နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန်၏ ထိခိုက်လွယ်သော သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် သိပ္ပံပညာရှင် အနည်းဆုံး ၁၀ ဦး မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေမှုအပေါ် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးအဖွဲ့များ အရှိန်မြှင့်လုပ်ဆောင်နေ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၂ ရက်

အမေရိကန် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ကိုင်တွယ်ခွင့်ရှိသူ သိပ္ပံပညာရှင်များ သေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်း ဆိုင်ရာ အစီရင်ခံစာများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာ ခဲ့သည်။

MIT တက္ကသိုလ်မှ နျူကလီးယား ရူပဗေဒပညာရှင် ပါမောက္ခတစ်ဦးသည် မန်ဆာချူးဆက် ပြည်နယ်ရှိ ၎င်း၏နေအိမ်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးမှာလည်း နယူးမက္ကဆီကိုရှိ ၎င်း၏နေအိမ်မှ ပျောက်ဆုံး သွားခဲ့ သည်။ အာကာသအင်ဂျင်နီယာတစ်ဦးမှာမူ လော့စ်အိန်ဂျလိစ်တွင် တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့သည်။

အမေရိကန်၏ ထိခိုက်လွယ်သော နျူကလီးယားနှင့် အာကာသ သုတေသနလုပ်ငန်းများနှင့် ဆက်နွှယ်နေသူ အနည်းဆုံး ၁၀ ဦးမှာ မကြာသေးမီနှစ်များအတွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်များသည် အပြန်အလှန် ဆက်စပ်မှုရှိမရှိနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်နေပြီး မသမာသော လုပ်ရပ်များ ဖြစ်နိုင်ခြေရှိကြောင်း အွန်လိုင်းတွင် ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။

FBI က “ ပျောက်ဆုံးနေသူများနှင့် သေဆုံးသွားသော သိပ္ပံပညာရှင်များအကြား ဆက်စပ်မှု ရှိ၊ မရှိကို ရှာဖွေဖော်ထုတ်ရန် ဦးဆောင်ကြိုးပမ်းနေကြောင်း” ယခုအခါ ပြောကြားထားပြီး၊ “ အဖြေရှာနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန၊ စစ်ဝန်ကြီးဌာန (Department of War) နှင့် ပြည်နယ်နှင့် ဒေသန္တရ ဥပဒေစိုးမိုးရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

သီးခြားအနေဖြင့် ရီပတ်ဘလစ်ကန်ဦးဆောင်သော အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီကလည်း ထိုပုဂ္ဂိုလ်များ ပျောက်ဆုံး၊ သေဆုံးမှုအစီရင်ခံစာများကို စုံစမ်း စစ်ဆေးမည်ဟု တနင်္လာနေ့တွင် ကြေညာခဲ့သည်။ ကော်မတီက ထိုပုဂ္ဂိုလ်များသည် ထိခိုက်လွယ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို ရယူခွင့်ရှိသူများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအစီရင်ခံစာများသည် သေဆုံးမှုနှင့် ပျောက်ဆုံးမှုများအကြား “ မကောင်းမှုနှင့် ဆက်စပ်မှု (sinister connection)” ရှိနိုင်ခြေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး FBI၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် NASA တို့ထံမှ ရှင်းလင်းတင်ပြမှုများကို တောင်းခံထားသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ကော်မတီသို့ တိုက်ရိုက်ပြန်လည်ဖြေကြားမည်ဟုသာ ပြောကြားခဲ့ပြီး၊ စွမ်းအင်ဝန်ကြီးဌာနကမူ မေးခွန်းများကို အိမ်ဖြူတော်သို့သာ လွှဲပြောင်း ပေးခဲ့သည်။

NASA က X (ယခင် Twitter) ပေါ်ရှိ ပို့စ်တစ်ခုတွင် သိပ္ပံပညာရှင်များနှင့်ပတ်သက်၍ “ သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း” ပြောကြားခဲ့သည်။

“ လက်ရှိအချိန်မှာတော့ NASA နဲ့ ဆက်စပ်ပြီး အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ဘာလက္ခဏာမှ မတွေ့ရသေးပါဘူး” ဟု NASA ပြောရေးဆိုခွင့်ရှိသူ ဘက်သနီ စတီဗင်းစ်(Bethany Stevens )က ပြောကြားခဲ့သည်။

ဖြစ်ရပ်များမှာ တစ်ခုနှင့်တစ်ခု အခြေအနေချင်း ကွာခြားလှသည်။ အချို့မှာ မဖြေရှင်း နိုင်သေးသည့် လူသတ်မှုများဖြစ်ပြီး အချို့မှာ မသမာမှုအရိပ်အယောင်မရှိသည့် ပျောက်ဆုံးမှု များဖြစ်သည်။ အနည်းဆုံး ဖြစ်ရပ်နှစ်ခုတွင် မိသားစုဝင်များက ကျန်းမာရေးအခြေအနေ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲများကိုသာ အကြောင်းရင်းအဖြစ် ညွှန်ပြခဲ့ကြသည်။ အာဏာပိုင်များကလည်း ယခုအချိန်အထိ ဖြစ်ရပ်များအကြား မည်သည့်ဆက်စပ်မှုကိုမျှ အတည်မပြုနိုင်သေးပေ။

အိမ်ဖြူတော်ကလည်း ပြီးခဲ့သည့်အပတ်တွင် ဖြစ်ရပ်များအကြား အလားအလာရှိသော ဆက်စပ်မှုများကို စုံစမ်းရန် ဖက်ဒရယ်အေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က ယင်းကိစ္စကို “ အတော်လေး ပြင်းထန်တဲ့ ကိစ္စရပ် (pretty serious stuff)” ဟု ရည်ညွှန်းခဲ့သည်။

“ ဒါဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်ဖို့ဆိုတာ အင်မတန် မဖြစ်နိုင်ပါဘူး” ဟု အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ဂျိမ်းစ်ကိုမာ(James Comer) က Fox News သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ “ လွှတ်တော်က ဒါကို အရမ်းစိုးရိမ်ပါတယ်။ ဒါဟာ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော်တို့ ရှုမြင်တဲ့အတွက် ကျွန်တော်တို့ ကော်မတီရဲ့ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်လာပါပြီ။”

ဒီမိုကရက်တစ် အမတ်ဂျိမ်းစ် ဝါလ်ကင်ရှော(James Walkinshaw) ကလည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် လိုအပ်သည်ကို သဘောတူသော်လည်း ယင်းဖြစ်ရပ်များ နောက်ကွယ်တွင် စနစ်တကျ စီစဉ်ထားသော ရည်ရွယ်ချက်ရှိသည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“ အမေရိကန်မှာ နျူကလီးယား သိပ္ပံပညာရှင်နဲ့ ကျွမ်းကျင်သူ ထောင်ပေါင်းများစွာ ရှိပါတယ်။ လူ ၁၀ ယောက်ကို ပစ်မှတ်ထားရုံနဲ့ နိုင်ငံခြားရန်သူတစ်ယောက်က သိသိသာသာ ထိခိုက် အောင် လုပ်နိုင်တဲ့ နျူကလီးယား စီမံကိန်းမျိုး မဟုတ်ပါဘူး” ဟု ဝါလ်ကင်ရှော က CNN သို့ ပြောကြားခဲ့သည်။

ဖြစ်ရပ်တစ်ခုချင်းစီအလိုက် ကွဲပြားသော အခြေအနေများ

ဥပဒေပြုအမတ်များ၏ ပြောကြားချက်အရ လျှို့ဝှက်ဆန်းကြယ်သော သေဆုံး၊ ပျောက်ဆုံး မှုများသည် ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး NASA ၏ Jet Propulsion Laboratory (JPL) တွင် ၂၅ နှစ်နီးပါး အလုပ်လုပ်ခဲ့သူ သိပ္ပံပညာရှင် မိုက်ကယ်ဒေးဗစ် ဟစ်စ်(Michael David Hicks) သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။

အသက် ၅၉ နှစ်အရွယ် ဟစ်စ် သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်တွင် သေဆုံးခဲ့သည်။ သူသည် JPL တွင် ရှိစဉ်က ကြယ်တံခွန်နှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများအကြောင်းကို အထူးပြု လေ့လာခဲ့သူဖြစ်သည်။ သူ၏ သေဆုံးရသည့် အကြောင်းရင်းကို ထုတ်ဖော်ခြင်းမရှိပေ။

သူ၏သမီးဖြစ်သူဂျူလီယာ ဟစ်စ် (Julia Hicks) က သူမ၏ဖခင်မှာ ကျန်းမာရေးပြဿနာများ ရှိခဲ့ကြောင်းနှင့် မကြာသေးမီက ထွက်ပေါ်လာသည့် ထင်ကြေးပေးမှုများကြောင့် စိုးရိမ် ထိတ်လန့် နေရကြောင်း CNN သို့ ပြောကြားခဲ့သည်။

“ ကျွန်မ အဖေအကြောင်း သိသလောက်ဆိုရင် သူ့ကို ဒီဖက်ဒရယ် စုံစမ်းစစ်ဆေးမှုထဲ ဆွဲထည့် ရလောက်တဲ့ အကြောင်းပြချက် မရှိပါဘူး။ ကျွန်မ အဖေရဲ့ သေဆုံးမှုနဲ့ တခြားပျောက်ဆုံး နေတဲ့ သိပ္ပံပညာရှင်တွေအကြား ဘယ်လိုဆက်စပ်နေလဲဆိုတာ နားမလည်နိုင်ဘူး” ဟု သူမက ဆိုသည်။

နောက်ပိုင်းနှစ်များတွင် JPL နှင့် ဆက်နွှယ်သူ အခြားအချို့လည်း သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။ အာကာသသုတေသနပညာရှင် ဖရင့်မိုင်ဝါးဒ်(Frank Maiwald) သည် ၂၀၂၄ ခုနှစ်တွင် အသက် ၆၁ နှစ်အရွယ်၌ လော့စ်အိန်ဂျလိစ်တွင် သေဆုံးခဲ့သည်။ အသက် ၆၀ အရွယ် အာကာသအင်ဂျင်နီယာ မိုနီကာရေဇာ(Monica Reza) သည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် လော့စ်အိန်ဂျလိစ် တောအုပ်တစ်ခုအတွင်း တောင်တက်ရင်း ပျောက်ဆုံးသွားခဲ့သည်။ သူမသည် NASA ၏ Materials Processing Group တွင် ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အငြိမ်းစား လေတပ်ဗိုလ်ချုပ်ကြီး ဝီလီယံ နီးလ် မက်ကက်စလန်(William Neil McCasland) သည်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က နယူးမက္ကဆီကိုရှိ ၎င်း၏နေအိမ်မှ ထွက်ခွာ သွားပြီးနောက်ပိုင်း ပြန်မတွေ့ရတော့ပေ။ ၎င်း၏ ဖုန်း၊ မျက်မှန်နှင့် ဝတ်ဆင်ရသော နည်းပညာ ပစ္စည်းများကို အိမ်တွင် ချန်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် FBI က ရှာဖွေရေးတွင် ပါဝင်ကူညီနေသည်။

မက်ကက်စလန် သည် ပင်တဂွန်၏ အဆင့်မြင့်ဆုံး အာကာသသုတေသနလုပ်ငန်းများ၏ အဓိကနေရာတွင် ရှိခဲ့သူဖြစ်ပြီး Wright-Patterson လေတပ်အခြေစိုက်စခန်းရှိ လေတပ် သုတေသနဓာတ်ခွဲခန်းကို ကွပ်ကဲခဲ့သူဖြစ်သည်။ ၎င်း၏ဇနီးဖြစ်သူကမူ ၎င်းပျောက်ဆုံးမှုမှာ UFO များနှင့် ပတ်သက်မှုမရှိကြောင်း လူမှုကွန်ရက်တွင် ငြင်းဆိုထားသည်။

နယူးမက္ကဆီကိုရှိ အဓိက နျူကလီးယား သုတေသနဌာနဖြစ်သော လော့စ် အယ်မော့ အမျိုးသား ဓါတ်ခွဲခန်း(Los Alamos National Laboratory) တွင် အလုပ်လုပ်ခဲ့သည့် မယ်လီဆာ ကပ်စီရပ် (Melissa Casias) နှင့် အန်တိုနီ ချာဗက်ဇ် (Anthony Chavez) တို့မှာ လည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်။

သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်း

မကြာသေးမီလများအတွင်း နာမည်ကျော် သိပ္ပံပညာရှင်အချို့ သေဆုံးမှုကလည်း ထင်ကြေး ပေးမှုများကို မြင့်တက်စေခဲ့သည်။

MIT မှ ပါမောက္ခ နူမို အက်ဖ်ဂျီ လိုရီရို (Nuno F.G. Loureiro) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တွင် ဘော့စတွန်ရှိ ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ အသက် ၄၇ နှစ်အရွယ်ရှိ ရူပဗေဒနှင့် ပေါင်းစပ်နျူကလီးယား (fusion) ပညာရှင်ဖြစ်သူ လိုရီရို (Loureiro) သည် MIT ၏ Plasma Science and Fusion Center ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

နက္ခတ်ရူပဗေဒပညာရှင် ကားလ် ဂရီးမိုင်ရာ (Carl Grillmair) သည်လည်း ဖေဖော်ဝါရီလတွင် လော့စ်အိန်ဂျလိစ်ရှိ ၎င်း၏နေအိမ်၌ သေနတ်ဖြင့် အပစ်ခံရကာ သေဆုံးခဲ့သည်။ သူသည် NASA နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပြီး နေအဖွဲ့အစည်းပြင်ပရှိ ဂြိုဟ်များပေါ်တွင် ရေ ရှာဖွေရေး လေ့လာမှုများကြောင့် လူသိများသူ ဖြစ်သည်။

ထို့အပြင် UFO နှင့်ပတ်သက်၍ လွှတ်တော်တွင် ထွက်ဆိုရန်ရှိသည့် လေတပ်ထောက် လှမ်းရေး အရာရှိဟောင်း မက်သယူး ဂျိမ်းဆူလေဗန်(Matthew James Sullivan) မှာလည်း ၂၀၂၄ ခုနှစ်တွင် သေဆုံးခဲ့သည်။ ရီပတ်ဘလစ်ကန်အမတ် အဲရစ် ဘာလီဆန် (Eric Burlison) က ဆူလေဗန်(Sullivan) ၏ သေဆုံးမှုမှာ သံသယဖြစ်ဖွယ် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ

သမ္မတ ထရန့်က ယင်းဖြစ်ရပ်များသည် တိုက်ဆိုင်မှုသာဖြစ်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သော်လည်း “ နောက်တစ်ပတ်ခွဲအတွင်းမှာ အဖြေသိရတော့မှာပါ” ဟု သတင်းထောက်များ ကို ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်းလီဗစ်(Karoline Leavitt) က အေဂျင်စီ အားလုံးသည် ဖြစ်ရပ်အားလုံးကို ပေါင်းစည်းသုံးသပ်ပြီး တူညီသည့် အချက်အလက်များ ရှိ၊ မရှိကို စေ့စေ့စပ်စပ် ရှာဖွေနေကြောင်း ပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူး ကက်ရှ ပက်တဲလ်(Kash Patel) ကလည်း “ လျှို့ဝှက်သတင်း အချက်အလက် ကိုင်တွယ်ခွင့် ဒါမှမဟုတ် နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ကျွန်တော်တို့ ရှာဖွေသွားမှာပါ။ မသမာတဲ့ လုပ်ရပ် ဒါမှမဟုတ် ပူးပေါင်းကြံစည်မှုတွေနဲ့ ဆက်စပ်နေတာတွေ့ရင် FBI အနေနဲ့ သင့်တော်တဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင် သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အငြိမ်းစားလေတပ်ဗိုလ်ချုပ် ဝီလျံ နီးလ် မက်ကာစ်လန်း (Maj. Gen. William Neil McCasland)အမေရိကန်လေတပ် မက်ကာစ်လန်းသည် ပင်တဂွန်၏ အချို့သော အစိတ်အပိုင်းများ၏ ဗဟိုချက်တွင် ရှိခဲ့သည်။(ပုံ)

မယ်လီဆာ ကာဆီးယပ်စ်(Melissa Casias) နယူးမက္ကဆီကို အများပြည်သူလုံခြုံရေးဌာန(ပုံ)

အန်သိုနီ ချာဗက်ဇ်၊ လော့စ်အလာမို့စ် ကောင်တီ ရဲဌာန (Anthony Chavez, Los Alamos County Police Department)(ပုံ)

Nuno Loureiro သည် MIT တွင် နျူကလီးယားသိပ္ပံနှင့် အင်ဂျင်နီယာနှင့် ရူပဗေဒပါမောက္ခတစ်ဦးဖြစ်သည်(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ပူတင်၏ သဘောထား တင်းမာမြဲဖြစ်သော်လည်း ရုရှားပြည်တွင်း၌ စစ်ပွဲနှင့်ပတ်သက်၍ လူထုအမြင် ပြောင်းလဲလာနေသလား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 37 Views
ရေးသားသူ- ဘီဘီစီ ရုရှားအယ်ဒီတာ စတီ့ဗ် ရိုစင်ဘာ့ဂ်(Steve Rosenberg) BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် မူလက စစ်ဆင်ရေးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ပဉ္စမမြောက် ရေတပ်စုဌာနချုပ်နှင့် လေတပ်စခန်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
CNN-၂၀၂၆ခုနှစ်၊ ဂျွန်လ ၃ရက် ဟယ်လင် ရီဂန် (Helen Regan) ရေးသားသည်။ အီရန်နှင့်ဆက်နွှယ်နေသော ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့မှုနှင့် ကက်ရှ်မ်ကျွန်း (Qeshm Island) ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုများကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် ဒေသတွင်းရှိ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အပစ်အခတ်ရပ်စဲရေး မသေချာမရာဖြစ်နေစဉ် အမေရိကန်နှင့် အီရန်တို့ ရက်သတ္တပတ်များအတွင်း အပြင်းထန်ဆုံး အပြန်အလှန်တိုက်ခိုက်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 29 Views
CNN- ဂျက်ဆီ ယန်း (Jessie Yeung) ရေးသားသည်။ ပြီးခဲ့သည့် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အပြင်းထန်ဆုံးသော ညသန်းခေါင်ယံ တိုက်ခိုက်မှုတစ်ခုအဖြစ် အမေရိကန်နှင့် အီရန်တို့သည် အပြန်အလှန် စစ်ရေးအရ တုံ့ပြန်ခဲ့ကြသည်။ ရက်အနည်းငယ်ကြာ အပြန်အလှန်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း လက်ဘနွမ် အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ဘနွန်အရေးကြောင့် ဆွေးနွေးပွဲများမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်ပြီးနောက် သံတမန်ရေးရာလမ်းကြောင်း ပြန်လည်စတင်ပြီဖြစ်ကြောင်း အီရန် အရိပ်အမြွက်ပြသ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် အီရန်နှင့် ဝါရှင်တန်တို့ကြား ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အီရန်မီဒီယာ များက အရိပ်အမြွက် ဖော်ပြခဲ့ကြသော်လည်း၊ လက်ဘနွန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ရှိနေပါက အခြေအနေကို ပိုမိုတင်းမာအောင် ပြုလုပ်သွားမည်ဟု အီရန်၏
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

လက်ဘနွန်နှင့် အစ္စရေးတို့ကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေစဉ် ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 37 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ(၂)ရက် လက်ဘနွန်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များသည် အင်္ဂါနေ့တွင် နောက်ထပ်ဆွေးနွေးပွဲတစ်ခုအတွက် ပြင်ဆင်နေကြသော်လည်း၊ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့နှင့် အစ္စရေးစစ်တပ်တို့သည် လက်ဘနွန်တောင်ပိုင်းတွင် ညတွင်းချင်း ဆက်လက်၍ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ဟစ်ဇဘိုလာ၏ တိုက်ခိုက်မှုများကို