လက်ထောက်ကာကွယ်ရေးဝန်ကြီး အိနိုက “ ဒီနေ့ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ ဂျပန်စံတော်ချိန် ညနေ ၅ နာရီ ၂၁ မိနစ်လောက်မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယား အနောက်ဘက်ကမ်းရိုးတန်းကနေ အရှေ့ဘက်ကို လွှတ်တင်ခဲ့ပါတယ်။” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
ပဲ့ထိန်းဒုံးကျည်သည် ဟိုကိုင်းဒိုးရှိ အိုရှီးမားကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာတွင် ဂျပန်စံတော်ချိန် ညနေ ၆ နာရီ ၂၇ မိနစ်ခန့်တွင် အဆိုပါ ဒုံးကျည်သည် ဂျပန်ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း လက်ထောက်ကာကွယ်ရေးဝန်ကြီး အိနိုက ပြောကြားခဲ့သည်။
ဒုံးကျည်ပစ်လွှတ်မှုအား တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ် ကီရှီဒါက သတင်းအချက်အလက် စုဆောင်းခြင်းနှင့် အချက် အလက်များ ခွဲခြမ်းစိတ်ဖြာရန် ကြိုးပမ်းမှုအားလုံးကို ညွှန်ကြားခဲ့ပြီး ကြိုတင်မမြင်နိုင်သော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရန် ဖြစ်နိုင်သမျှ အစီအမံများ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။
တောင်ကိုရီးယား၏ ပူးတွဲစစ်ဦးစီးချုပ်က အဆိုပါ ဒုံးကျည်သည် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ကြောင်း ကြေညာခဲ့သည်။မြောက်ကိုရီးယားက ယခုနှစ်အတွင်း ဒုတိယအကြိမ် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုဖြစ်သည်။