နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 16 ရက်

နိုင်ငံတကာစီးပွားရေး

နိုင်ငံတကာစီးပွားရေး ဥရောပ

Mega Millions Jackpot ထီပေါက်သူ ကံထူးရှင် မရှိဘဲ ဆုကြေး အမေရိကန်ဒေါ်လာ ၇၈၅ သန်းအထိသို့ တိုးသွား။

နှစ်သစ်၏ ပထမဆုံး Mega Millions ထီသည် ခန့်မှန်းခြေ $ 685 သန်း jackpot ကို မည်သူမျှ မဆွတ်ခူးနိုင်ဖြစ်ပြီးနောက် ထိုထက်ကြီးမားသောဆု ဖြစ်လာမည်ဖြစ်သည်။ သောကြာနေ့ညက ဖောက်သည့် ဂဏန်းခြောက်လုံးထီသည် ထီလက်မှတ်ကို ဘယ်သူမျှ မပေါက်ခဲ့ဟု Mega Millions က စနေနေ့အစောပိုင်းမှာ ထုတ်ပြန်ခဲ့သည်။ ထိပ်တန်းဆုသည် လာမည့် အင်္ဂါနေ့ညတွင် ထီမဖွင့်မီ ဒေါ်လာ ၇၈၅ သန်းအထိ တိုးမြင့်လာခဲ့သည်။

သောကြာနေ့တွင် ပေါက်သွားသော ဂဏန်းများမှာ 1၊ 3၊ 6၊ 44၊ 51 နှင့် Mega Ball 7 တို့ ဖြစ်သည်။ jackpot သည် ၂၂ ကြိမ်အထိ ထီပေါက်သူ မရှိသဖြင့် ဆုငွေသည် တဖြေးဖြေးများလာခဲ့သည်။ ခန့်မှန်းခြေ ဒေါ်လာ $၇၈၅ သန်းဆုသည် ဆုရရှိသူအားလုံးနီးပါး ငွေသားကိုသာ ရယူဖို့ ရွေးချယ်ကြပြီး လာမည့်ထီအတွက် ငွေသားသက်သက် ထုတ်ယူမည်ဆိုပါက ခန့်မှန်းခြေ ဒေါ်လာ ၃၉၅ သန်းရရှိမည် ဖြစ်သည်။

အိုဟိုင်းယိုးပြည်နယ်မှ ကစားသမားတစ်ဦးသည် သောကြာနေ့ညက သူထိုးထား ဂဏန်း (၆) လုံးတွင် (၅) လုံး တိုက်ခဲ့သည့်အတွက် ဒေါ်လာ ၁ သန်း ဆုကြေးငွေကို ယူ၍ အိမ်ပြန်ခဲ့သည်။ ထီ၏ထိပ်တန်းဆုကြေးဖြစ်သော ဒေါ်လာ $၁.၅၃၇ ဘီလီယံ (သန်းတထောင့်ငါးရာသုံးဆယ့်ခုနစ်သန်း) ကို ၂၀၁၈ ခုနှစ်တွင် ပေါက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အီလီနွိုင်း ပြည်နယ်တွင် နံပါတ်ခြောက်လုံးစလုံး တိုက်သည့်အတွက် ထီပေါက်သူသည် $ ၁.၃၃၇ ဘီလီယံ ဆုကြေးရရှိခဲ့သည်။ အင်္ဂါနေ့တွင် ဖွင့်မည့်ထီ jackpot သည် သမိုင်းတွင် စတုတ္ထမြောက် အကြီးဆုံးဖြစ်လိမ့်မည်။ ထီပေါက်သူ(များ)သည် ဆုကြေးကိုခွဲ၍ နှစ်စဉ် (၂၉) နှစ်အထက် ထုတ်ယူသွားမည်ဆိုပါက ထိုရွေးချယ်မှုအတွက် ဒေါ်လာ ၇၈၅ သန်းကို ခွဲ၍ ထုတ်ယူသွားနိုင်မည်ဖြစ်ပြီး ငွေသားအလုံးလိုက်ကို တခါတည်း ထုတ်ယူလိုပါက ထိုရွေးချယ်ခွင့်ကို ရွေးချယ်သူသည် ဒေါ်လာ ၃၉၅ သန်းသာ ရရှိမည် ဖြစ်ကြောင်း ထီအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

Source: CNN
Photo: Alamy

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 57 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 109 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 135 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း (Raving) သည် ပျော်ပါးခြင်းသက်သက်မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာ ကုစားမှုနှင့် တော်လှန်မှုတစ်ရပ် ဖြစ်လာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 237 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 214 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 1.55K Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊