နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား ဝါဒဖြန့်ချိရေးသမား အိုလီဗစ်ချ် ရုရှားနိုင်ငံမှ ထွက်ပြေးခဲ့ပြီး အမေရိကန် ပြည်ထောင်စုထံ အကူအညီတောင်းခံ

၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၀ရက်

ယခင်က အနောက်နိုင်ငံဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ခဲ့သူနှင့် “ ကျွမ်းကျင်သူ” တစ်ဦးဖြစ်သည့် ဗစ်တာ အိုလီဗစ်ချ် (Victor Olevych) သည် ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့ (FSB) ၏ ဖိအားပေးမှုများကြောင့် ရုရှားနယ်မြေအတွင်းမှ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

၎င်း၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတို့တွင် ၎င်း၏နေအိမ်သို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ကာ တိုက်ရိုက်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ FSB နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းနှင့် ရုရှားနိုင်ငံသားအဖြစ် ခံယူရန် ဆန္ဒမရှိခြင်းတို့ကြောင့်ဟု ဆိုသည်။

အိုလီဗစ်ချ်က ၎င်းတွင် “ နိုင်ငံတော်အတွက် အရေးကြီးသော အချက်အလက်များ” ရှိနေလင့်ကစား ဖိအားပေးမှုများမှာ ဆက်ရှိနေပြီး စနစ်တကျ ပစ်မှတ်ထားလာခြင်း ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် ၎င်းသည် ဂရိနိုင်ငံသို့ ရောက်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ အကူအညီတောင်းခံထားသည်။

ယခင်က အိုလီဗစ်ချ်သည် ရုရှားဝါဒဖြန့်ချိရေး အစီအစဉ်များဖြစ်သည့် “ Time Will Tell” နှင့် “ Meeting Place” တို့တွင် ပုံမှန်ပါဝင်လေ့ရှိပြီး၊ “ ရုရှားကို မုန်းတီးသော အနောက်အုပ်စု” အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများကြောင့် လူသိများသည့် လက်ရှိနိုင်ငံရေးဗဟိုဌာန (Center of Current Politics) ၏ ကျွမ်းကျင်သူတစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။

ဗစ်တာ အိုလီဗစ်ချ် (Victor Olevych)နောက်ကြောင်းရာဇဝင်။

ဗစ်တာ အိုလီဗစ်ချ် ဟာ အမေရိကန်ပြည်ထောင်စု နိုင်ငံသား ဖြစ်ပါတယ်။

၎င်းကို ၁၉၇၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာ (Odesa) မြို့၌ မွေးဖွားခဲ့သော်လည်း နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဖီလာဒဲလ်ဖီးယားရှိ တန်ပယ်တက္ကသိုလ် (Temple University) မှ ရုရှားစာပေနှင့် သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက်၊ ၂၀၁၀ ပြည့်နှစ်တွင် မော်စကိုမြို့သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ နောက်ခံသမိုင်းကြောင်းနှင့် အမေရိကန်နိုင်ငံသားဖြစ်မှုတို့ကြောင့် ရုရှားအစိုးရပိုင် မီဒီယာများသည် ၎င်းအား “ အမေရိကန်ရေးရာ ကျွမ်းကျင်သူ” တစ်ဦးအဖြစ် ရုပ်သံလိုင်းများ တွင် ဖိတ်ခေါ်ကာ အနောက်နိုင်ငံများ၏ မူဝါဒများကို ဝေဖန်ခိုင်းလေ့ရှိပြီး၊ ယခု FSB နှင့် ပြဿနာမဖြစ်ပွားမီအချိန်အထိ ထိုသို့ အသုံးချခဲ့ခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စ်ပွဲပြီးဆုံးသွားပြီဟု ထရမ့်ပြောကြားသော်လည်း သဘောတူညီချက်ရရှိမှုကို အီရန်ဘက်က အတည်မပြုသေး၊ နောက်ဆုံးရသတင်းများ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်ရေးသားသူ – Elise Hammond အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 5 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း
နိုင်ငံတကာသတင်း

ဆိုမာလီဒိုင်လူကြီးကို ဥရောပစူပါကပ်ပွဲစဉ်တွင် တာဝန်ထမ်းဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခန့်အပ်၊ ၎င်းအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 3 Views
Aljazeera News- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် အိုမာ အာတန် (Omar Artan) သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်တာဝန်ခံ ဒိုင်လူကြီးများစာရင်းတွင် ပါဝင်ခဲ့သော်လည်း အမေရိကန်က ၎င်းအား ပြည်ဝင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မည်ဟု ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် တဟီရန်နှင့် အမေရိကန်တို့ ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ထရမ့် က အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များကိုပါ ထိန်းချုပ်သွားမည်ဟု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

NN- နောက်ဆုံးရသတင်း -၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၁ရက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
• အမေရိကန်၏ တိုက်ခိုက်မှုများ – အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အီရန်စစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များ၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ တိုက်ခိုက်မှုများသည် အီရန်၏ အချုပ်အခြာအာဏာကို “ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက် အီရန်နိုင်ငံအပေါ် အမေရိကန်၏ နောက်ဆုံး တိုက်ခိုက်မှုများသည် နိုင်ငံ၏ အမျိုးသား အချုပ်အခြာအာဏာကို “ ထင်ရှားစွာ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခေါ်ဆိုလိုက်ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) က ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်ကမူ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့်