ဇန်နဝါရီလ (၅) ရက်နေ့ တစ်ရက်တည်းအတွင်း ရုရှားစစ်သား (၈၀၀) ကျော် ကျဆုံးခဲ့ပြီး အဓိကအားဖြင့် ဒွန်းညက်စ် (Donetsk) အရှေ့ပိုင်းဒေသ တိုက်ပွဲများကြောင့်ဖြစ်သည်။
ဒွန်းညက်စ်ဒေသတွင် ရုရှားတပ်ဖွဲ့များသည် ဘာ(က)မွန်မြို့ကို အာရုံစိုက်နေပြီး ခါကိဗ်ဒေသရှိ အာဒီယက်ကာ (Avdiivka) မြို့ နှင့် ကူပီယင်စ် (Kupyansk) မြို့ တို့တွင် တိုက်ခိုက်မှုများ မအောင်မြင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားစစ်သား (၈၀၀) ကျော် ကျဆုံးခဲ့ပြီး လေယာဉ်တစ်စင်း၊ ရဟတ်ယာဉ်တစ်စင်းနှင့် တင့်ကားသုံးစင်း ပျက်စီးခဲ့သည်။
Source: ရိုက်တာ။
ဓာတ်ပုံ။ ရိုက်တာ။