နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းတွင် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်များကို ဆက်လုပ်ဆောင်နိုင်ရန် ထရန့် ၏ ရက် ၅၀ ကြာသတ်မှတ်ပေးထားမှုကို ရုရှားက မီးစိမ်းပြထားသည်ဟု မြင်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ရက်

မော်စကို၊ ရုရှား CNN —သမ္မတ ထရန့် သည် ဗလာဒီမာပူတင်အား နောက်ဆက်တွဲ အကျိုးဆက်များကို မရင်ဆိုင် ရနိုင်ရန်အတွက် ယူကရိန်းတွင် ၎င်း၏ ရက်စက် ကြမ်းကြုတ် သော နွေရာသီ ထိုးစစ်ကို ရက်ပေါင်း ၅၀ အတွင်းအပြီးသတ်ရန် ထူးထူးခြားခြား မီးစိမ်းပြ လိုက်သည်။

စက်တင်ဘာလအစောပိုင်းတွင် စစ်ပွဲကိုအဆုံးသတ်ရန် သဘောတူညီချက်မရရှိပါက ရုရှားအပေါ် ၁၀၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မှုနှင့် ရုရှားကုန်သွယ်ဖက်များအပေါ် ဆင့်ပွားပိတ်ဆို့အရေးယူမှုများကို စတင်မည်ဖြစ်သည်။

၎င်းတို့၏မြို့နှင့်အခြားမြို့များကို ဒုံးကျည်အမြောက်အများဖြင့် ပစ်မှတ်ထား၍ ရုရှား၏တိုက်ခိုက်မှုကို ပြင်းထန်စွာ ကြံကြံခံနေကြသည့် ယခု အိပ်မပျော်သော ယူကရိန်းနိုင်ငံသား သန်းပေါင်းများစွာအတွက် ၎င်းတိုက်ခိုက်မှုများသည် ထာဝရ ကာလတစ်ခုလို ဖြစ်နေခဲ့သည်။

ကရင်မလင်သည် ထရန့်၏ ပိတ်ဆို့အရေးယူမည်ဟု ချိန်းခြောက်မှုနှင့် ယူကရိန်းကို လက်နက်ထောက်ပံ့မည်ဟုဆုံးဖြတ်ထားခြင်းကိုအလွန်အမင်းစိုးရိမ်ကြောင်းလူသိရှင်ကြားပြောကြားခဲ့သည်။ သူတို့အနေနှင့်အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်၏ ဖြစ်နိုင်ချေများကိုကျေညက်အောင်လေ့လာနေကြောင်းထပ်လောင်းပြောကြားခဲ့သည်။

“ဝါရှင်တန်မှာ ပြောခဲ့တာတွေကို ခွဲခြမ်းစိတ်ဖြာဖို့ ကျွန်တော်တို့ သေချာပေါက် အချိန် လိုပါတယ်” ဟု ကရင်မလင်က ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အင်္ဂါနေ့က သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် ပြောကြားခဲ့သည်။

သို့သော် မော်စကိုတွင်ရှိ အရာရှိများသည် တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့်သက်သာရာ ရသဖြင့် သက်ပြင်းချကာ အသက်ရှုခဲ့ကြသည် ။ သို့သော် ထိုအခြေအနေကုန်ဆုံးပြီးနောက်တွင် သူတို့အတွက် ပိုဆိုး သွားနိုင်သည်။

အကယ်၍ သမ္မတ ထရန့် က အလိုရှိလျှင် စီးပွားရေးပိတ်ဆို့မှုများသည် ချက်ချင်း လုပ်ဆောင် နိုင်သည် သို့မဟုတ် ပိုမိုမြင့်မားစွာတင်လိုပါက – အမေရိကန် အထက်လွှတ်တော် တွင် နှစ်ဘက် သဘောတူထားသော ဥပဒေကြမ်းတစ်ခုတွင် အဆိုပြုထားသည့် ၅၀၀ ရာခိုင်နှုန်း အကောက်ခွန်နှုန်းထား ကဲ့သို့သော ပိတ်ဆို့အရေးယူမှုများ ချက်ချင်းဖြစ်လာနိုင်သည်။

ပိတ်ဆို့အရေးယူမှုအသစ် ခြိမ်းခြောက်မှုသည် ယူကရိန်းအပေါ်ထားရှိသည့် ကရင်မလင်၏ လမ်းစဉ်ကို ပြောင်းလဲစေရန်မှာ မသေချာပေ။

ဖြစ်နိုင်ချေဝေးသည်။

ရုရှားသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ခံထားရသော နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး၊ အမေရိကန်၏ ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှု စွပ်စွဲချက်များ အပြင် ခရိုင်းမီးယားမှ ဆီးရီးယားအထိ ဗြိတိန်နှင့် အခြားအခြားသော ဆိုးရွားသော လုပ်ရပ်များအတွက် ဒဏ်ခတ်အရေးယူမှုများလည်း ရှိနေသည်။

ကရင်မလင်သည် ၎င်း၏ အမူအကျင့်ကို ပြောင်းလဲရန် ငြင်းဆန်နေချိန်တွင် ၎င်း၏ ကြေပျက်သွားနိုင်သော စီးပွားရေးကို ဆက်လက်ထိန်းသိမ်းထားရန် ရှုပ်ထွေးသော လိုက်လျောညီထွေရှိသော ဖြေရှင်းနည်းများကို ချမှတ်ထားပြီးဖြစ်သည်။

ထရမ့်က ၎င်း၏ခြိမ်းခြောက်မှုများကို လုပ်ဆောင်လာပါက ရုရှားနိုင်ငံအနေဖြင့် နောက်ထပ်ပိတ်ဆို့မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ’လက်ဗ်ရော့ဗ် (Sergey Lavrov) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ ကျွန်တော်တို့မှာ မကြုံစဖူး ပိတ်ဆို့အရေးယူမှုတွေ အများအပြားရှိထားပြီးသားပါ။ ကျွန်တော်တို့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုတာ သံသယမရှိပါဘူး” ဟု လက်ဗ်ရော့ဗ် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင်၊ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များမစတင်မီ ရက် ၅၀ ကြာမြင့်သည့် အချိန်ပေးထားမှုသည် ယူကရိန်းတွင် ၎င်းတို့မှစစ်ရေးအရတွန်းအားပေး ချေဖျက်တိုက်ခိုက် ရန် အချိန်များစွာ ပေးထားသည် သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် မတတ်နိုင်ပါက စိတ်သဘော ထား အပြောင်းအလဲမြန်သော ထရန့်လိုလူစားမျိုးသည် နောက်တမျိုး ပြောင်းလဲ နိုင်ကြောင်း ကရင်မလင် အတွင်းလူများက သံသယရှိနေကြသည်။

“ရက်ပေါင်း ၅၀ အတွင်း၊ စစ်မြေပြင်မှာရော အမေရိကန်နဲ့ နေတိုးက အာဏာရသူတွေရဲ့ ခံစားချက်တွေရော ဘယ်လောက်အထိ ပြောင်းလဲသွားနိုင်သလဲ” ဟု ထင်ရှားသော ရုရှား အထက်လွှတ်တော်အမတ် ကွန်စတန်တင် ကိုဆာချက်ဗ် (Konstantin Kosachev) က ဆိုရှယ်မီဒီယာပေါ်တွင် ပြောကြားခဲ့သည်။

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး” ဟု ရုရှားက ယူကရိန်းကို ရေရှည်ချဉ်းကပ်မှုအဖြစ်မြင်ထားကြောင်းကို အလေးပေးပြောကြားခဲ့ပြီး အနောက်တိုင်းအစိုးရများ၊ အထူးသဖြင့် ထရန့်အစိုးရသည် ပြောင်းလဲလွယ်သည်ဟု ရှုမြင်ကြောင်း ၎င်းကဆိုခဲ့သည်။

သို့သော်လည်း ရုရှားသည် ယူကရိန်းသို့ ပို့ဆောင်လာမည့် ကာကွယ်ရေး ပက်ထရော့(Patriot) ဒုံးခွင်းဒုံးစနစ်များဖြစ်သည့် အမေရိကန်လက်နက်များ ရောက်လာမည့် အလားအလာအတွက် အမှန်တကယ် စိုးရိမ်ထိတ်လန့်လျက်ရှိသည်။

မော်စကိုသည် ကိယက်ဗ်နှင့် အခြားသော ယူကရိန်းမြို့များနှင့် မြို့ကြီးများ၏ နေ့စဉ်နီးပါး ဝေဟင်မှ ဒရုန်းများဒုံးများဖြင့်တိုက်ခိုက်လျက်ရှိပြီးထိုလုပ်ဆောင်နေမှုကို ၎င်း၏ လက်ရှိ စစ်ရေးတွန်းအားပေးမှု၏ မရှိမဖြစ်လုပ်ဆောင်နေခဲ့ပြီး ယူကရိန်း ရှေ့တန်းတွင်လည်း ၎င်းတို၏ ထိုးစစ်ဆင်မှုများကိုမြင်တွေ့ရသည်။

ရုရှား၏တွေးထင်ထားမှုမှာတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ယူကရိန်းအနေနှင့်လက်ပန်းကျ ဆုတ်ယုတ်သွားမည် ၊ ဥရောပမှာ နိုင်ငံရေး ဆန္ဒတွေ ဆုတ်ယုတ်လာမယ်၊ တိုင်းပြည်လည်း နောက်ဆုံးမှာ ချုပ်ငြိမ်း(သိမ်းပိုက်)သွားမယ်ဟုတွေးဆထားသည်။

သို့သော် လေကြောင်းတိုက်ခိုက်မှုကို ထီးသဖွယ်အကာအကွယ်ပေးသည့် အမေရိကန်လုပ် ပက်ထရော့(Patriot )ဒုံးကျည်ကာကွယ်ရေးစနစ်များ ပိုမိုပေးအပ်ရန် သဘောတူညီချက်က ယင်းရလဒ်ကို နည်းပါးစေသည်။

စိတ်မကြေမချမ်းဖြစ်နေသော ရုရှားနိုင်ငံရေးသမားများက သမ္မတ ထရန့်သည် ငြိမ်းချမ်းရေး စကားပြောဆိုနေသော်လည်း နောက်ကွယ်တွင် စစ်ပွဲကို ရှည်ကြာစေရန်လုပ်နေသည်ဟု စွပ်စွဲကာ ပြင်းထန်စွာ ကြိမ်းမောင်းပြစ်တင်နေကြသည်။

“ ယူကရိန်း၊ ဒီလူ မင်းကို လှည့်စားနေတယ်!” ပွင့်လင်းစွာဖြင့် ကွန်မြူနစ်ပါတီဥပဒေပြုအမတ် လီယိုနစ် ကာလက်ရှ်နီကော့ဗ် (Leonid Kalashnikov) မှကြေငြာခဲ့သည်။

“ သူက ဒီစစ်ပွဲကို ဆက်သွားစေချင်တယ်၊ ဒါပေမယ့် သူ့လက်နဲ့ တော့မဟုတ်ဘူး” ဟု ကာလက်ရှ်နီကော့ဗ် က ထပ်ပြောသည်။

ကရင်မလင် က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသည့် အစိုးရ ရုပ်မြင်သံကြားတွင်၊ ယူကရိန်းအား လက်နက်များ ပေးအပ်ခြင်းအပေါ် ဝါရှင်တန်၏ ဂငယ်ကွေ့ ဆောင်ရွက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သမ္မတ ထရန့် ကို ယခင်သမတများနှင့် နှိုင်းယှဥ်ကာ ကျယ်ပြန့် စွာ ရှုံချခဲ့သည်

“အခု ထရန် ဟာ [အမေရိကန်သမ္မတဟောင်း]ဂျိုးဘိုင်ဒင် ရဲ့ခြေရာကို လိုက်နေပြီး မော်စကိုကို စေ့စပ်ညှိနှိုင်းရေး စားပွဲဆီ ယူဆောင်လာဖို့အတွက် ယူကရိန်းကို လက်နက်တွေပေးဖို့ ကတိပေး နေပါတယ်” ဟု ကရင်မလင်ကို လိုလားသည့်ထင်ရှားသူအော်ဂါ စကာဘီရဲဗာ (Olga Skabeyeva )က ပြောကြားခဲ့သည်။

“ဘိုင်ဒင် ဟာ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်ကတည်းက ဒီလိုလုပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ သိတဲ့အတိုင်းပဲ သူ မအောင်မြင်ခဲ့ဘူး” လို့ သူမက လှောင်ပြောင်ခဲ့ပါသည်။

ပင်ဆယ်ဗေးနီးယား ပြည်နယ် စခရန်တန် မြို့(Pennsylvania၊ Scranton) ရှိ လက်နက်စက်ရုံတစ်ခုကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်က ယူကရိန်းသမ္မတ ဇလန်းစကီးလာရောက်လည်ပတ်ခဲ့သည်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ကအီရန်ကိုစတိုက်ပြီ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 10 Views
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ရက် လတ်တလောသတင်းများ – အီရန်နိုင်ငံအတွင်းသို့ အမေရိကန်က ‘အရှိန်အဟုန်ပြင်းပြီး ဆက်တိုက်’ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ထရန့်ပြောကြားခဲ့။
နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 15 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ မြင့်တက်လာသည်နှင့်အမျှ၊ အီရန်နိုင်ငံသည်လည်း ၎င်း၏ နျူကလီးယား စခန်း များကို ခိုင်ခံ့အောင်ပြုလုပ်ခြင်းနှင့် ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 57 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်