နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရမ့်၏သမတဒုတိယသက်တမ်း လက်ထက်တွင် ပါကစ္စတန်က ကျွမ်းကျင်သော သံတမန်ရေး၊ အဖိုးတန် မြေရှားသတ္တုနှင့် ချီးမွမ်းဂုဏ်ပြုမှုတို့ဖြင့် ဆက်ဆံရေး အောင်မြင်စွာ တည်ဆောက်ထားသည်

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဂါဇာအပစ်အခတ် ရပ်စဲရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များရှေ့တွင် အောင်ပွဲခံနေစဉ်၊ ပါကစ္စတန် စစ်တပ်၏ အကြီးအကဲဖြစ်သူ စစ်သေနာပတိချုပ် အာဆင် မူနီယာအား “ သူ၏ အချစ်ဆုံး စစ်သေနာပတိ” ဟု ခေါ်ဝေါ်ခဲ့ သည်။ ထို့နောက် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘာဇ် ရှရစ်ဖ်ကလည်း ထရမ့်အား ငြိမ်းချမ်း ရေး နိုဘယ်ဆု ထပ်မံ အမည်စာရင်း တင်သွင်းရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က အမေရိကန်သည် ပါကစ္စတန်၏ မတည်ငြိမ်မှုများနှင့် တရုတ်နှင့် နီးစပ်မှုကြောင့် ဆက်ဆံရေး တင်းမာခဲ့သည်။ သမ္မတဟောင်း ဂျိုးဘိုင်ဒန်သည် ဝန်ကြီးချုပ်များကို ဖုန်းပင် မခေါ်ခဲ့ပေ။

သို့သော် ထရမ့် ၂.၀ လက်ထက်တွင် ပါကစ္စတန်သည် အောင်မြင်သော သံတမန်ရေးကို ကျင့်သုံးခဲ့သည်။
အချက်အလက်များ- ပါကစ္စတန်ခေါင်းဆောင်များသည် အိမ်ဖြူတော်သို့ မကြာခဏ သွားရောက်ခဲ့ရပြီး၊ အမေရိကန်လုပ် Raytheon ဒုံးကျည်အသစ်များ ရရှိရန် မျှော်လင့်နေသည်။ ပြိုင်ဘက် အိန္ဒိယထက် အခွန်လျှော့ချမှုများလည်း ရရှိခဲ့သည်။

အောင်မြင်မှု၏သော့ချက်များ-
မြေရှားသတ္တု (Rare Earths)- တရုတ်မှ ထိန်းချုပ်မထားသော အဖိုးတန် မြေရှားသတ္တုများ (Critical Minerals) ကို အမေရိကန်သို့ အခွင့်ထူးပေး၍ ရယူခွင့်ပြုရန် ကမ်းလှမ်းခဲ့ခြင်း။ ပါကစ္စတန်၏ သတ္တုသိုက် ကြွယ်ဝမှုမှာ ဒေါ်လာ ၈ ထရီလီယံခန့် ရှိသည်ဟု ခန့်မှန်းရသည်။

ချီးမွမ်းဂုဏ်ပြုခြင်း- ထရမ့်အား အမြဲတမ်း ချီးမွမ်းထောပနာပြုခြင်း။
စစ်သေနာပတိချုပ်၏ အခန်းကဏ္ဍ စစ်တပ်အကြီးအကဲ စစ်သေနာပတိချုပ် အာဆင် မူနီယာ (Field Marshal Asim Munir)သည် ဆက်ဆံရေး တိုးတက်ရာတွင် အဓိကကျသူဖြစ်သည်။ မေလက အိန္ဒိယနှင့် ပဋိပက္ခ ဖြစ်ပွားစဉ် ရပ်တန့်ပေးရန် ထရမ့်က ကြိုးပမ်းခဲ့ပြီးနောက်၊ ပါကစ္စတန်က ထရမ့်၏ ဆောင်ရွက်မှုကို ချက်ချင်း ထောက်ခံခဲ့ကာ ထရမ့်အား နိုဘယ်ဆု အတွက် ပထမဆုံး အမည်စာရင်း တင်သွင်းခဲ့သည်။ မူနီယာသည် ထရမ့်နှင့် နေ့လယ်စာ အတူစားရန် အိမ်ဖြူတော်သို့ အရပ်ဘက်အရာရှိများ မပါဘဲ သီးသန့် သွားရောက်ခဲ့သူ ဖြစ်သည်။ “ ထရမ့်က အောင်မြင်သူတွေကို ကြိုက်တယ်” ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

အိန္ဒိယ၏ ဒေါသ ပါကစ္စတန်၏ သံတမန်ရေးရာ အောင်ပွဲသည် ဈေးပေါသော ရုရှားရေနံကို ဆက်လက်ဝယ်ယူနေသည့် အိန္ဒိယကို ဒေါသထွက်စေပြီး၊ အိန္ဒိယသည် အမေရိကန်၏ ကြီးမားသော အခွန်နှုန်းထားများဖြင့် ရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။

ကန့်သတ်ချက် မည်သို့ပင်ဆိုစေကာမူ ဤဆက်ဆံရေးသည် ထရမ့်၏ စိတ်ဆန္ဒ ပေါ်တွင်သာ မူတည်နေသည်ဟု သံတမန်ဟောင်း ဟူစိန် ဟက်ကာနီက မှတ်ချက်ပြုသည်။ “ ထရမ့်က သူ့ကို ပါကစ္စတန်က ကြိုက်ပြီး ချီးမွမ်းနေတာတွေလုပ်နေတဲ့အတွက်ကြောင့် အခု ပါကစ္စတန်ကို ကြိုက်နေတာပဲ” ဟု ဆိုသည်။

ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က တနင်္လာနေ့က အီဂျစ်နိုင်ငံ ရှမ် အယ်ရှိတ်(Sharm el-Sheikh) တွင် ကျင်းပတဲ့ ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ကြေညာချက်ထုတ်တာကို နားထောင်နေပုံ (ဓါတ်ပုံ)

ပါကစ္စတန် စစ်သေနာပတိချုပ် အာဆင် မူနီယာကိုပြည်သူများကထောက်ခံအားပေးနေပုံ (ဓါတ်ပုံ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပါကစ္စတန် ၀န်ကြီးချုပ် Shehbaz Sharif နှင့် Field Marshal Asim Munir တို့နှင့် စက်တင်ဘာ ၂၅ ရက်က ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့စဥ် ပါကစ္စတန် နိုင်ငံထွက် တွင်းထွက်များကိုပြသပြီးလက်ဆောင်ပေးခဲ့စ်။ (ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ငြိမ်းချမ်းစွာ ဆန္ဒပြနေပုံရသူများကို ဖက်ဒရယ်အရာရှိများက အကြိမ်ကြိမ် ထိန်းသိမ်းခြင်း သို့မဟုတ် အင်အားသုံးအကြမ်းဖက်ခဲ့ကြောင်း ဗီဒီယိုများက ဖော်ပြ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 24 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၆ရက် သမ္မတ ထရန့်အစိုးရလက်ထက်တွင် အမေရိကန်မြို့ကြီးများ၌ ဥပဒေစိုးမိုးရေးဆိုင်ရာ အင်အားသုံးဆောင်ရွက်မှု တိုးမြှင့်ချထားစဉ်အတွင်း ချထားခဲ့သော ဖက်ဒရယ်အရာရှိများ
နိုင်ငံတကာသတင်း အမေရိကန် အားကစား

ကမ္ဘာ့ဖလားဘောလုံး မဲနှိုက်ပွဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 19 Views
CNN- ဒီဇင်ဘာ ၆၊ ၂၀၂၅ ဂီတဖျော်ဖြေမှုအမျိုးမျိုး၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် အားကစားဂန္တဝင်ပုဂ္ဂိုလ်များမှ ဧည့်သည်အဖြစ် ပါဝင်မှုများ၊ အဖြေများထက် မေးခွန်းများ ပိုမိုဖြစ်ပေါ်စေခဲ့သည့်
နိုင်ငံတကာသတင်း ဗြိတိန် ဥရောပ

လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များက ဗြိတိန်၏ နောက်ထပ်ဝန်ကြီးချုပ် ဖြစ်ရန် ရည်မှန်းထားသော လက်ယာစွန်း ပြည်သူလူထုပါတီဝင် နိုက်ဂျယ် ဖာရာ့ဂျ် (Nigel Farage) ၏ ကြိုးပမ်းမှုကို လမ်းချော်စေနိုင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 40 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၅ရက် လန်ဒန် — အန်ဒရူး ဖီးလ် (Andrew Field) သည် တောင်လန်ဒန်ရှိ ၎င်း၏ကျောင်းတွင် ထိုနှစ်အတွက် စာရင်းပေးသွင်းထားသော ကျောင်းသားအားလုံး၏ စာရင်းကို စာအုပ် ငယ်လေးဖြင့် ဝေငှလေ့ရှိသည်ကို ပြန်အမှတ်ရနေသည်။
နိုင်ငံတကာသတင်း ရုရှား အိန္ဒိယ

ကာကွယ်ရေးနှင့် ပထဝီနိုင်ငံရေး- ပူတင် ဘာကြောင့် မိုဒီကိုတွေ့ဖို့ ဒေလီကို သွားတာလဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 37 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၄ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ အိန္ဒိယကို နှစ်ရက်ကြာ ခရီးစဉ်အတွက် ရောက်ရှိလာပြီး နှစ်နိုင်ငံရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ အမေရိကန်က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ရုရှား-အမေရိကန် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထူးခြားအောင်မြင်မှုမရှိဘဲ ပြီးဆုံးသွားကြောင်း ပူတင်၏ လက်ထောက် ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 30 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် အမေရိကန်ပြည်ထောင်စုမှ ထိပ်တန်း ဆွေးနွေးသူများ တို့ကြား ငါးနာရီကြာ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် ဖြစ်နိုင်ခြေရှိသော ယူကရိန်းငြိမ်းချမ်းရေး သဘောတူညီချက်တွင် ထူးခြားသည့်
နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

မာဒူရိုမှ သဘောတူညီချက်ကို မလိုက်နာနိုင်ခြင်းသည် ထရန့်အနေနှင့် “ မကြိုးစားသင့်ဘူး” ဟု မဆိုလိုကြောင်းနိုင်ငံခြားရေးဝန်ကြီးက ရူဘီယို ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 39 Views
CNN-၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် CNN သတင်းထောက် အလီးနာ ဖာယာဇ် (Aleena Fayaz) မှ ပေးပို့သော သတင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် ဟက်ဆက်တို့က မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေပေါ်မှ အသက်ရှင်ကျန်ရစ်သူများကို သေဆုံးစေခဲ့သည့် နောက်ဆက်တွဲ တိုက်ခိုက်မှုအကြောင်း မသိရှိခဲ့ဟု အခိုင်အမာ ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၃ရက် သမ္မတ ဒေါ်နယ်လ် ထရန့်နှင့် ကာကွယ်ရေးဝန်ကြီး ပီးထ် ဟက်ဆက်တို့သည် ကာရစ်ဘီယံ ပင်လယ်ရှိ မူးယစ်ဆေးဝါးသယ်ဆောင်သည်ဟု သံသယရှိသော လှေတစ်စီးကို နောက်ဆက်တွဲ တိုက်ခိုက်မှု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည့် ကိစ္စမှ
နိုင်ငံတကာသတင်း အစ္စရေး

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုက ဆက်လက်ဖြစ်ပွားနေသော အဂတိလိုက်စားမှု စစ်ဆေးမှုတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 44 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂ရက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် လက်ရှိ စစ်ဆေးနေဆဲဖြစ်သော ၎င်း၏ အဂတိလိုက်စားမှုဆိုင်ရာ အမှု တွင် အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ် (Isaac Herzog)