော်လဲသွားနိုင်သည်” သို့မဟုတ် “မောပန်းပြီး သတိမေ့မြောသွားနိုင်သည်” ဟု အကြံပြုထားပြီး သူ၏အစီရင်ခံစာကို တိုက်ဆိုင်မှုတစ်ခုအဖြစ် ငြင်းဆန်ခဲ့ကြောင်း အမည်မဖော်လိုသည့် ကန်ထရိုက်တာက ပြောကြားခဲ့သည်။

GHF က အဆိုပါစွပ်စွဲချက်များအား ပြောကြားခဲ့သူမှာ အကျင့်ပျက်ခြစားမှုဖြင့် ရပ်စဲခံထား ရသည့် “ စိတ်ပျက်စရာ ကန်ထရိုက်တာဟောင်း” ဖြစ်သည်ဟုဆိုပြီး ထိုသူက ငြင်းဆို ထားသည်။ ရာထူးမှထွက်ပြီး နှစ်ပတ်အကြာအထိ သူသည် လခဆက်လက် ပေးနေမှုကို ရရှိခဲ့သည့် လစာစာရွက်များကို ပြသခဲ့သည်။

GHF ဖြန့်ဖြူးရေးဆိုဒ် လေးခုစလုံးတွင် အလုပ်လုပ်ခဲ့ဖူးသည်ဟု ကျွန်ုပ်တို့နှင့် စကားပြော ဆိုသူက ထိုနေရာများတွင် စည်းမျဉ်းအနည်းငယ် သို့မဟုတ် ထိန်းချုပ်မှု အနည်းငယ်သာ ရှိသည့် အပြစ်ပေးခံရခြင်းဆိုင်ရာမရှိသလောက် နည်းပါးနေသည့် ယဉ်ကျေးမှုကို ဖော်ပြ ခဲ့သည်။

ကန်ထရိုက်တာများအား စေ့စပ်ညှိနှိုင်းမှု သို့မဟုတ် စံပြုလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ရှင်းလင်းပြတ်သားသော စည်းမျဉ်းများကို ပေးထားခြင်းမရှိကြောင်းနှင့် အဖွဲ့ခေါင်းဆောင် တစ်ဦးမှ “ မင်း (ပါလက်စတိုင်းတွေရဲ့) ခြိမ်းခြောက်မှုခံရတယ်လို့ ခံစားရရင် ပစ်လိုက်ပါ၊ သေအောင်ပစ်သတ်လိုက်ပါ ပြီးမှ မေးခွန်းတွေမေးပါ” ဟု ပြောကြားခဲ့ကြောင်း သူက ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ယဉ်ကျေးမှုသည် “ ကျွန်ုပ်တို့သည် ဂါဇာကမ်းမြောင်သို့သွားရမည်ဖြစ်သောကြောင့် ဘာစည်းကမ်းဥပဒေမှမရှိဘူး၊ မင်းတို့လုပ်ချင်ရာလုပ်ပါ” ဆိုသည့်သဘောထားဟု ပြောသည်။

“ပါလက်စတိုင်းတစ်ယောက်ဟာ ရန်လိုတဲ့ ရည်ရွယ်ချက်နဲ့ မပြဘဲ ဆိုက်ရဲ့ နေရာကနေ ထွက်သွားတာကို ငါတို့က ဘာပဲဖြစ်ဖြစ် သူတို့ကို သတိပေးတဲ့အနေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ် ဆိုရင်တော့ ကျွန်တော်တို့ မှားတယ်၊ ကျွန်တော်တို့ဟာ ပေါ့ဆစွာ ရာဇ၀တ်မှု ကျူးလွန်နေတာ” ဟု သူက ပြောခဲ့ပါသည်။

ဆိုက်တစ်ခုစီတွင် ဧရိယာအတွင်း လှုပ်ရှားမှုကို စောင့်ကြည့်နေသည့် CCTV ပါရှိကြောင်း၊ GHF တွင် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပစ်သတ်ခံရခြင်း မရှိကြောင်း ပြောကြားချက်မှာ လုံးဝမျက်နှာပြောင်တိုက် လိမ်ညာနေခြင်းသာဖြစ်ကြောင်း ၎င်းက ကျွန်ုပ်တို့အား ပြောကြားခဲ့သည်။

ဘီဘီစီကို မျှဝေသည့် ဗီဒီယိုဖိုင်တွင် သေနတ်သံကြားရသည့်ပစ်ခတ်မှုသည် အစ္စရေးတပ်ဖွဲ့ထံမှ လာသည်ဟု GHF က ပြောသည်။

အသင်းခေါင်းဆောင်များက ဂါဇာပြည်သားများကို “ ဖုတ်ကောင်အလုံးအရင်းများ” ဟု ရည်ညွှန်းခေါ်ဆိုပြီး ကန်ထရိုက်တာဟောင်းဖြစ်သူက “ ဒီလူတွေဟာ လုံးဝတန်ဖိုး မရှိသူတွေလို့ အယုံသွင်း ပြောဆိုခဲ့တယ်” ဟု ဆိုပါသည်။

ဥပမာအားဖြင့် GHF နေရာများတွင် ပါလက်စတိုင်းလူမျိုးများသည် အခြားနည်းလမ်းများဖြင့် အန္တရာယ်ပြုလာပါကသူတို့ကို ဓါတ်လိုက်စေသည့်သေနတ်ဗုံးများမှ အပိုင်းအစများထိမှန်ခံရမည် ငရုပ်ရည်များဖြင့်ပက်ဖြန်း ခြင်း သို့မဟုတ် လူအုပ်ကို သင်တုန်းဓားများ တပ်ထားသည့် သံဆူးကြိုးဝါယာခွေများဆီသို့ တွန်းပို့ခံရခြင်းကို လုပ်ဆောင်ရမည်ဟု အသင်းခေါင်းဆောင်က ဆိုသည်။

ကန်ထရိုက်တာဟောင်းက သူ့အနေနှင့်ပါလက်စတိုင်း ပြည်သားများကို ထိခိုက်စေမှုကို အချို့သောနေရာများတွင် မျက်မြင်တွေ့ခဲ့ရပြီး မျက်နှာတွင် ငရုတ်ကောင်းမှုန့် ဗူး အပြည့်ဖြင့် ပက်ဖြန်းခံရသော အမျိုးသားတစ်ဦးနှင့် လျှပ်စစ်ဗုံး၏သတ္ထုအပိုင်းအစမှန်မှုခံရသော အမျိုးသမီးတစ်ဦးအပါအဝင် ပါလက်စတိုင်းလူမျိုးများ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပုံရသော အကြိမ်ပေါင်းများစွာကို မျက်မြင်တွေ့ခဲ့ရကြောင်း ၎င်းကပြောသည်။

“ဒီသတ္တုအပိုင်းအစက သူမကို ဦးခေါင်းကို တိုက်ရိုက်ထိမှန်ပြီး မလှုပ်မရှား မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်” ဟု ၎င်းက ဆိုသည်။ “ သူမသေသွားပြီလားမသိပါဘူး။ သူမ သတိလစ်နေပြီး လုံးဝကို အားလျော့နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။”

ယခုသီတင်းပတ်အစောပိုင်းတွင် ပရဟိတလုပ်ငန်းနှင့် အခြားသော NGO ပေါင်း ၁၇၀ ကျော်က GHF ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့သည်။ Oxfam နှင့် Save the Children အပါအဝင် အဖွဲ့အစည်းများက အစ္စရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များက အကူအညီတောင်းခံ နေသည့် ပါလက်စတိုင်းများကို မကြာခဏ ပစ်ခတ်နေသည်ဟု ဆိုသည်။

အစ္စရေးသည် ၎င်း၏စစ်သားများက အကူအညီလက်ခံသူများအား တမင်ပစ်သတ်ခြင်းအား ငြင်းဆိုထားပြီး GHF ၏စနစ်သည် ဟားမတ်စ် ဝင်ရောက်စွက်ဖက်မှုကို ကျော်ဖြတ်ကာ လိုအပ်သူများကို တိုက်ရိုက်အကူအညီပေးသည်ဟု ပြောကြားခဲ့သည်။

GHF သည် ငါးပတ်အတွင်း အစားအစာထုတ် ပေါင်း ၅၂ သန်းကျော်ကို ပေးအပ်ခဲ့ပြီး အခြားအဖွဲ့အစည်းများက ၎င်းတို့၏အကူအညီများ လုယက်ခံရသောကြောင့် အကူအညီမဲ့စွာ ရပ်တည်နေကြောင်း GHF က ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဟားမတ်စ်တို့၏ အောက်တိုဘာ ၇ ရက် ၂၀၂၃ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာတွင် လူပေါင်း ၁၂၀၀ ခန့် သေဆုံးပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ထိုအချိန်မှစ၍ ဂါဇာတွင် အနည်းဆုံး လူပေါင်း ၅၇,၁၃၀ သေဆုံးခဲ့ကြောင်း ဟားမတ်စ်အဖွဲ့မှ ကြီးမှူးသော ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်း။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 14 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 19 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို