နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန် ထိပ်တန်းလုံခြုံရေးအရာရှိက ထရမ့်အား သတိပေး – “ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ”

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် ရေနံတင်ပို့မှုများကို မပိတ်ပင်ရန် သမ္မတထရမ့်က အီရန်အား သတိပေးခဲ့ပြီးနောက်၊ အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးက အင်္ဂါနေ့တွင် သမ္မတထရမ့်အား ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။

“ စွန့်လွှတ်အနစ်နာခံတတ်တဲ့ အီရန်လူမျိုးတွေဟာ ခင်ဗျားရဲ့ အနှစ်မရှိတဲ့ ခြိမ်းခြောက်မှု တွေကို မကြောက်ဘူး” ဟု အတွင်းရေးမှူး အလီ လာရီဂျာနီ (Ali Larijani) က လူမှုကွန်ရက် X စာမျက်နှာတွင် ရေးသားခဲ့ကြောင်း Associated Press က ဘာသာပြန်ဖော်ပြခဲ့သည်။ “ ခင်ဗျားထက် ပိုကြီးမားသူတွေတောင် အီရန်ကို အပြတ်မရှင်းနိုင်ခဲ့ဘူး။ ခင်ဗျားကိုယ်တိုင် အရှင်းလင်းမခံရအောင် သတိထားပါ” ဟု ၎င်းက ဆိုသည်။

လာရီဂျာနီသည် တနင်္လာနေ့က Truth Social တွင် တင်ခဲ့သည့် ထရမ့်၏ မှတ်ချက်များကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

“ အကယ်၍ အီရန်က ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံစီးဆင်းမှုကို တားဆီးမယ့် တစ်ခုခုလုပ်ခဲ့ရင် သူတို့ဟာ အခုထက်ထိ ခံခဲ့ရတာထက် အဆပေါင်း ၂၀ မက ပြင်းထန်တဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်” ဟု သမ္မတက ရေးသားခဲ့သည်။

“ ဒါ့အပြင် အီရန်နိုင်ငံအနေနဲ့ နောင်မှာ ပြန်လည်ထူထောင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့အောင် အလွယ်တကူ ဖျက်ဆီးလို့ရတဲ့ ပစ်မှတ်တွေကို ကျွန်တော်တို့ ချေမှုန်းပစ်မယ် သေခြင်းတရား၊ မီးတောက်တွေနဲ့ ဒေါသမာန်တွေဟာ သူတို့အပေါ် စိုးမိုးသွားလိမ့်မယ် – ဒါပေမဲ့ အဲဒီလိုမျိုး မဖြစ်လာပါစေနဲ့လို့ ကျွန်တော် မျှော်လင့်ဆုတောင်းပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။ “ ဒါဟာ တရုတ်နဲ့ ဟော်မုဇ်ရေလက်ကြားကို အဓိကအသုံးပြုနေတဲ့ နိုင်ငံအားလုံး အတွက် အမေရိကန်က ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါကို သူတို့ ကျေးဇူးတင်တန်ဖိုးထား ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ။

အီရန်သည် အင်္ဂါနေ့တွင် အစ္စရေး၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့သို့ ဒုံးကျည်အသစ်များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း AP က ဖော်ပြခဲ့ပြီးနောက် လာရီဂျာနီ၏ ဖိအားပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘာရိန်းနိုင်ငံရှိ လူနေအဆောက်အအုံတစ်ခု တိုက်ခိုက်ခံရမှုတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြား ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သည့် အီရန်နိုင်ငံအတွင်း အမေရိကန်-အစ္စရေး ပူးတွဲ စစ်ဆင်ရေး အပြီးတွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ အဆိုပါ ပဋိပက္ခ ကြောင့် အိုမန်နှင့် အီရန်ကြားတွင် တည်ရှိပြီး ပါရှန်ပင်လယ်ကွေ့နှင့် အိုမန် ပင်လယ်ကွေ့၊ အာရပ် ပင်လယ်တို့ကို ဆက်သွယ်ပေးထားသည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခဲ့ရသည်။

hormuzstraitmonitor.com ၏ အဆိုအရ ပုံမှန်အားဖြင့် တစ်ရက်လျှင် သင်္ဘော အစီးရေ ၆၀ ခန့် ဖြတ်သန်းလေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘော နှစ်စင်းသာ ရှိခဲ့သည်။ အင်္ဂါနေ့တွင် ရေနံတင်သင်္ဘော ၉၈ စင်းနှင့် ကုန်တင်သင်္ဘော ၃၄ စင်း အပါအဝင် သင်္ဘော စုစုပေါင်း ၁၅၇ စင်း သောင်တင်နေသည်။

မြောက်အမေရိက ဈေးကွက်အတွက် အညွှန်းကိန်းဖြစ်သော West Intermediate crude oil (WTI) ရေနံစိမ်းတစ်စည် ဈေးနှုန်းမှာ အင်္ဂါနေ့ နံနက်ပိုင်းအထိ ၉၀ ဒေါ်လာကျော်တွင် ရှိနေသည်။ AAA ၏ အဆိုအရ အမေရိကန် တစ်နိုင်ငံလုံး၏ ပျမ်းမျှဓာတ်ဆီဈေးမှာ ၃.၅၄ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ထုတ်ပြန်ချက်တစ်ခုတွင် “ ဒေသတွင်းမှ ရေနံတစ်လီတာကိုမျှ ရန်သူဘက်တော်သားများနှင့် ၎င်းတို့၏ မဟာမိတ်များထံ နောက်ထပ် အကြောင်းမကြားမချင်း တင်ပို့ခွင့်ပေးမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

အီရန်၏ နျူကလီးယားခြိမ်းခြောက်မှုကို ဖယ်ရှားရန်အတွက် ရေနံဈေးနှုန်း မြင့်တက်မှုမှာ “ ပေးဆပ်ရကျိုးနပ်သည့် အလွန်သေးငယ်သော တန်ဖိုး” ဖြစ်သည်ဟု ထရမ့်က အငြင်းပွား ဖွယ် ပြောဆိုထားသည်။ သို့သော်လည်း နွေဦးနှင့် နွေရာသီခရီးသွားရာသီ စတင်တော့မည် ဖြစ်ရာ အမေရိကန်ပြည်သူများ ပိုမိုခရီးသွားလာကြမည့်အချိန်တွင် ဓာတ်ဆီဈေးနှုန်းများက ပြည်သူတို့၏ ပိုက်ဆံအိတ်ကို ထိခိုက်လာမည်ကို လွှတ်တော်အမတ်များက စိုးရိမ်နေကြ သည်။

အလက်စကာပြည်နယ် အထက်လွှတ်တော်အမတ် လီဆာ မာကောစကီး(Lisa Murkowski) က ပြီးခဲ့သည့်လတွင် စတင်ခဲ့သည့် ကနဦးတိုက်ခိုက်မှုမတိုင်မီ အစိုးရအဖွဲ့အနေဖြင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းစဉ်းစားခဲ့ခြင်းရှိပုံမရဟု ဝေဖန်ခဲ့သည်။

“ အကောင်းမမြင်ဘဲ ပြောရရင်တော့၊ ခင်ဗျားတို့ ဒါကို ကြိုတင်တွက်ချက်မထားဘူးလို့ ပြောနေတာလား။ သူတို့ ဒါကို သေချာမစဉ်းစားခဲ့ဘူးလို့ ကျွန်မ စတင်မြင်နေရပြီ” ဟု ၎င်းက ပြီးခဲ့သည့်အပတ်က Punchbowl News သို့ ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ