နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ထရမ့်မှ ယူကရိန်းကို တိုမာဟော့ခ် ဒုံးကျည်များ ပေးအပ်ရန် ငြင်းဆို၊ နှစ်ဖက်စလုံးကို ‘စစ်ပွဲ ချက်ချင်း ရပ်ရန်’ တိုက်တွန်း

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်စကီးသည် သောကြာနေ့က ဒေါ်နယ်လ် ထရမ့်နှင့် တွေ့ဆုံ ရာတွင် ရုရှားကို တိုက်ခိုက်ရန်အတွက် တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များ ရရှိရေး မအောင်မြင်ခဲ့ဘဲ၊ အမေရိကန်သမ္မတက နောက်ပိုင်းတွင် နှစ်ဖက်စလုံးအား တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် လက်ရှိ တိုက်ပွဲနယ်နိမိတ်များကို လက်ခံရန် တောင်းဆို လိုက်သည်။

ဇလန်စကီးသည် ရုရှား၏ စီးပွားရေးကို အဆုံးအဖြတ်ပေးနိုင်သော ထိုးနှက်ချက်ဖြစ်စေမည့် တာဝေးပစ် ခရုစ်ဒုံးကျည်များ ရရှိရန် မျှော်လင့်ချက်ဖြင့် ဝါရှင်တန်သို့ ခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဒုံးကျည်များသည် ရုရှားအတွင်းပိုင်းရှိ ရေနံနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မည်ဟု ၎င်းက ယုံကြည်သည်။

သို့သော်လည်း အိမ်ဖြူတော်ရှိ လုပ်ငန်းစဉ် နေ့လယ်စာစားပွဲတွင် ထရမ့်က “ တိုမာဟော့ခ် အကြောင်း မစဉ်းစားဘဲ” စစ်ပွဲကို ဖြေရှင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ ယင်းလက်နက် သည် အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် လိုအပ်သည့်” လက်နက်တစ်ခု ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် လက်ဗလာဖြင့် ပြန်လာခဲ့ရပုံရပြီး ၎င်း၏ တွေ့ဆုံမှုမှာ “ အကျိုးဖြစ်ထွန်း သည်” ဟု ဖော်ပြခဲ့သော်လည်း အမေရိကန်က တင်းမာမှု ပိုမိုမြင့်တက်သည်ကို မလိုချင် သောကြောင့်” တိုမာဟော့ခ်နှင့် ပတ်သက်၍ ထပ်မံ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

နာရီအနည်းငယ်အကြာတွင် ထရမ့်က ကိယက်ဗ်နှင့် မော်စကိုတို့အား စစ်ပွဲကို ချက်ချင်း ရပ်တန့်ရန်” လူသိရှင်ကြား တောင်းဆိုခဲ့သည်။ ” တိုက်ပွဲနယ်နိမိတ် အတိုင်းရှိနေစဲ နေရာမှာရပ်လိုက်ပါ မဟုတ်ရင် အရမ်းရှုပ်ထွေးသွားလိမ့်မယ်။ ဘယ်တော့မှ တွက်ချက်နိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲနယ်နိမိတ်မှာ ရပ်လိုက်ပါ” ဟု ဖလော်ရီဒါ၊အနာက် ပမ်း ပင်လယ်ကမ်းခြေ သို့ ဆင်းသက်ပြီးနောက် ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ ပြီးတော့ နှစ်ဖက်စလုံး အိမ်ပြန်၊ သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပြီး အသတ်အဖြတ်တွေကို ရပ်တန့်သင့်တယ်။ ဒါပဲ ဖြစ်သင့်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပြီး၊ ယင်းခံစားချက် ကို ဇယ်လန်စကီးနှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် နှစ်ဦးစလုံးအား ဆက်သွယ်ပြောကြားပြီး ဖြစ်ကြောင်း ပြောသည်။

ယင်းတွေ့ဆုံမှုသည် ထရမ့်က ပူတင်နှင့် ဖုန်းဖြင့် ပြောဆိုပြီးနောက် ဟန်ဂေရီနိုင်ငံ၌ မကြာမီ တွေ့ဆုံရန် သဘောတူညီခဲ့သည့် တစ်ရက်အကြာတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအတွင်း တိုမာဟော့ခ် ဒုံးကျည်များ (မော်စကိုနှင့် စိန့်ပီတာစဘတ် ကဲ့သို့ သော ရုရှားမြို့ကြီးများကို ပစ်မှတ်ထားပစ်နိုင်သည့် အကွာအဝေးအထိရောက်ရှိသည်) သည် စစ်မြေပြင်တွင် သိသာထင်ရှားသော သက်ရောက်မှု မရှိနိုင်ကြောင်း ပူတင်က အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့သည် အမေရိကန်-ရုရှား ဆက်ဆံရေးကို ထိခိုက် စေမည်ဟု ၎င်းက ပြောဆိုခဲ့သည်။

ယူကရိန်းက တိုမာဟော့ခ် ဒုံးကျည်များကို အဘယ်ကြောင့် ရှာဖွေနေသနည်း။

တိုမာဟော့ခ် ဒုံးကျည်များသည် ယူကရိန်း၏ လက်ရှိ လက်နက်တိုက်ရှိ အခြားဒုံးကျည်များ ထက် သိသိသာသာ ပိုမိုဝေးကွာသော အကွာအဝေးကို ရောက်ရှိနိုင်သည်။ ထရမ့်သည် ၎င်းတို့ကို ပေးအပ်ရေး ဆွေးနွေးမှုများကို လျှော့ချထားသော်လည်း လုံးဝ ငြင်းဆိုထားခြင်း မရှိသေးပေ။

သောကြာနေ့ အိမ်ဖြူတော် အစည်းအဝေး မတိုင်မီ ဇယ်လန်စကီးက ယူကရိန်းဒရုန်းများကို အမေရိကန် တိုမာဟော့ခ်နှင့် လဲလှယ်ရန် အကြံပြုခဲ့ပုံရသည်။

“ ယူကရိန်းမှာ ကျွန်တော်တို့ ကိုယ်တိုင်ထုတ် ဒရုန်း ထောင်ပေါင်းများစွာ ရှိပါတယ်၊ ဒါပေမယ့် တိုမာဟော့ခ် မရှိပါဘူး” ဟု ၎င်းက ပြောသည်။ “ သူတို့ (အမေရိကန်) က ကျွန်တော်တို့ရဲ့ ဒရုန်း ထောင်ပေါင်းများစွာကို ယူလို့ရပါတယ်၊ ဒါက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းပဲ” ဟု ဆိုသည်။

ဇယ်လန်စကီးသည် ထရမ့်နှင့် တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များကို အွန်လိုင်းမှ တစ်ဆင့် ရှင်းပြခဲ့သည်။ ခေါင်းဆောင်များသည် “ ရုရှား၏ ဆက်လက်ကျူးကျော်မှုကို ရင်ဆိုင် ရာတွင် ယူကရိန်းအပေါ် မယိမ်းမယိုင် ထောက်ခံကြောင်းကတိပြုမှု” ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ကြသည်။

ယူကရိန်းခေါင်းဆောင်က စစ်ပွဲကို အဆုံးသတ်လိုသည့် ထရမ့်၏ စေတနာကို ယုံကြည် ကြောင်း သတင်းထောက်များကို ထပ်မံ အတည်ပြုခဲ့ပြီး “ အရှေ့အလယ်ပိုင်းက အခြေအနေ ကို စီမံခန့်ခွဲဖို့လည်း ခက်ခဲခဲ့ပါတယ်၊ သမ္မတက အဲဒီမှာ အောင်မြင်ခဲ့တယ်” ဟု ဖြည့်စွက် ပြောကြား ခဲ့သည်။

သောကြာနေ့တွင် ထရမ့်က ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ယူကရိန်းသည် နယ်မြေကို စွန့်လွှတ်ရန် လိုအပ်မည်လားဆိုသည့်အပေါ် ၎င်း၏ အမြင်ကို တိတိကျကျ ပြောဆိုခြင်း မရှိခဲ့ပေ။ ထရမ့်သည် ယင်းကိစ္စနှင့် ပတ်သက်၍ ကွဲပြားသော ရပ်တည်ချက်များကို ပြသခဲ့သည်။

ပူတင်နှင့် သြဂုတ်လတွင် တွေ့ဆုံရန် မတိုင်မီက စစ်ပွဲအဆုံးသတ်ရန်အတွက် “ နယ်မြေ လဲလှယ်မှုများ” လိုအပ်မည်ဟု ၎င်းက ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင်မူ ၎င်း၏ သဘောထား ကို ပြောင်းလဲခဲ့ပြီး ယူကရိန်းသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေအားလုံးကို ပြန်လည် အနိုင်ယူနိုင်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သောကြာနေ့ မှတ်ချက်များတွင် ထရမ့်က ပူတင်သည် ယူကရိန်းရှိ စစ်ပွဲရည်မှန်းချက်များကို အောင်မြင်ရန် အချိန်ရရန်အတွက် မိမိကို လှည့်ဖျားနေခြင်း ဖြစ်နိုင်ခြေကို လက်ခံခဲ့သော် လည်း နိဂုံးချုပ်အနေဖြင့် “ သူက သဘောတူညီချက် ရယူချင်တယ်လို့ ကျွန်တော် ထင်ပါ တယ်” ဟု ပြောကြားခဲ့သည်။

“ ကျွန်တော့်ဘဝတစ်လျှောက်လုံး အတော်ဆုံးလူတွေရဲ့ လှည့်စားခြင်းကို ခံခဲ့ရပေမယ့် တကယ်ကို ကောင်းကောင်းမွန်မွန်နဲ့ ထွက်လာခဲ့ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို