နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott) သည် ပြည်နယ် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကော်မတီ ဥက္ကဋ္ဌအား ဖယ်ရှားရန် တရားစွဲခဲ့သည်။

NBC သတင်း ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၆ရက်

အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျင်းဝူ(Gene Wu) သည် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်းနှင့် ၎င်း၏ လွှတ်တော်တက်ရန် ပျက်ကွက်မှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု တက္ကဆက်ပြည်နယ် တရားရုံးချုပ်သို့ တင်သွင်းသည့် တရားစွဲမှုတွင်တင်ပြထားသည်။

ပြည်နယ်လွှတ်တော်အမတ် ဂျင်းဝူ နှင့် အခြားဒီမိုကရက်အမတ်များကို ရာထူးမှဖယ်ရှားရန် ရီပတ်ဘလီကန်အမတ်များ၏ ကြိုးပမ်းအားထုတ်မှုများ နှောင့်နှေးကြန့်ကြာနေပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အဘော့ သည် တရားရုံးသို့အင်္ဂါနေ့က အရေးပေါ် လျှောက်ထား စာကို တင်သွင်းခဲ့သည်။

ရီပတ်ဘလီကန်အမတ် ဂရက် အဘော့ ၏တရားစွဲဆိုမှုတွင် တက္ကဆက် အောက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ကော်မတီ ဥက္ကဋ္ဌ ဝူ သည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး ၎င်း၏ရာထူးတာဝန်ပျက်ကွက်နေမှုသည် ရာထူးမှ စွန့်လွှတ်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

ကွန်ဂရက်လွှတ်တော်၏ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန်ပြီး အောက်လွှတ်တော် တွင် ရီပတ်ပလီကင်ပါတီအတွက် နောက်ထပ် အမတ်နေရာငါးနေရာ တိုးလာစေရန် လိုအပ် သော ဥပဒေပြုရေး အထမြောက်ရန် လုပ်ဆောင်မည့် ရီပတ်ဘလီကန်များ၏ အစီအစဥ်ကို ဒီမိုကရက်တစ် လွှတ်တော်အမတ်များက ငြင်းပယ်ဆန့်ကျင်၍ လွှတ်တော်တွင် တက်ရောက် ခြင်း မရှိဘဲ ရှောင်နေခဲ့ကြသည်။

အစည်းအဝေးအထမြောက်ရန်ထောက်ပံ့ပေးသည့် ပြဋ္ဌာန်းချက်များသည် နိုင်ငံတော် အောက်လွှတ်တော်တွင်တက်ရောက်ရန် “ခိုင်လုံသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်တစ်ရပ်” ဖြစ်သည်ဟု တရားစွဲဆိုထားသည်။

“ ကိုယ်စလှယ် ဝူ သည် အထမြောက်မှုကို ချိုးဖောက်ရန်၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ဟန့်တားရန်နှင့် တက္ကဆက်ပြည်နယ် အောက်လွှတ်တော်ကို သွက်သွက်လက်လက်မလုပ် နိုင်စေရန် တက္ကဆက်ပြည်နယ်မှ ထွက်ပြေးခြင်းဖြင့် ဤအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များ ကို ပြောင်ပြောင်တင်းတင်း စွန့်လွှတ်လိုက်ခြင်းဖြစ်သည်” ဟု တရားစွဲဆိုထားသည်။

“တရားဝင်အကြောင်းပြချက်အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော အစည်းအဝေးအတွင်း ပြည်နယ်မှ ထွက်ခွာခြင်းသည် ဥပဒေပြုလွှတ်တော်၏ လုပ်ဆောင် နိုင်စွမ်း ကို ဖျက်စီးရန် ရည်ရွယ်ချက်ဖြင့် ဝူ ၏ ကျမ်းကျိန်မှုကို ထင်ရှားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်ကို ရည်ရွယ်ချက်ရှိရှိ စွန့်လွှတ်ခြင်း ဖြစ်သည်” ဟု ၎င်းကဆိုသည်။

အင်္ဂါနေ့ညနေတွင် မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ဝူ က ချက်ချင်း တုံ့ပြန်ခြင်း မရှိ သော်လည်း ဟူစတန်မြို့အခြေစိုက် KHOU မှရရှိသော ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းက ၎င်း၏တာဝန်များကို စွန့်လွှတ်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

“ ကျွန်ုပ်၏ လုပ်ရပ်နှင့် ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်အား ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခွင့် ပေးပါရစေ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် လူမျိုးရေး ခွဲခြားသည့် ကောက်ကျစ်သော မြေပုံကိုရေးဆွဲရန် ဂုဏ်သိက္ခာမရှိသောသမတတစ်ဦးနှင့် ပူးပေါင်း လိုက်သောအခါ၊ ကျွန်ုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ တာဝန်မှာထိုကိစ္စတွင် လိုလားစွာ ပါ၀င်သူ မဖြစ်ရန် ဖြစ်သည်” ဟု ဝူက ဆိုသည်။

“ ပြည်နယ်အုပ်ချုပ်ရေးမှူးလုပ်ရပ်ကို အထမမြောက်အောင် ငြင်းဆိုလိုက်တာဟာ ကျွန်တော့်ရဲ့ ရာထူးကို စွန့်လွှတ် လိုက်တာ မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော့်ရဲ့ ကတိသစ္စာကို ဖြည့်ဆည်း ခြင်း တစ်ခုပါပဲ။ သူ့ရဲ့ အကျင့်ပျက်အစီအစဉ်ကို ထိုက်တန်စွာ ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့ အတွက်ကြောင့် အခုအချိန်မှာတော့ ဂရက် အဘော့ ဟာ ကမူးရှူးထိုးနဲ့ ကျွန်တော်ရဲ့ ဆန့်ကျင်မှုကို တိတ်ဆိတ်သွားရန် အရွေးခံထားရသူတွေကို ရာထူးက ဖယ်ရှားပစ်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီလီနွိုင်းမှနေပြီး တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွင် ဝူ က “ ချီကာဂိုရှိ မြေပြင်ပေါ်တွင်… တက္ကဆက်နယ်သားများနှင့် အမေရိကန် အားလုံး၏အခွင့်အရေးအတွက် တိုက်ပွဲဝင် နေပါတယ်” ဟုပြောခဲ့သည်။

အဘော့က ဝူ နှင့် တက္ကဆက်ပြည်နယ်မှ ထွက်ခွာသွားသော အခြား ဒီမိုကရက်တစ်ပါတီ အမတ် ၅၀ ကျော်က ပြန်လာရန် ငြင်းဆိုခဲ့ခြင်းသည် ရွေးကောက်ပွဲ အထမြောက်ရန် လိုအပ်ချက်များနှင့် မကိုက်ညီကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“ တက္ကဆက်စ် အောက်လွှတ်တော် ဒီမိုကရက်များသည် တက္ကဆက်ပြည်နယ်အတွက် ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ခဲ့ခြင်းကြောင့် အကျိုးဆက်များ ရှိလိမ့်မည်” ဟု ၎င်းက ပြောကြားခဲ့သည်။

အက်ဘော့က နောက်နေ့တွင် အောက်လွှတ်တော်ကို ခေါ်ယူသည့်အခါတွင် ၎င်းတို့ မပါဝင် ပါက ဒီမိုကရက်များကို ဖယ်ရှားရန် ကြိုးပမ်းမည်ဟု တနင်္ဂနွေနေ့က ကြေညာချက်တွင် သတိပေးထားသည်။ ဒီမိုကရက်တစ်လွှတ်တော်အမတ်များ တနင်္လာနေ့တွင် လွှတ်တော် တက်ရောက်ရန် ပျက်ကွက်စဉ် အတွင်း၊ လိုအပ်ပါက လွှတ်တော်အမတ်များအား ဖမ်းဝရမ်းဖြင့် ပြန်လည် ပို့ဆောင်ရန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးနောက် ၎င်းတို့အား ဖမ်းဆီးရန် ပြည်နယ် ပြည်သူ့လုံခြုံရေးဌာနအား အမိန့်ပေးခဲ့သည်။

FBI နှင့် ဖက်ဒရယ်အစိုးရတို့သည် ဥပဒေပြုအမတ်များ၏ တည်နေရာကို ရှာဖွေဖမ်းဆီးခြင်း တွင် ပါဝင်သင့်သလောဟု မေးမြန်းရာတွင် သမ္မတ ဒေါ်နယ်ထရန့် က ၎င်းတို့ “လုပ်သင့်တယ်” ဟု အင်္ဂါနေ့အစောပိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“လူတော်တော်များများက သူတို့ပြန်လာဖို့ တောင်းဆိုနေတယ်။ သူတို့အပြင်ဖက်မှာ ထိုင်နေလို့ မရဘူး။ ပြန်သွားရမယ်။ အဲဒါကို ပြန်တွန်းလှန်တိုက်ရမယ်။ ရွေးကောက်ပွဲဆိုတာ ဒါပဲ” ဟု ထရန့် က ဆိုသည်။

NBC သတင်း Zoë Richards မှ ရေးသားသော Texas Gov. Greg Abbott sues to remove state House Democratic Caucus chair in redistricting standoffကို ခေတ်မျက်လုံးမှ ဘာသာပြန် သည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အဘော့(Greg Abbott)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားက ‘ငြိမ်းချမ်းရေး’ အထိမ်းအမှတ်အဖြစ် ပထမဆုံး အကျဉ်းသားအချို့ကို ပြန်လွှတ်ပေး-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၉ရက် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolás Maduro) ကို ဖမ်းဆီးရန် အမေရိကန်၏
နိုင်ငံတကာသတင်း အီရန်

တဟီရန်တွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရဆန့်ကျင်ရေး အုံကြွမှုများ ပြန့်နှံ့လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 33 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ကြာသပတေးနေ့က အီရန်နိုင်ငံ တဟီရန်မြို့တော်တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါက်ကွဲထွက်လာခဲ့သည်။ ယိမ်းယိုင်နေသော စီးပွားရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများအပေါ် ဒေါသထွက်နေကြသော အီရန်ပြည်သူများသည် မြို့တော်၏
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
နိုင်ငံတကာသတင်း အမေရိကန်

မင်နီယာပိုလစ်မြို့တွင် “လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေးဌာန”(ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား ပစ်သတ်မှုကြောင့် လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုအပေါ် တင်းမာမှုများ ပိုမိုမြင့်တက်လာ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 38 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၈ရက် မင်နီယာပိုလစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ကြီးကြပ်ရေး (ICE) အေးဂျင့်တစ်ဦးက အမျိုးသမီးတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအပေါ် ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ်စတီနူံးမ်(Kristi Noem) က အဆိုပါအေးဂျင့်ဘက်မှ ခုခံကာကွယ် ပြောကြားခဲ့သည်။ ထိုအမျိုးသမီးသည်
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 28 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလားရေနံကို ပြန်လည်အသက်သွင်းလိုသည့် ထရမ့်၏အိပ်မက်ကို ရေနံကုမ္ပဏီကြီး များ စိတ်မဝင်စား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် နယူးယောက် — ဗင်နီဇွဲလား၏ ရေနံနှင့်ပတ်သက်၍ သမ္မတ ဒေါ်နယ်ထရမ့်သည် ကြီးမားသော အမှားတွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပုံရသည်။ ဗင်နီဇွဲလား၏ များပြားလှသော ရေနံသယံဇာတများကို အမေရိကန်ရေနံကုမ္ပဏီများ
နိုင်ငံတကာသတင်း အမေရိကန်

‘ကျွန်ုပ်တို့ ဂရင်းလန်းကို လိုအပ်တယ်’ – ဒိန်းမတ်ပိုင်နက်ကို သိမ်းယူရန် ထရန့်က ထပ်မံခြိမ်းခြောက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 39 Views
BBC- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၅ရက် ဒိန်းမတ်ခေါင်းဆောင်က အဆိုပါကျွန်းနှင့်ပတ်သက်၍ “ ခြိမ်းခြောက်မှုများ ရပ်တန့်ရန်” တိုက်တွန်းခဲ့ပြီးနောက်၊ ဒေါ်နယ်ထရန့်က ဂရင်းလန်း (Greenland) ကို သိမ်းယူရန် အဆိုပြုချက်ကို ထပ်မံပြောကြားခဲ့သည်။ အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားရာတွင် “