နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်

ကိယက်ဗ်မြို့

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည် အပြင်းအထန် ဗုံးကြဲခံနေရပြီး ရုရှားတပ်များ နီးကပ်လာချိန်တွင် ဥရောပခေါင်းဆောင်များက အဆိုးဆုံးကို စိုးရိမ်ခဲ့ကြသည်။ ထိုစဉ် ယူကရိန်းခေါင်းဆောင်သည် သမ္မတရုံးအဆောက်အအုံရှေ့ အမှောင်ထဲတွင် ၎င်း၏ ထိပ်တန်းအကြံပေးများနှင့်အတူ ရပ်နေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး “ ကျွန်တော်တို့ ဒီမှာရှိနေပါတယ်” ဟု ရိုးရှင်းစွာ ကြေညာခဲ့သည်။

ဇလန်းစကီးကို ဖယ်ရှားရေးသည် ယူကရိန်းကို သိမ်းပိုက်ရန် ရုရှား၏ အဓိကစီမံကိန်းဖြစ်ပြီး မော်စကိုက ရက်ပိုင်းအတွင်း ပြီးစီးမည်ဟု မျှော်လင့်ထားသည်။ သူ ထွက်မပြေးပါက ဖမ်းဆီးခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ခံရမည်ဖြစ်သည်။ ရုရှားအေးဂျင့်များသည် ၎င်းကို လုပ်ကြံရန် သမ္မတရုံးအနီးတစ်ဝိုက်ရှိ တိုက်ခန်းများကို ငှားရမ်းခဲ့ကြောင်း သမ္မတနှင့် နီးစပ်သူတစ်ဦးက CNN ကို ပြောကြားခဲ့သည်။

နိုင်ငံရေးထဲမဝင်မီ လူရွှင်တော်တစ်ဦးဖြစ်ခဲ့သော ဇလန်းစကီးသည် ဗုံးကြဲသည်ကို မကြောက်သောကြောင့် လူရွှင်တော်ဖြစ်လာခြင်းဖြစ်သည်ဟူသော ပြက်လုံးတစ်ခု စစ်ပွဲအစောပိုင်းတွင် ထွက်ပေါ်ခဲ့သည်။ အမေရိကန်က ၎င်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန် ကမ်းလှမ်းသောအခါ “ ကျွန်တော် လိုအပ်တာက ခရီးကြိုစစ်ကား မဟုတ်ဘူး၊ ခဲယမ်းမီးကျောက်တွေပါ” ဟု ဇလန်းစကီးက ပြန်လည်ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှု လေးနှစ်ပြည့်တော့မည့်အချိန်တွင် ဇလန်းစကီး၏ သတင်းစကားမှာ ပြောင်းလဲခြင်းမရှိသေးပါ။ ၎င်းသည် ရုရှား၏ လုပ်ကြံရန် ကြံစည်မှု တစ်ဒါဇင်ခန့်ကိုသာမက၊ မနှစ်က ၎င်း၏ အရင်းနှီးဆုံး အကြံပေးနှင့် ဝန်ကြီးနှစ်ဦး ရာထူးမှ နုတ်ထွက်သွားစေခဲ့သော အဂတိလိုက်စားမှု အရှုပ်တော်ပုံများကိုလည်း ကျော်ဖြတ်နိုင်ခဲ့သည်။

အများစုက ဇလန်းစကီး၏ ခံနိုင်ရည်ရှိမှုကို ၎င်း၏ နိုင်ငံရေးကျွမ်းကျင်မှုကြောင့်ဟု ယူဆကြ ပြီး ၎င်းကို ဝင်စတန် ချာချီ (Winston Churchill) နှင့်ပင် နှိုင်းယှဉ်ကြသည်။ သို့သော် ချာချီ ကဲ့သို့ပင် ဇလန်းစကီးသည်လည်း လမ်းခရီးတွင် အမှားအယွင်းအချို့ ရှိခဲ့ပြီး စစ်ပွဲရှည်ကြာ လာသည်နှင့်အမျှ ၎င်း၏အနာဂတ်မှာ မရေမရာ ဖြစ်လာနေသည်။ ယူကရိန်းလူမျိုး ၆၀ ရာခိုင်နှုန်းက ၎င်းကို ယုံကြည်ကြသော်လည်း ထက်ဝက်ခန့်ကသာ ဒုတိယသက်တမ်းအတွက် အရွေးခံသင့်သည်ဟု ယူဆကြသည်။

ပြီးခဲ့သည့် ဇူလိုင်လက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့များ၏ လွတ်လပ်ခွင့်ကို ကန့်သတ်မည့် အစိုးရ၏ အစီအစဉ်ကို ကန့်ကွက်ရန် ယူကရိန်းပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသဖြင့် ဇလန်းစကီးအနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်ကို နောက်ဆုတ်ခဲ့ရသည်။

ထို့ပြင် အလွန်လူကြိုက်များသော စစ်ဦးစီးချုပ်ဟောင်း ဗာလာရီ ဇာလူဇ်နီ (Valerii Zaluzhnyi) နှင့် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ၎င်းကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ပိုလန်သံအမတ်ဟောင်း စီချော့စကီး (Cichocki) က ဇလန်းစကီး၏ ရဲတင်းမှုကို ဆိုဗီယက် ယူကရိန်း၏ အဆင်းရဲဆုံးဒေသတွင် ဂျူးလူမျိုးကောင်လေးတစ်ဦးအဖြစ် ကြီးပြင်းခဲ့ရသည့် ဘဝနောက်ခံနှင့် ဆက်စပ်နေသည်ဟု ယူဆသည်။ “ သူဟာ အားနည်းမှုကို အထင်မကြီးဘူး၊ သာလွန်တဲ့ အင်အားကို ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဟု ၎င်းက ဆိုသည်။

မထင်မှတ်ထားသော သမ္မတ

အသက် ၄၈ နှစ်အရွယ် ဇလန်းစကီးသည် လွတ်လပ်သော ယူကရိန်း၏ အငယ်ဆုံး ခေါင်းဆောင် ဖြစ်ပြီး အံ့သြစရာအကောင်းဆုံး ခေါင်းဆောင်လည်း ဖြစ်သည်။ ရှေ့နေတစ်ဦး ဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံ လုံးဝမရှိဘဲ ဖျော်ဖြေရေးလောကမှတစ်ဆင့် သမ္မတ ဖြစ်လာသူဖြစ်သည်။ ၎င်း၏ပြည်သူ့အစေခံ( “ Servant of the People” ) ဟူသော ရုပ်သံ ဇာတ်လမ်း တွဲထဲတွင် ဆင်းရဲသော ကျောင်းဆရာလေးတစ်ဦး မမျှော်လင့်ဘဲ သမ္မတဖြစ်လာပုံ ကို သရုပ်ဆောင်ခဲ့ရာမှ နာမည်ကြီးခဲ့ခြင်းဖြစ်သည်။

၎င်း၏ မိန့်ခွန်းရေးပေးသူ လစ်ဗင် (Lytvyn) က ဇလန်းစကီးသည် လူထုနှင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုရန် ဗီဒီယိုမက်ဆေ့ချ်များကို ကိုယ်တိုင်ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။ “ သူဟာ လူတွေကြားထဲမှာရှိနေပြီး တစ်ခုခုလုပ်နေတယ်ဆိုတာကို ပြဖို့ အဲဒီဗီဒီယိုတွေက အရေးကြီးတယ်” ဟု ဆိုသည်။

ဆက်သွယ်ပြောဆိုရေး ပါရမီ

ဇလန်းစကီး၏ အကောင်းဆုံး အခိုက်အတန့်မှာ ရုရှားတပ်များ ဝိုင်းထားချိန်တွင် ကိယက်ဗ်မှ မထွက်ခွာဘဲ နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဇနီး အိုလီနာနှင့် သားသမီးများဖြစ်သော အိုလက်ဇန္ဒြာ၊ ကီရီလို တို့သည်လည်း ယူကရိန်းတွင်ပင် ဆက်နေခဲ့ကြသည်။ ယင်းကြောင့် ဇလန်းစကီးအပေါ် ပြည်သူ့ယုံကြည်မှုသည် ၃၇ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ချက်ချင်း ခုန်တက်သွားခဲ့သည်။

ယူကရိန်းသည် ကိယက်ဗ်ကို ကာကွယ်နိုင်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် ထိုးစစ်များတွင် တိုးတက်မှု နည်းပါးခဲ့သည်။ ၂၀၂၄ ခုနှစ် သြဂုတ်လတွင် ရုရှားနိုင်ငံအတွင်းရှိ ကာ့စ်ခ် (Kursk) ဒေသကို အလစ်အငိုက် ဝင်ရောက်စီးနင်းနိုင်ခဲ့သဖြင့် ယူကရိန်းတပ်များ စိတ်ဓာတ်တက်ကြွ ခဲ့သော်လည်း၊ ၂၀၂၅ ခုနှစ်တွင် ရုရှား၏ အနှေးနှင့်အမြန် ထိုးစစ်ဆင်မှုများကြောင့် ရှေ့တန်း စစ်မျက်နှာတွင် အကျပ်အတည်းများ ဆက်ရှိနေဆဲဖြစ်သည်။

အမေရိကန်နှင့် ဆက်ဆံရေး

ဇလန်းစကီးသည် အနောက်အုပ်စု၊ အထူးသဖြင့် အမေရိကန်၏ အကူအညီမပါဘဲ စစ်ကို ဆက်တိုက်နိုင်မည်မဟုတ်ကြောင်း သိထားသည်။ သို့သော် ဒေါ်နယ်ထရမ့်နှင့် ဆက်ဆံရေးမှာမူ ခက်ခဲခဲ့သည်။ အိမ်ဖြူတော်တွင် ထရမ့်နှင့် တွေ့ဆုံစဉ်က တင်းမာမှုများရှိခဲ့ပြီး ထရမ့်က ဇလန်းစကီးကို ကျေးဇူးမသိတတ်သူအဖြစ် စွပ်စွဲခဲ့သည်။ သို့သော် မကြာသေးမီက ဇလန်းစကီးသည် ထရမ့်နှင့် ဆက်သွယ်ပြောဆိုပုံနည်းလမ်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ရစ်ချက် ဘလူးမန်းသဲလ်က ဆိုသည်။

မရေရာသော အနာဂတ်

လေးနှစ်တာ စစ်ပွဲဒဏ်ကြောင့် ဇလန်းစကီး၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ သိသိ သာသာ မြင်တွေ့နေရသည်။ ၎င်းသည် တစ်နေ့လျှင် ကော်ဖီအမြောက်အမြား သောက်ပြီး မနက် ၃ နာရီ၊ ၄ နာရီလောက်မှ စတင်ကာ အလုပ်လုပ်ရသည်။ ၎င်း၏ ဇနီး အိုလီနာက စစ်ပွဲစတင်ကတည်းက လုံးဝဥဿုံ ပျော်ရွှင်ရသည့် အချိန်ဟူ၍ မရှိသေးကြောင်း CNN ကို ပြောကြားခဲ့သည်။

ယူကရိန်းပြည်သူများသည် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရပြီး ရှေ့တန်း စစ်မျက်နှာမှာလည်း အလွန်ခက်ခဲနေသည်။ သို့သော် လူမှုဗေဒပညာရှင် ပန်နီယိုတို (Paniotto) က “ ယူကရိန်းပြည်သူအများစုက ဇလန်းစကီးဟာ နိုင်ငံကို ငြိမ်းချမ်းရေးဆီ ခေါ်ဆောင် သွားမယ့် ခေါင်းဆောင်အဖြစ် မြင်နေကြတုန်းပဲ” ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီး ဆီဘီဟာ (Sybiha) က ဇလန်းစကီးအပေါ် ယုံကြည်မှုအပြည့်ရှိနေပြီး “ သူဟာ ပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ဘယ်လိုတွန်းလှန် ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရှေ့တန်း Kupiansk မြို့တွင် Zelensky မှ ဗီဒီယိုတစ်ခု မှတ်တမ်းတင်နေစဉ်။ (ယူကရိန်းသမ္မတ သတင်းထုတ်ပြန်ရေးဌာန/Reuters) (ပုံ)

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သော Oval Office အစည်းအဝေးသည် Zelensky နှင့် Trump အစိုးရအကြား ဆက်ဆံရေး အနိမ့်ဆုံးအချိန်ကို အမှတ်အသား ပြုခဲ့သည်။ (Brian Snyder/Reuters) (ပုံ)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဆိုလီဒါအနီး ရှေ့တန်းရှိ တပ်မဟာဌာနချုပ်သို့ သွားရောက်လည်ပတ်စဉ် ဇယ်လင်စကီးနှင့်စစ်သားများဆယ်လ်ဖီရိုက်နေစဉ်။ ယူကရိန်းသမ္မတရုံး/AP(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 15 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 17 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို