နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ဥရောပ

ဥရောပ

စပိန်ထီးနန်းဆက်ခံသူ မင်းသမီး လီယွန်နော်စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း ကျိန်ဆို။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်၊ မက်ဒရစ်။

စပိန်ထီးနန်းဆက်ခံသူ မင်းသမီး လီယွန်နော်သည် ၎င်း၏ ၁၈ နှစ်မြောက် မွေးနေ့ အင်္ဂါနေ့တွင် စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း ကျိန်ဆိုခဲ့ပြီး အချိန်ကျလာသောအခါ ဘုရင်မအဖြစ် ဆက်ခံရန် အုတ်မြစ်ချခဲ့သည်။ အောက်လွှတ်တော်ရှိ နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြားမှ ထုတ်လွှင့်သည့် အခမ်းအနားသည် စပိန်နိုင်ငံ၏ ပါလီမန်ဘုရင်စနစ်၏ အဆက်မပြတ်မှုနှင့် လွှတ်တော်အပေါ် သစ္စာခံမှုတို့ကို ကိုယ်စားပြုကြောင်း ပြောထားသည်။

လီယိုနော် ဒီ ဘော်(ရ)ဘွန် အော်တစ်စ် (Leonor de Borbón Ortiz) သည် သူမ၏ဖခင် ထိုအချိန်က မင်းသားဖြစ်သူသည် ၁၉၈၆ ခုနှစ်တွင် အသက် ၁၈ နှစ်ပြည့်စဉ်က စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သစ္စာခံကြောင်း ကတိပြုခဲ့ဖူးသည်။ သူမသည် “ကျွန်ုပ်၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံသားများ၏အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အသိုင်းအဝိုင်းများနှင့် ဘုရင်အပေါ် သစ္စာစောင့်သိပါမည်” ဟုသစ္စာပြုရသည်။ သူမသည် တနေ့တွင် သရဖူကို ဆောင်းပြီး ဘုရင်မ ဖြစ်လာရန် ထိုအခမ်းအနားသည် မဖြစ်မနေ လိုအပ်သည်ဟု ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 177 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 201 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 194 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 209 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်