နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ယူကရိန်းတွင် ဝါဂနာစစ်ဘက်ကုမ္ပဏီ၏ ကြေးစားစစ်သား စုစုပေါင်း ၃၀၀၀၀ ကျော် သေဆုံး/ဒဏ်ရာရခဲ့ကြောင်း အမေရိကန်အစိုးရ ခန့်မှန်း

ရုရှားပုဂ္ဂလိက စစ်ဘက်ကုမ္ပဏီ ဝါဂနာသည် ယူကရိန်းကို ရုရှားက စတင်ကျူးကျော်လာချိန်မှစ၍ သေဆုံးသူနှင့် ဒဏ်ရာရသူပေါင်း (၃၀,၀၀၀) ကျော်ပြီး ကျဆုံးသူမှာ (၉,၀၀၀) ခန့် ရှိသည်ဟု ယုံကြည်ကြောင်း အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ မစ္စတာကာဘီ (Kirby) က မနှစ် ဒီဇင်ဘာမှ ယခုအချိန်ထိ စစ်သား ၉၀၀၀ ၏ ထက်ဝက်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလအတွင်း သေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ရုရှားအကျဉ်းထောင်များမှ တပ်သားသစ်များ ဖြစ်သည်။

ဝါဂနာသည် ၎င်း၏ တပ်သားများကို စုဆောင်းရန်အတွက် အကျဉ်းသားများအပေါ် မှီခိုနေရပါသည်။ ဝါဂနာ၏အကြီးအကဲ Evgeny Prigozhin သည် အကျဉ်းထောင်များမှ တပ်သားစုဆောင်းခြင်းကို ရပ်တန့်မည်ဟု လွန်ခဲ့သည့်အပတ်က ပြောကြားခဲ့သော်လည်း အကျဉ်းသားစုဆောင်းမှုတွင် ကျဆင်းသွားသည့် အရိပ်အယောင်ကို မတွေ့ရသေးကြောင်း မစ္စတာကာဘီက ပြောကြားခဲ့သည်။

ဝါဂနာသည် အကျဉ်းသား တပ်သားသစ်များကို “ အမြောက် အစားအစာ” အဖြစ် အသုံးပြီး ၎င်းတို့ကို လူမဆန်စွာ ပစ်ချရာ တွင် တုံ့ဆိုင်းခြင်း မရှိကြောင်းလည်း မစ္စတာကာဘီက ပြောကြားခဲ့သည်။ သူသည် အကျဉ်းထောင်များမှ စုဆောင်းထားသည့် တပ်သားများကို စစ်ရေးလေ့ကျင့်ပေးမှု မရှိဘဲ၊ စစ်တိုက်ရာတွင် လိုအပ်သည့် လက်နက်ကိရိယာများလည်း တပ်ဆင်ပေးခြင်း မရှိဘဲ သို့မဟုတ် အဖွဲ့အစည်း၏ ခေါင်းဆောင် ထိမ်းချုပ်မှု မရှိဘဲ စစ်မြေပြင်သို့ အတင်းတွန်းပို့ခဲ့ကြောင်း ကာဘီက ပြောသည်။

မကြာသေးမီရက်များအတွင်း ယူကရိန်းအရှေ့ပိုင်းရှိ ဘတ်ကမွတ် (Bakhmut) မြို့ ၌ အပြင်းအထန် တိုက်ပွဲများအတွင်း ဝါဂနာမှ စစ်သားများ အများအပြား ဆုံးရှုံးခဲ့ရသည်။

ရုရှားသည် မကြာသေးမီရက်ပိုင်းများအတွင်း ဘတ်ကမွတ် နှင့် အနီးတစ်ဝိုက်တွင် တဖြည်းဖြည်း စစ်ရှိန်တိုးမြှင့်မှုကို လုပ် ဆောင်နေသည်ဟု ကာဘီက ပြောကြားခဲ့သည်။ သို့သော်လည်း ရုရှားသည် ဤစစ်ပွဲ အခြေအနေမှ မည်သို့ ရုန်းထွက်မည်ဆိုသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ကြောင်းကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 26 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 36 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 32 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း