နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီတလီ

ဆောင်းရာသီအိုလံပစ်တွင် အမေရိကန်လုံခြုံရေးတိုးမြှင့်ရန် ICE အေးဂျင့်များ စေလွှတ်မှုအပေါ် အီတလီနိုင်ငံသားများ ဒေါသထွက်

CNN – ဖေဖော်ဝါရီ ၁၊ ၂၀၂၆

လာမည့်လတွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်၏ လုံခြုံရေးလုပ်ငန်းများကို ကူညီရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ဝန်ဆောင်မှု (ICE) အေးဂျင့်များကို စေလွှတ်ခြင်းအပေါ် အီတလီနိုင်ငံ၌ မကျေနပ်မှုများ မြင့်တက်နေသည်။ ယင်းလုပ်ရပ်သည် ယခင်အိုလံပစ်ပွဲများတွင်လည်း လုပ်ဆောင်လေ့ ရှိသည့် အလေ့အထဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားထားသည်။

မင်နီယာပိုလစ်မြို့တွင် ဒေါ်နယ်ထရန့်၏ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းမှုများအတွင်း လူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက်၊ လက်ရှိနှင့် ယခင် လွှတ်တော်အမတ်များက အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီအနေဖြင့် ကြားဝင်စွက်ဖက်ပြီး အဆိုပါအေးဂျင့်များ လာရောက်မှုကို ပိတ်ပင်ရန် တိုက်တွန်းခဲ့ကြသည်။

အီတလီဝန်ကြီးချုပ်ဟောင်း ဂျူဆက်ပေ ကွန်တီကလည်း အမေရိကန်တွင် ICE အေဂျင်စီ၏ ရန်လိုသော နည်းလမ်းများ ပိုမိုအသုံးပြုလာခြင်းအပေါ် မူတည်၍ အီတလီအစိုးရအနေဖြင့် “ ကိုယ်ပိုင်ကန့်သတ်ချက်များ သတ်မှတ်ရန်” နှင့် “ ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ရန်” တိုက်တွန်းခဲ့သည်။

“ အမေရိကန်မှာ လမ်းပေါ်က အကြမ်းဖက်မှုတွေနဲ့ လူသတ်မှုတွေ ဖြစ်ပွားနေတာကြောင့်… ဒါကို ငါတို့ ခွင့်မပြုနိုင်ဘူး” ဟု ကွန်တီက အင်္ဂါနေ့တွင် X လူမှုကွန်ရက်၌ ပို့စ်တင်ခဲ့သည်။ “ ဦးညွှတ်နေရတာတွေ တော်လောက်ပြီ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝါရှင်တန်ရှိ တာဝန်ရှိသူများနှင့် ရောမမြို့ရှိ အမေရိကန် သံတမန်များကမူ အိုလံပစ်ပွဲတွင် ICE အေးဂျင့်များ၏ အခန်းကဏ္ဍကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ကြသည်။

ICE ၏ ဌာနခွဲတစ်ခုဖြစ်သော ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ (HSI) သည် အိုလံပစ်ပွဲ၌ “ လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍ” မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ အတည်ပြု ခဲ့သည်။ “ သူတို့က နိုင်ငံခြားတိုင်းပြည်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေး လုပ်ငန်း တွေကို လုပ်ဆောင်မှာ မဟုတ်တာကတော့ ရှင်းပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

အီတလီ ပြည်ထဲရေးဝန်ကြီးနှင့် အင်္ဂါနေ့တွင် တွေ့ဆုံပြီးနောက် အီတလီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် တီလ်မန်း ဖာတစ်တာက HSI ၏ အခန်းကဏ္ဍသည် “ အကြံပေးခြင်းနှင့် ထောက်လှမ်းရေးကိုသာ အခြေခံမည်ဖြစ်ပြီး ကင်းလှည့်ခြင်း သို့မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပါဝင်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ပြောကြားရာတွင် HSI အပါအဝင် ဖက်ဒရယ်အေဂျင်စီများသည် ယခင်အိုလံပစ်ပွဲများတွင်လည်း အမေရိကန် သံတမန်များ၏ လုံခြုံရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြောင်း ဆိုသည်။

နိုင်ငံခြားရေးဌာနက မီလန်မြို့ရှိ အမေရိကန်လုံခြုံရေး လုပ်ငန်းစဉ်များကို ၎င်းတို့၏ သံတမန်လုံခြုံရေးဝန်ဆောင်မှု (DSS) က ဦးဆောင်နေကြောင်း ပြောကြားခဲ့သည်။

“ အိုလံပစ်ပွဲမှာ ICE ရဲ့ HSI အဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းတွေရဲ့ အန္တရာယ်တွေကို စိစစ်ဖို့နဲ့ လျှော့ချဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ DSS နဲ့ အိမ်ရှင်နိုင်ငံကို ကူညီပံ့ပိုးပေးနေတာပါ” ဟု DHS ပြောရေးဆိုခွင့်ရှိသူ ထရစ်ရှာ မက်လော့လင်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ လုံခြုံရေး လုပ်ငန်းစဉ်အားလုံးဟာ အီတလီအာဏာပိုင်တွေရဲ့ လက်အောက်မှာပဲ ရှိနေမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြား သည်။

အမေရိကန် အိုလံပစ်နှင့် ပါရာလံပစ် ကော်မတီကမူ ၎င်းတို့သည် အိုလံပစ်ပွဲ စီစဉ်ဆောင်ရွက် ရာတွင် ICE အပါအဝင် “ အမေရိကန် ပြည်တွင်းဥပဒေစိုးမိုးရေး သို့မဟုတ် လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီများ” နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း CNN သို့ ထုတ်ပြန်ချက်တွင် အလေးပေးပြောကြားခဲ့သည်။

သတ်ဖြတ်တတ်သော ပြည်သူ့စစ်’

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီလန်မြို့သို့ ICE စေလွှတ်မည့်သတင်း အီတလီမီဒီယာများ တွင် ထွက်ပေါ်လာပြီးနောက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ လုပ်ပိုင်ခွင့်နှင့် အင်အားသုံးမှုအပေါ် စိုးရိမ်မှုများကြောင့် ဝေဖန်မှုများနှင့် ကန့်ကွက်လွှာများ ပေါ်ထွက် လာခဲ့ သည်။

မီလန်မြို့တော်ဝန် ဂျူဆက်ပေ ဆာလာက အိုလံပစ်လုံခြုံရေးအတွက် “ ICE ကို မလိုအပ်ကြောင်း” နှင့် “ သူတို့ကို မီလန်မှာ ကြိုဆိုမှာမဟုတ်ဘူး” ဟု ပြည်တွင်းရေဒီယိုသို့ ပြောကြားခဲ့သည်။

“ ဒါဟာ လူသတ်တတ်တဲ့ ပြည်သူ့စစ်အဖွဲ့ပဲ” ဟု ဆာလာက အင်္ဂါနေ့တွင် RTL 102.5 ရေဒီယိုသို့ ပြောကြားခဲ့သည်။ “ ငါတို့က ထရန့်ကို ‘မရဘူး’ လို့ ပြောလို့ရမလား? ဒါဟာ ဆက်ဆံရေးဖြတ်တောက်ဖို့ ဒါမှမဟုတ် သံတမန်ရေးရာ ပြဿနာဖြစ်အောင် လုပ်ဖို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ ‘မရဘူး’ လို့ ပြောလို့ရမလား?”

“ သူတို့က ငါတို့ရဲ့ ဒီမိုကရေစီနည်းကျ လုံခြုံရေးစီမံခန့်ခွဲမှုပုံစံနဲ့ ကိုက်ညီမယ်လို့ အာမ မခံနိုင်တဲ့အတွက် သူတို့ အီတလီကို မလာသင့်ဘူးလို့ ကျွန်တော်ယုံကြည်တယ်” ဟု ဆာလာက ထပ်လောင်းပြောကြားခဲ့သည်။

အခြားအီတလီ လွှတ်တော်အမတ်တစ်ဦးကလည်း ICE အေးဂျင့်များသည် “ အီတလီမြေကို ခြေမချရဘူး” ဟု သတိပေးခဲ့သည်။ “ ဒါဟာ အကြမ်းဖက်တတ်ပြီး၊ လေ့ကျင့်မှုမရှိဘဲ ထိန်းချုပ်မရတဲ့ ပြည်သူ့စစ်အဖွဲ့ပဲ” ဟု ဝါရင့်နိုင်ငံရေးသမား ကာလို ကလန်ဒါက ပြောကြားခဲ့သည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မင်နီယာပိုလစ်မြို့တွင် အိမ်ဖြူတော်၏ လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုများကို ရပ်တန့်ရန် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ်အတွင်း ICE အေးဂျင့်များက အမေရိကန်နိုင်ငံသား နှစ်ဦးကို ပစ်သတ်ခဲ့သည်။

မီလန်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား အချို့ကလည်း အာဏာပိုင်များ၏ လုပ်ရပ်အပေါ် မယုံကြည်နိုင်ဘဲ ဖြစ်နေကြပြီး၊ သမ္မတ ဒေါ်နယ်ထရန့်၏ ပြည်တွင်းနှင့် ပြည်ပမူဝါဒများအောက်တွင် ၎င်းတို့နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ လက်စားချေခံရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ခြင်းမပြုရန် CNN သို့ တောင်းဆိုခဲ့ကြသည်။

“ ကျွန်မ တကယ်ကို ဇဝေဇဝါဖြစ်နေတယ်၊ ဘာကြောင့် ICE အေးဂျင့်တွေက အီတလီကို လာရမှာလဲ? သူတို့မှာ ဒီမှာ လုပ်ပိုင်ခွင့် မရှိဘူးလေ” ဟု ၎င်းတို့အနက် တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က အီတလီနိုင်ငံ၊ ရောမမြို့တွင် တွေ့ရသည့် အီတလီဝန်ကြီးချုပ်ဟောင်း ဂျူဆက်ပေ ကွန်တီ၏ပုံ၊ သူက၎င်းတို့နိုင်ငံအစိုးရအနေဖြင့် ကြားဝင်ဆောင်ရွက်ရန်နှင့် “ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို သတ်မှတ်ရန်” တိုက်တွန်းခဲ့သည်(ပုံ)

မီလန်မြို့တော်ဝန် ဂျူဆက်ပေ ဆာလာက ICE ကို “ သတ်ဖြတ်တတ်သော ပြည်သူ့စစ်” ဟု ဖေဖော်ဝါရီလ အိုလံပစ်ပွဲသို့ စေလွှတ်မှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်(ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 16 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို