နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်

CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guards) က ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်ကမူ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့အစောပိုင်းက ပြုလုပ် ခဲ့သော တိုက်ခိုက်မှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း အစ္စရေးအပေါ် အီရန်၏ တိုက်ခိုက်မှုများသည် ဆယ်စုနှစ်များစွာ ကြာအောင် အဓိကအားဖြင့် လက်ဝေခံအုပ်စုများ၊ လျှို့ဝှက်စစ်ဆင်ရေးများနှင့် ဂရုတစိုက် တွက်ချက်ထားသော လက်တုံ့ပြန်မှုများမှတစ်ဆင့် ဆင်နွှဲခဲ့သည့် ထိပ်တိုက်တွေ့ဆုံမှု၏ နယ်နိမိတ်များကို ပြန်လည်သတ်မှတ်ရန် အပြင်းထန်ဆုံး ကြိုးပမ်းမှုအချို့ ဖြစ်ခဲ့သည်။

လက်ဘနွန်နိုင်ငံအတွင်း တိုက်ခိုက်ခံရမှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးကို ပစ်မှတ် ထားခြင်းအားဖြင့် တဟီရန် (Tehran) သည် ၎င်းတို့၏ အနီရောက်စည်းများ (Red lines) မှာ ၎င်းတို့၏ ကိုယ်ပိုင်နယ်စပ်များတွင်သာ ရပ်တန့်မနေတော့ကြောင်းနှင့် ၎င်းတို့၏ ခေါင်းဆောင် များသည် ပိုမိုကြီးမားသော စွန့်စားမှုများကို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း အရိပ်အမြွက် ပြသလိုက်ခြင်း ဖြစ်ပုံရသည်။

ဤလှုပ်ရှားမှုသည် တဟီရန်တွင် ပိုမိုကျယ်ပြန့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည် ကို ဖော်ပြနေပြီး၊ ထိုနေရာတွင် မျိုးဆက်သစ် ခေါင်းဆောင်များသည် အစ္စလာမ္မစ်သမ္မတ နိုင်ငံတော်၏ ရန်သူများအပေါ် ကျင့်သုံးခဲ့သည့် ရေရှည်မဟာဗျူဟာဖြစ်သော သတိကြီးစွာ ဖြင့် တုံ့ပြန်သည့် ချဉ်းကပ်မှုကို တဖြည်းဖြည်း စွန့်လွှတ်လာကြသည်။ ၎င်းတို့သည် ဟန့်တားမှု နှင့် မဟာဗျူဟာမြောက် စိတ်ရှည်မှုတို့ကို အဓိကအားထားမည့်အစား၊ ယခုအခါ အရှေ့အလယ်ပိုင်း ဖြစ်ရပ်များကို ပုံဖော်ရန်အတွက် စွန့်စားမှုများ ပြုလုပ်ရန်နှင့် အီရန်၏ စစ်ရေး၊ စီးပွားရေးနှင့် ဒေသတွင်း သြဇာအာဏာများကို အသုံးချရန် ပိုမိုဆန္ဒရှိပုံရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကထိုတူညီသော အီရန်ခေါင်းဆောင်ပိုင်းကို “ ပို၍ ဆင်ခြင်တုံ တရားရှိသူများ” နှင့် “ အတော်လေး ကျိုးကြောင်းဆီလျော်သူများ” ဟု ခေါ်ဆို ခဲ့သည်။

အီရန်သည် အမေရိကန်-အစ္စရေး မဟာမိတ်အဖွဲ့ကို စမ်းသပ်နေပြီး ပဋိပက္ခ၏ နောက်ဆုံး ရလဒ်နှင့် ပတ်သက်၍ ၎င်းနှစ်နိုင်ငံအကြား တိုးပွားလာသော သဘောထားကွဲလွဲမှုများကို အခွင့်ကောင်းယူနေပုံလည်း ရသည်။ ထရန့်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် အကြိမ်ကြိမ် လူသိရှင်ကြား သဘောထား ကွဲလွဲခဲ့ပြီး တဟီရန်နှင့် သံတမန်ရေးရာ သဘောတူညီချက်တစ်ခု ရရှိရန် လက်တစ်ကမ်းအကွာတွင် ရှိနေကြောင်းနှင့် အစ္စရေးအနေဖြင့် ယင်းကို လက်ခံရန်မှတစ်ပါး “ အခြားရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်” ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အီရန်သည် အစ္စရေး၏ စစ်ရေးအရ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ပံ့ပိုးပေးရန် သို့မဟုတ် တဟီရန်နှင့် သံတမန်ရေးရာ လမ်းကြောင်းကို ထိန်းသိမ်းရန်ဟူသော ရွေးချယ်မှုနှစ်ခုကြားတွင် ဝါရှင်တန်ကို ရွေးချယ်ခိုင်းရန် အောင်မြင်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဇွန်လ ၈ ရက်နေ့က အီရန်၏ တိုက်ခိုက်မှုများအပြီး ဝက်စ်ဘန့်ခ် (West Bank) ဒေသ၊ ဂျေရီခို (Jericho) မြို့ ဆင်ခြေဖုံးတွင် မြေကြီးထဲသို့ တစ်ဝက်ခန့် နစ်ဝင်နေသော ကျဆင်းလာသည့် ရော့ကက်ဒုံးကျည်တစ်စင်းကို အမျိုးသားတစ်ဦးက စစ်ဆေးနေစဉ်။ (ဓာတ်ပုံ – Ahmad Gharabli/AFP/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 6 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

နည်းပညာကြောင့် အင်အားကြီးရန်သူကို ယူကရိန်း အသာစီးရနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ယူကရိန်းရှိ ရုရှားစစ်ပွဲ ယူကရိန်းအရှေ့ပိုင်း — ဝူးဝူးဝါးဝါး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စ်ပွဲပြီးဆုံးသွားပြီဟု ထရမ့်ပြောကြားသော်လည်း သဘောတူညီချက်ရရှိမှုကို အီရန်ဘက်က အတည်မပြုသေး၊ နောက်ဆုံးရသတင်းများ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်ရေးသားသူ – Elise Hammond အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နှင့် “စစ်ပွဲကို အဆုံးသတ်လိုက်ပြီ” ဖြစ်ကြောင်းနှင့် တိုက်ပွဲများရပ်တန့်ရန် နှစ်ဦးနှစ်ဖက်စလုံးက “အလွန်ခိုင်မာသည့် နားလည်မှုစာချွန်လွှာ” တစ်ခုအပေါ်
နိုင်ငံတကာသတင်း အမေရိကန်

ဝါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင် (National Mall) ၏ မြက်ခင်းပြင်ပေါ်တွင် ‘8647’ ဟု အက္ခရာအကြီးကြီး ရေးထွင်းထားသည်ကို ဝေဟင်ဓာတ်ပုံများတွင် တွေ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် ဝါရှင်တန် — သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသသည့် သင်္ကေတ အဖြစ် အများအားဖြင့် အသုံးပြုလေ့ရှိသော “8647” ဟူသည့် ဂဏန်းများသည်
နိုင်ငံတကာသတင်း

ဆိုမာလီဒိုင်လူကြီးကို ဥရောပစူပါကပ်ပွဲစဉ်တွင် တာဝန်ထမ်းဆောင်ရန် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ခန့်အပ်၊ ၎င်းအား အမေရိကန်က ပြည်ဝင်ခွင့်ပိတ်ပင်ထား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 3 Views
Aljazeera News- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် အိုမာ အာတန် (Omar Artan) သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပွဲစဉ်တာဝန်ခံ ဒိုင်လူကြီးများစာရင်းတွင် ပါဝင်ခဲ့သော်လည်း အမေရိကန်က ၎င်းအား ပြည်ဝင်ခွင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်၏ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်သည့် ခါ့ဂ်ကျွန်း (Kharg Island) ကို သိမ်းပိုက်မည်ဟု ထရမ့် သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် တဟီရန်နှင့် အမေရိကန်တို့ ညတွင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ထရမ့် က အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များကိုပါ ထိန်းချုပ်သွားမည်ဟု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

NN- နောက်ဆုံးရသတင်း -၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၁ရက်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 10 Views
• အမေရိကန်၏ တိုက်ခိုက်မှုများ – အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်အများအပြားကို အမေရိကန် စစ်တပ်က တိုက်ခိုက်မှုများ ပြုလုပ်ပြီးစီးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အီရန်စစ်တပ်၏ စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များ၊