နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အစ္စရေး ထိုးစစ်ဆင်မှု တစ်လအကြာတွင် အရှေ့အလယ်ပိုင်း၌ သေဆုံးသူ ထောင်နှင့်ချီ ရှိလာ

CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်

အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လေးပတ်နီးပါးအကြာတွင် အရှေ့အလယ်ပိုင်းဒေသ၌ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ပြီး ဒေသတွင်း လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှုလှိုင်းလုံးများ ဖြစ်ပေါ်နေသည်။

ရပ်ကွက်တစ်ခုလုံး အပျက်အစီးပုံများဖြစ်သွားခြင်း၊ နေအိမ်များ ဗုံးဒဏ်ကြောင့် ပျက်စီးခြင်းနှင့် မိသားစုထောင်ပေါင်းများစွာ လမ်းမပေါ်တွင် နေရပ်စွန့်ခွာနေရသည့် မြင်ကွင်းများ ထွက်ပေါ်လာသည်။ တိုက်ပွဲများ၏ အတိုင်းအတာနှင့် အကြိမ်ရေသည် “ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို လျစ်လျူရှုထားခြင်းကို ပြသနေသည်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက သတိပေးခဲ့သည်။ Human Rights Watch အဖွဲ့က ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် “ ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချရန်” နှင့် “ တာဝန်ယူမှု ရှိစေရန် တောင်းဆိုရန်” ကြာသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။

ထရမ့်အစိုးရအဖွဲ့သည် တိုက်ပွဲများအဆုံးသတ်ရေးအတွက် နည်းလမ်းအမျိုးမျိုး ပြောင်းလဲ ကျင့်သုံးနေသော်လည်း အီရန်၊ လက်ဘနွန်နှင့် အခြားနေရာများရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် သွေးထွက်သံယိုဖြစ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည်။

သိထားသင့်သည့် အချက်များမှာ-

အီရန်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်၌ အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း အီရန်တွင် လူပေါင်း ၁,၇၅၀ ကျော် သေဆုံးခဲ့ကြောင်း အပြည်ပြည် ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) ဆိုင်ရာ အီရန်ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် Islamic Republic News Agency က ဖော်ပြသည်။ ထိုအတောအတွင်း ကလေးငယ် ၂၁၇ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် အခြေစိုက် Human Rights Activists News Agency (HRANA) က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အနည်းဆုံး အီရန်စစ်ဘက်ဝန်ထမ်း ၁,၁၆၇ ဦး သေဆုံးခဲ့ကြောင်း HRANA က ဆက်လက်ပြောကြားသည်။

လက်ဘနွန်နိုင်ငံတွင် မတ်လ ၂ ရက်နေ့မှစ၍ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၁,၁၁၆ ဦး သေဆုံးပြီး ၃,၂၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ သေဆုံးသူများထဲတွင် အနည်းဆုံး ကလေးငယ် ၁၂၁ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၄၂ ဦး ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။

အီရတ်နိုင်ငံတွင်ရှိ အာဏာပိုင်များ၏ ပြောကြားချက်အရ အီရတ်တစ်ဝှမ်းတွင် အနည်းဆုံး လူပေါင်း ၉၆ ဦး သေဆုံးခဲ့သည်။ အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ်ဒေသဖြစ်သော ကာ့ဒစ္စတန်ဒေသတွင် အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအစိုးရက ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံတွင် နောက်ဆုံးအခြေအနေ တင်းမာလာမှုကြောင့် အစ္စရေးတွင် အရပ်သား အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ကြောင်း၊ ယင်းတွင် ယခုသီတင်းပတ်ကုန်က လက်ဘနွန် နယ်စပ်တစ်လျှောက် အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားတစ်ဦးလည်း ပါဝင်ကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေးစစ်သား ၄ ဦး သေဆုံးခဲ့သည်။

အစ္စရေး သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အီရန်ဒုံးကျည်ကြောင့် ပါလက်စတိုင်း ၄ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့တွင် ပြောကြား ခဲ့သည်။ ပါလက်စတိုင်းလူ့အဖွဲ့အစည်းများအပေါ် အစ္စရေး အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုများလည်း မြင့်တက်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း အစ္စရေးအခြေချနေထိုင်သူများကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’TSelem က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအခြေအနေ။  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၇၂,၂၆၇ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် အစီရင်ခံခဲ့သည်။ ထိုအထဲမှ ၆၉၁ ဦးမှာ အောက်တိုဘာ ၁၁ ရက်၊ အစ္စရေးနှင့် ဟားမတ်စ်တို့ အမေရိကန်ဦးဆောင်သည့် “ အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု။  ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အမေရိကန် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၁၃ ဦး သေဆုံးခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) အရ သိရသည်။

ဒေသတွင်း အခြားနေရာများ။  ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၂၈ ရက်နောက်ပိုင်း ပါရှန်ပင်လယ်ကွေ့တစ်လျှောက်ရှိ အာရပ်နိုင်ငံများတွင် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ အကာအကွယ်မဲ့ပြီး ထိခိုက်လွယ်သည့် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။

ဘေရွတ်မြို့တောင်ဘက် ဒါဟီယေး (Dahiyeh) ဆင်ခြေဖုံးရပ်ကွက်မှ နေရပ်စွန့်ခွာလာရသော ကလေးငယ်များသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ကမ်းရိုးတန်းရှိ ၎င်းတို့၏ တဲများအတွင်း ကြာသပတေးနေ့က မိုးခိုနေကြစဉ်။ Emilio Morenatti/AP (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 20 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 29 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို