နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 2 ရက်

ဥရောပ

ဥရောပ

ချီလီပါတီများ အာဏာရှင်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးရန် ကြိုးစား

ချီလီနိုင်ငံရေးပါတီများသည် လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုက ဗိုလ်ချုပ်ကြီး သြဂတ်စတိုပီနိုချေး (Augusto Pinochet) ၏ စစ်အာဏာရှင်စနစ်မှ ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးရန် လက်ဝဲ-လက်ယာပါတီများက ထပ်မံ ကြိုးစားရန် သဘောတူညီခဲ့ကြသည်။


ကွန်ဂရက်အဆောက်အအုံဟောင်းတွင် သဘောတူညီချက်ကို ကြေညာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် စတင်ရန် သဘောတူခဲ့သည့် အခြေခံဥပဒေပြင်ဆင်ရေးကို ကွန်မြူနစ်ပါတီမှအပ ကျန်ပါတီများက သဘောတူညီခဲ့ကြသည်။ သို့ရာတွင် စက်တင်ဘာ (၄) ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို မဲဆန္ဒရှင် ၆၂ ရာခိုင်နှုန်းက ပယ်ချခဲ့သည်။

ထိုငြင်းဆိုမှုသည် တိုးတက်သောခေတ်သစ်တွင် အခြေခံဥပဒေအသစ်ရေးဆွဲခြင်းဖြင့် ဦးဆောင်ဦးရွက်ပြုမည်ဟု စောဒက တက်ခဲ့သော သမ္မတ ဂါဘရီရယ်ဘောရစ် (Gabriel Boric) အတွက် ဆိုးရွားသော ဆုတ်ယုတ်မှုတစ်ခု ဖြစ်သည်။ ချီလီနိုင်ငံ၏ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပုဂ္ဂလိကကဏ္ဍကို နိုင်ငံထက်ပို၍ အသားပေးထားပြီး ပညာရေး၊ ပင်စင်နှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော ကဏ္ဍများတွင် လူဦးရေ၏ ၁၃ ရာနှုန်း နီးပါးကို ကိုယ်စားပြုသော ဌာနေတိုင်းရင်းသားများကို ရည်ညွှန်းခြင်း မရှိပေ။

ဓာတ်ပုံ။ အေပီ/Matias Basualdo /ချီလီသမ္မတ ဂါဘရီရယ်ဘောရစ် (ဘယ်) နှင့် ယခင်သမ္မတ မစ်ချယ်ဘာချလေ၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ (၁၂) ရက်နေ့ / လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဆန်တီယာဂိုတွင် တွေ့ရစဉ်။

ချီလီနိုင်ငံသားအများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲခြင်းကို နှစ်သက်ကြသော်လည်း နိုင်ငံတစ်ဝှမ်းရှိ လူဦးရေ ၁၉ သန်း၏ မဲဆန္ဒရှင်များသည် ထိုလုပ်ငန်းစဉ်အပေါ်တွင် သတိထားကြသည်။ အခမဲ့ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်ရာအခွင့်အရေးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဌာနေတိုင်းရင်းသားနယ်မြေများ ထူထောင်နိုင်စေမည့် လုပ်ဆောင်ရန် ခက်ခဲသော ၃၈၈ ပုဒ်မပါ ပဋိဉာဉ်ပါ အချက်တို့ကို လိုလားကြောင်း ပြသခဲ့သည်။

ယခုတစ်ကြိမ်တွင် ကွန်ဂရက်လွှတ်တော်မှ ခန့်အပ်ထားသော ကျွမ်းကျင်သူ (၂၄) ဦးဖြင့် ကော်မရှင်အသစ်ကို ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော လူ (၅၀) နှင့် မူဘောင်အသစ်ကို ရေးဆွဲမည့် ကော်မရှင် အသစ်ကို ဖွဲ့စည်းရန် ပါတီ (၁၄) ခုက သဘောတူညီခဲ့ကြသည်။ ထိုရေးဆွဲမှုတွင် ချီလီ၏ ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်များလည်း ကော်မရှင်တွင် ပါဝင်လာမည်ဖြစ်ပြီး အရေအတွက်များကို တူညီသော လူထုမဲဖြင့် ဆုံးဖြတ်မည် ဖြစ်သည်။

တနင်္လာနေ့ညက နောက်ဆုံးဆွေးနွေးပွဲမှာ ကော်မရှင်အဖွဲ့ဝင်များ အရေအတွက်နှင့် သူတို့ကို ဘယ်လို ရွေးချယ်မလဲ ဆိုသည်ကို အပြန်အလှန် ဆွေးနွေးရင်း လည်နေခဲ့သည်။ အာဏာရပါတီသည် ပါဝင်သူတိုင်းကို ရွေးကောက်တင်မြှောက်ရန် ဆန္ဒရှိသော်လည်း လက်ယာအတိုက်အခံများက ခန့်အပ်သူများနှင့် ရွေးကောက်ခံအဖွဲ့ဝင်များကို ရောနှောကာ ဖွဲ့စည်းမှုကို လိုလားကြသည်။ နှစ်ဖက်စလုံးက သဘောတူညီချက် တစ်ခုရရှိ ခဲ့ကြသည်။

ချီလီသည် နိုင်ငံရေး ပါတီများမှ ချမှတ်ထားသော တစ်ဒါဇင်ခန့် ရှိသည့် ဖွဲ့စည်းပုံ အခြေခံမူများအပေါ် အခြေခံ၍ ပဋိဉာဉ် အသစ်ကို တောင်းဆိုထားပြီး၊ ချီလီတွင် တစ်ပြည်ထောင်စနစ် ဖြစ်သော်လည်း ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော အစိုးရသည် သီးခြားနှင့် အမှီအခိုကင်းသော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များ ရှိသည်။

အခြားအခြေခံမူများတွင် ချီလီ၏ ဌာနေတိုင်းရင်းသားလူမျိုး (၁၁) မျိုးကို ချီလီနိုင်ငံ၏ သက်ဆိုင်သော လူမျိုးစုများအဖြစ် အသိအမှတ်ပြုခံရခြင်း၊ အခြေခံလွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များအပါအဝင် အသက်ရှင်သန်ပိုင်ခွင့်နှင့် ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြုခံရပြီး ချီလီစစ်တပ်သည် အရပ်ဘက်အစိုးရ၏ အမြဲတမ်းလက်အောက်ခံဖြစ်စေရမည် ဖြစ်သည်။

ပါတီတစ်ခုစီမှတဦးကျပါဝင်ထားသော တရားသူကြီး (၁၄) ဦးဖြင့် ဖွဲ့စည်းထားသည့် ဘက်လိုက်မှုမရှိသည့် “ခုံသမာဓိ” သည် ထိုအခြေခံမူများကို လေးစားလိုက်နာရန်အတွက် ပညာပေးရန် ကွန်ဂရက်က ရေးဆွဲထားသည့်အတိုင်း ပါတီအားလုံးက သဘောတူကြသည်။

ယခု တနင်္လာနေ့ည၏ သဘောတူညီချက်ကို ကွန်ဂရက်လွှတ်တော်၏ ၄မဲ ၇ မဲ အချိုးရရန် အထက်လွှတ်တော်အမတ် (၂၉) ဦးနှင့် အောက်လွှတ်တော်အမတ် (၈၉) ဦးတို့က မဲပေးအတည်ပြုရမည် ဖြစ်သည်။ ထို့နောက် အဖွဲ့ဝင်များသည် ပဋိဉာဉ် ဥပဒေသစ်ကို ရေးဆွဲရန် ငါးလ အချိန်ယူရမည်ဖြစ်ပြီး လာမည့်နှစ်နှောင်းပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲခွဲဆုံးဖြတ်ရာတွင် အတည်ပြုခြင်း သို့မဟုတ် ပယ်ချခြင်းတခုခု အဖြေထွက်မည် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 53 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 59 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 52 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 84 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 65 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 80 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 135 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား