နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

အာရှ

အာရှ ဥရောပ

ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ရုရှားနိုင်ငံသို့ ပထမဆုံး သွားရောက်မည့် တရုတ်သမ္မတရှီကျင့်ဖျင် ပူတင်နှင့် လာမည့် သီတင်းပတ်တွင် တွေ့ဆုံမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနိုင်ငံသို့ ရှီကျင့်ဖျင်က ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် တရုတ်နှင့် ရုရှား နှစ်နိုင်ငံအကြား ဘက်စုံမိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးမှ သိရသည်။ နိုင်ငံတကာ အသိုက်အဝန်းတွင် တရုတ်နှင့် ရုရှားတို့ကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာချိန်တွင် အမြင်ချင်း ဖလှယ်ရန်လည်း စီစဉ်ထားသည်။ နှစ်နိုင်ငံအတွက် အရေးကြီးသော စာရွက်စာတမ်း အများအပြားကို လက်မှတ်ရေးထိုးရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

ဓာတ်ပုံ။ တရုတ်သမ္မတရှီကျင့်ဖျင် / ဓာတ်ပုံမူပိုင်။ Noel Celis/AFP/Getty Images

တရုတ်နိုင်ငံသည် ယူကရိန်းအခြေအနေတွင် ကြားနေငြိမ်းချမ်းရေးပွဲစားအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသော်လည်း ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးလာခြင်းကြောင့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို တရုတ်က ရှုတ်ချခြင်း မရှိသော်လည်း မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ၏ ချဲ့ထွင်မှုသည် ပဋိပက္ခကို ဖြစ်စေသည်ဟု အပြစ်တင်ခဲ့သည်။ ရုရှားကို သံတမန်ရေးအရ အထောက်အကူ ပေးသည့် အပြင် ကုန်သွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကိုလည်း ခိုင်မာစေခဲ့သည်။

တရုတ်နိုင်ငံသည် ရုရှားအား သေစေလောက်သော လက်နက်များ ပေးအပ်ရန် စဉ်းစားနေကြောင်း အနောက်နိုင်ငံများမှ စိုးရိမ်မှုများ မြင့်တက်နေသော်လည်း တရုတ်က ငြင်းဆိုထားသည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့် သည်ဂျပန်နှင့် ‘ကြီးမားသောကုန်သွယ်မှုသဘောတူညီချက်’ ကိုကြေငြာခဲ့သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
CNN —ဇူလိုင် ၂၂၊ ၂၀၂၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ခက်ခဲပုံပေါ်သည့် မဟာမိတ်များနှင့် အဓိကကုန်သွယ်ဖက်များအကြား မူဘောင်တစ်ရပ်အဖြစ်
ဆောင်းပါးများ တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

တရုတ်နိုင်ငံ၏ စောင့်ကြည့်မှုအောက်တွင် မြန်မာနိုင်ငံသည် ငရဲပြည်သို့ ကျရောက်နေပါသည်။ အနောက်နိုင်ငံများ၏ စိတ်ဝင်စားမှု ကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကံကြမ္မာဆိုးကြီးတစ်ခုဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 56 Views
ဤဆောင်းပါးသည် Wedge online တွင် ဖော်ပြသည့် အိုကာဇာကီအင်စတီကျူမှ ရေးသားသည့် မြန်မာနိုင်ငံအတွက် သုံးသပ်ချက်ဖြစ်သည်။ အိုကာဇာကီအင်စတီကျူ ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဟီဆာဟီကို အိုကာဇာကီ (Hisahiko Okazaki) သည် ဆော်ဒီအာရေးဗီးယားနှင့် ထိုင်းနိုင်ငံဆိုင်ရာ
နိုင်ငံတကာသတင်း အာရှ

ဘင်္ဂလာဒေ့ရှ် ခေါင်းဆောင်ဟောင်းက ပစ်ခတ်သတ်ဖြတ်ပြီး ဖြိုခွင်းရန် တရားဝင်ခွင့်ပြု ထားသည့် အသံဖိုင်ပေါက်ကြား

  • 2025 ခုနှစ်၊ ဇူလိုင်လ 9 ရက်
  • 36 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။ လွန်ခဲ့သည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများကို အသေအပျောက် များစေသော ဖြိုခွဲမှုအား ထိုအချိန်က ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ (Sheikh Hasina) က ခွင့်ပြုခဲ့ကြောင်း
မြောက်ကိုရီးယား ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားတပ်ဖွဲ့တွေ အားကောင်းလာဖို့အတွက် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၃၀၀၀၀ လောက် စေလွှတ်မယ်လို့ ယူကရိန်းအရာရှိတွေပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 45 Views
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မြောက်ကိုးရီးယားသည် ယူကရိန်းနှင့် ရှေ့တန်းတလျှောက် ရုရှားအတွက် တိုက်ပွဲဝင်ပေး နေသည့် ၎င်း၏တပ်ဖွဲ့ဝင်အရေအတွက်ကို သုံးဆတိုးကာ မော်စကိုကို ကူညီရန် နောက်ထပ် စစ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀
နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 66 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို ပစ်မှတ်ထားကာတိုက်ခိုက်ခဲ့ခြင်းကို – အီရန်ထက် အဆပေါင်းများစွာ နျူကလီးယား လက်နက်များ ပိုမိုအဆင့်မြင့်သော မြောက်ကိုရီးယားသို့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 66 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ၏ အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ကိုင်တွယ်ပုံအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်တစ်ခုကို ပြောဆိုခဲ့သည်။ ထရန့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ယူကရိန်းသည် ရုရှားပိုင်ဖြစ်သည်” ဟု ပူတင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 66 Views
ဆူမီကို သိမ်းပိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ စိန့်ပီတာစဘတ်၊ ရုရှား၊ ဇွန် ၂၀ ရက် ရုရှားသမ္မတပူတင်က ရုရှားနှင့် ယူကရိန်းနိုင်ငံသားများသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ၊ ထိုသဘောအရ ယူကရိန်းသည် ကျွန်ုပ်တို့ ရုရှားပိုင်သည်ဟု ပူတင်က ပြောဆိုခဲ့သည်။