နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည်

BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက်

ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။

ယခင်နှစ်များကဆိုလျှင် စိန့်ဘာဆေးလ် ကသီဒြယ် (St Basil’s Cathedral) အနီးမှာ ရပ်လေ့ရှိသည့် မီဒီယာဘတ်စ်ကားပေါ်ကနေ ဆင်းပြီးတာနဲ့ ရင်ပြင်ဘေးက သတင်းထောက်များနေရာမှာ နေရာကောင်းရဖို့ အပြေးအလွှား သွားကြရသည်။

ယခုနှစ်မှာတော့ ထိုသို့ ပြေးလွှားနေရန် မလိုအပ်တော့ပါ။ သတင်းထောက် အနည်းငယ်သာ တက်ရောက်ကြပြီး၊ နိုင်ငံတကာသတင်းဌာန အတော်များများကိုလည်း တက်ရောက်ခွင့် မပြုခဲ့ပေ။

ကျွန်တော် ရင်ပြင်နီပေါ်က သတ်မှတ်နေရာကို ရောက်သွားချိန်မှာတော့ ရုရှားရုပ်သံ အဖွဲ့ တစ်ဖွဲ့က ကျွန်တော့်ဆီ ရောက်လာပြီး ဗီဒီယိုရိုက်ပါတော့သည်။ “ စတိဗ်၊ ခင်ဗျား ရှိနေတာဟာ နိုင်ငံခြားမီဒီယာတွေကို တက်ရောက်ခွင့်ပေးထားတယ်ဆိုတဲ့ သက်သေပဲ” ဟု ထိုသတင်းထောက်က ပြုံးရွှင်စွာ ပြောသည်။ “ မဟုတ်သေးဘူးလေ၊ တခြားဘယ်သူ့ကိုမှ ကျွန်တော်မမြင်မိဘူး” ဟု ကျွန်တော်က ပြန်ဖြေလိုက်သည်။

မည်သို့ပင်ဖြစ်စေ ၂၀၂၆ ခုနှစ်၏ အောင်ပွဲနေ့စစ်ရေးပြပွဲက မည်သို့ရှိမည်ကို ကိုယ်တိုင် မြင်တွေ့ခွင့်ရသည့်အတွက် ကျွန်တော် ဝမ်းသာပါသည်။ သတင်းထောက်များ နည်းပါး သွားသည့်အပြင် ပွဲကြည့်စင်ပေါ်က ဧည့်သည်များလည်း နည်းပါးနေပြီး၊ ဤခမ်းနားသည့်ပွဲကို လာရောက်ကြည့်ရှုသည့် ကမ္ဘာ့ခေါင်းဆောင်များလည်း အနည်းငယ်သာ ရှိတော့သည်။

သို့သော် အကြီးမားဆုံး ကွာခြားချက်မှာ စစ်ရေးပြပွဲ စတင်ချိန်တွင် သိသိသာသာ ပေါ်လွင်လာခဲ့သည်။

ပြသနေကျ တင့်ကားများ၊ ဒုံးပစ်စင်များ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တစ်ခုမှ မရှိ တော့ပေ။ နိုင်ငံတကာစင်မြင့်ထက်တွင် ရုရှား၏ စစ်အင်အားကို ပြသရန် ကရင်မလင်က အမြဲထုတ်ဖော်ပြသလေ့ရှိသည့် စစ်လက်နက်ပစ္စည်းများ လုံးဝပါဝင်မလာခဲ့ပါ။

၎င်းမှာ ယခုနှစ် စစ်ရေးပြပွဲကို အကျဉ်းချုံး ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည် (ထို့ကြောင့် ဧည့်သည်နှင့် သတင်းထောက် နည်းပါးခြင်းဖြစ်သည်)။ ယူကရိန်းက ရင်ပြင်နီကို ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်သည်ဟူသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အာဏာပိုင်များက အကြောင်းပြခဲ့ကြသည်။

ရုရှား၏ အင်အားကို ပြသရန် အမြဲတမ်း စနစ်တကျ စီစဉ်လေ့ရှိသည့် ဤစစ်ရေးပြပွဲကို သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် လျှော့ချကျင်းပရန် ဝန်လေးနေမည်မှာ သေချာပါသည်။ သို့သော် ယူကရိန်း၏ တိုက်ခိုက်မှုဒဏ်ကို ကြောက်ရွံ့ရခြင်းကပင် ဤအပြောင်းအလဲကို ဖြစ်စေခဲ့သည်။

နောက်ဆုံးတွင်တော့ စစ်ရေးပြပွဲသည် မည်သည့် ပြဿနာမျှမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ မည်သည့်တိုက်ခိုက်မှုမျှ မရှိခဲ့ပေ။ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးထားသည့် မော်စကိုနှင့် ကိယက်ဗ် (Kyiv) ကြား နောက်ဆုံးမိနစ် အပစ်အခတ်ရပ်စဲရေးက ထိုအန္တရာယ်ကို လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

သောကြာနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားကို စစ်ရေးပြပွဲ ကျင်းပရန် “ ခွင့်ပြုကြောင်း” အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ ထိုသို့ လှောင်ပြောင်မှု ကိုတော့ မော်စကိုဘက်က သဘောမကျခဲ့ပေ။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားအနေဖြင့် အောင်ပွဲနေ့စစ်ရေးပြပွဲ ကျင်းပရန် မည်သူ့ခွင့်ပြုချက်မျှ မလိုကြောင်း တုံ့ပြန်ခဲ့သည်။

အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် စစ်လက်နက်ပစ္စည်းများကကော အဘယ်မှာနည်း?

၎င်းတို့ကို ရင်ပြင်ပေါ်တွင် ကျွန်တော်တို့ မတွေ့ရသော်လည်း ဖန်သားပြင်ပေါ်တွင်တော့ မြင်တွေ့ခဲ့ရသည်။ ဒုံးပစ်စင်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများ၊ ရေငုပ်သင်္ဘောများနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို ရင်ပြင်နီတွင် တပ်ဆင်ထားသည့် ဧရာမ ဖန်သားပြင်ကြီးများပေါ်တွင် ဗီဒီယိုများအဖြစ် ပြသခဲ့ကြသည်။

စစ်လက်နက်ပစ္စည်းများကို လူကိုယ်တိုင် လာရောက်ပြသရန် မဖြစ်နိုင်တော့ပါက ဗီဒီယိုဖြင့် ပြသခြင်းသည် အကောင်းဆုံးနည်းလမ်းဟု ကရင်မလင်က ဆုံးဖြတ်ခဲ့ပုံရသည်။

“ ကျွန်တော်တို့ဟာ အမြဲတမ်း အောင်နိုင်သူတွေဖြစ်ခဲ့သလို၊ နောင်လည်း အောင်နိုင်သူတွေ ဖြစ်နေဦးမှာပါ” ဟု သမ္မတ ပူတင်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆိုဗီယက်ယူနီယံသည် လွန်ခဲ့သော ၈၁ နှစ်က အောင်ပွဲခံခဲ့သည်။ ၁၉၄၅ ခုနှစ်၏ “ ကြီးကျယ်သော အောင်ပွဲ” ဟု ခေါ်ဆိုသည့် ကျူးကျော်သူကို တွန်းလှန်အနိုင်ယူနိုင်ခဲ့မှုကို ရုရှားတို့ အမှန်တကယ် ဂုဏ်ယူနိုင်ပါသည်။ ၎င်းကိုပင် ယနေ့ ရင်ပြင်နီ၌ ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယူကရိန်းစစ်ပွဲမှာမူ အလွန်ကွဲပြားခြားနားသည့် စစ်ပွဲတစ်ခု ဖြစ်သည်။ ရုရှားသည် လွန်ခဲ့သော လေးနှစ်ကျော်ကတည်းက ယူကရိန်းကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ရုရှားအတွက် အောင်ပွဲရမည့် အရိပ်အယောင်မှာမူ လုံးဝမရှိသေးပေ။

အောင်ပွဲနေ့စစ်ရေးပြပွဲအခန်းအနားတက်ရောက်လာသည့်သမတပူတင် (ပုံ)။

မော်စကို ရင်ပြင်နီတွင် အကျဉ်းချုံးကျင်းပသည့် အောင်ပွဲနေ့စစ်ရေးပြပွဲ(စတိဗ် ရိုဆင်ဘာ့ဂ် )(ပုံ)။

ရုရှားစစ်မှုထမ်းများ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားတွင် စုဝေးရောက်ရှိနေစဉ်(ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 7 Views
CNN – ၂၀၂၆၊ မေလ ၉ ရက် MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 31 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နယ်မြေသိမ်းပိုက်မှု အရှိန်အဟုန်ကို ယူကရိန်း ပြောင်းပြန်လှန်နိုင်ခဲ့ဖွယ်ရှိကြောင်း သုတေသနအဖွဲ့ ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 42 Views
Aljazeera – ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက် ဧပြီလအတွင်း ရုရှားစစ်သည် ၃၅,၀၀၀ ကျော် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်ဟု ယူကရိန်းက အခိုင်အမာ ပြောကြားနေချိန်တွင် မော်စကို၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 56 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 38 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 41 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of