နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် အစိုးရရပ်ဆိုင်းထားမှုအခြေအနေကို ရှင်းလင်း ပြောကြား။

CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်

အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက် ဂျွန်ဆင် က သူနှင့် အထက်လွှတ်တော် အများစုခေါင်းဆောင် ဂျွန် သူးန် တို့သည် မနေ့က တစ်နာရီခန့်ကြာ တွေ့ဆုံခဲ့ပြီး အစိုးရ ရန်ပုံငွေ ရပ်ဆိုင်းမှု (shutdown) ကာလအတွင်း သမ္မတ ဒေါ်နယ်လ် ထရမ့် နှင့် အစိုးရ ရန်ပုံငွေကိစ္စ ဆွေးနွေးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကက်ပီတယ်လ် ဟေးလ် (Capitol Hill) တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဂျွန်ဆင်က သူနှင့် သူးန်တို့သည် “ သမ္မတနဲ့အတူ တစုတဝေးတည်း ၁၀၀% တူညီတဲ့ သဘောထားရှိကြောင်း” ပြောခဲ့သည်။

သူ့ကို လက်ရှိ GOP (ရီပတ်ဘလစ်ကန်) ပါတီ ကျောထောက်နောက်ခံပြုထားသည့် အဆိုပြုချက်၏ နောက်ဆုံးရက်ဖြစ်သော နိုဝင်ဘာလ ၂၁ ရက်နောက်ပိုင်းအထိ ရန်ပုံငွေကို သက်တမ်းတိုးမည့် အစိုးရရန်ပုံငွေဥပဒေကြမ်းကို ရီပတ်ဘလစ်ကန်များက လက်ခံသင့်သလားဟု မေးမြန်းခဲ့သည်။ ရန်ပုံငွေ ရပ်ဆိုင်းမှု ကြာမြင့်လာသည်နှင့်အမျှ၊ တစ်နှစ်ကြာ ဘဏ္ဍာငွေခွဲဝေမှု ဥပဒေကြမ်းများအတွက် လုပ်ငန်းများ အပြီးသတ်ရန် အချိန်လုံလောက်စွာရရှိစေရန်အတွက် အစိုးရ ရန်ပုံငွေကို ထိုရက်နောက်ပိုင်းအထိ ထပ်မံတိုးမြှင့်ရန် လိုအပ်လာနိုင်သည်ဟူသော ဖြစ်နိုင်ခြေကို မြင့်တက်စေခဲ့သည်။

“ ရှင်းနေတာပဲ၊ ဒီမိုကရက်တွေရဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်မရှိတဲ့ အရာတွေကြောင့် ပြက္ခဒိန်က အချိန်တွေကို ကုန်ဆုံးသွားအောင် စားသုံးပစ်နေပါတယ်” ဟု ဥက္ကဋ္ဌက ပြောဆိုကာ “ အရမ်းအရေးကြီးပြီး လိုအပ်တဲ့အရာတွေကို လုပ်ဖို့ ကျွန်တော်တို့ အချိန်ကုန်လုနီးပါး ဖြစ်နေပါပြီ” ဟု ထပ်လောင်း ပြောကြားခဲ့သည်။

GOP ခေါင်းဆောင်များသည် နေ့စဉ်နှင့်အမျှ ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဖြစ်ကြောင်း သူက ဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ နိုဝင်ဘာလကို ပိုမို နီးကပ်လာနေပါတယ်။ အချိန်မီ ဘဏ္ဍာငွေခွဲဝေမှု အားလုံးကို ပြီးစီးအောင် လုပ်ဖို့ဆိုတာ အချိန် တစ်နာရီချင်းစီ ကုန်ဆုံးလာတာနဲ့အမျှ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒါကို အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို နေ့စဉ် အခြေခံနဲ့ ဆုံးဖြတ်သွားရမှာပါ” ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန်

အီရန်စစ်ပွဲနှင့် ပတ်သက်၍ ထရမ့်ခန့်အပ်ထားသူ ဂျိုးကန့် နုတ်ထွက်ခြင်း၏ အရေးပါမှု

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက် အီရန်စစ်ပွဲအပေါ် ရှေးရိုးစွဲဝါဒီများ၏ ပြည်တွင်းအငြင်းပွားမှုသည် အင်္ဂါနေ့တွင် အဆင့်သစ်တစ်ခုသို့
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

အီတလီက မြေထဲပင်လယ်အတွင်း ရုရှားရေနံတင်သင်္ဘော အချိန်မရွေး ပေါက်ကွဲနိုင်သည်ဟု သတိပေး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
ရောမမြို့ ။ ပိတ်ဆို့အရေးယူခံထားရသည့် သဘာဝဓာတ်ငွေ့ရည် (LNG) များ တင်ဆောင်လာသော ရုရှားရေနံတင်သင်္ဘောတစ်စင်းသည် သင်္ဘောသားတစ်ဦးမျှမပါဘဲ၊ ဘေးဘက်တွင်လည်း အပေါက်ကြီးတစ်ပေါက်ဖြင့် မြေထဲပင်လယ်အတွင်း ထိန်းချုပ်မှုမဲ့ မျောပါနေသည်။ ယင်းအခြေအနေကြောင့် “ ကြီးမားသော ဂေဟစနစ်ဆိုင်ရာ ဘေးအန္တရာယ် တစ်ခု
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ

သူသည် စစ်ပွဲသူရဲကောင်းအဖြစ် အိမ်ပြန်လာခဲ့သည်။ သို့သော် တံခါးပိတ်ထားသည့် နောက်ကွယ်တွင်မူ သူသည် အာဏာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ယူကရိန်းစစ်ပွဲ ကိယက်ဗ်မြို့ —အလီစာ (Alisa) သည် သူမ၏ခင်ပွန်း သူမအား ပထမဆုံး အကြိမ် နာကျင်အောင်ပြုလုပ်ခဲ့သည့် အချိန်ကို မှတ်မိနေဆဲဖြစ်သည်။ ယူကရိန်းအရှေ့ပိုင်း ရှေ့တန်းစစ်မျက်နှာမှ ခွင့်ဖြင့်ပြန်လာစဉ် ခင်ပွန်းဖြစ်သူသည်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် အီရန်

အီရန်နိုင်ငံတွင် ထရမ့် ရွေးချယ်လိုက်သော စစ်ပွဲသည် ပူတင်အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာစေခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 55 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ရက် ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အကျပ်အတည်းများကြားမှ အခွင့်အလမ်းကို မည်သို့ရှာဖွေရမည်ကို ကောင်းစွာသိရှိပြီး၊ ယခု ပြန့်နှံ့လာနေသော အီရန်စစ်ပွဲသည်လည်း နောက်ထပ် သာဓကတစ်ခုပင် ဖြစ်သည်။ ပူတင်သည် ယူကရိန်းကို သိမ်းပိုက်ရေး စစ်ဆင်ရေးနှင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား လုံခြုံရေးအတွက် နိုင်ငံများမှ ကူညီခြင်းမရှိပါက နေတိုး (NATO) အဖွဲ့အတွက် ‘အလွန်ဆိုးရွားသော အနာဂတ်’ ရှိလာနိုင်ကြောင်း ထရမ့် သတိပေး

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 43 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုအသစ်များ ပြင်းထန်နေစဉ် လ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့အပေါ် “အကန့်အသတ်ရှိပြီး ရည်မှန်းချက်ထားသည့်” မြေပြင်စစ်ဆင်ရေးများ စတင်ကြောင်း အစ္စရေးက ကြေညာလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 48 Views
BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက် “ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

CNN ၏ နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 49 Views
၂၀၂၆ခုနှစ်၊ မတ်လ (၁၃)ရက် ထရမ့်အစိုးရ (Trump Administration) သည် အီရန်နှင့် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခတွင် ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့သွားနိုင်ခြေကို မှားယွင်းတွက်ချက် ခဲ့ကြောင်း ဖော်ပြ ထားသည်။