နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်

အချက်အလက်များ

အချက်အလက်များ အာရှ ဥရောပ

အိန္ဒိယမှာပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေး တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မှာ မဟုတ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပရန် စီစဉ်ထားသည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်လီချန်း (Li Qiang) က ၎င်းအစား တက်ရောက်မည်ဟု မျှော်လင့်ရသည်။


ဤအချက်သည် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သမ္မတရှီ၏ ပထမဆုံးအကြိမ် ပျက်ကွက်ခြင်း ဖြစ်သည်။ G20 ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် အိန္ဒိယသည် တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှုများအကြားတွင် အမေရိကန်နှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။

သမ္မတရှီက G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖြစ်နိုင်ခြေနည်းသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမည်မဖော်လိုသည့် အိန္ဒိယသံတမန်နှစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့သည်။


ဝန်ကြီးချုပ်လီသည် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လေးကြိမ်မြောက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သမ္မတရှီနှင့်ပတ်သက်၍မူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။


ကိုရိုနာဗိုင်းရပ်ကပ်ဘေးအတွင်း ကျင်းပခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် အွန်လိုင်းထိပ်သီးအစည်းအဝေးကို မစ္စတာရှီက တက်ရောက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတာကြောင့် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေး၀န်ကြီးသာ တက်ရောက်မည်ဖြစ်သည်။


တရုတ်အစိုးရ၏ ကြေညာချက်သည် ရှီနှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ကြား ထိပ်သီးတွေ့ဆုံမှု အခွင့်အလမ်းမှာ မရှိတော့သော်လည်း အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ တင်းမာနေသော ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းနေကြသည်။

ရှီ တက်ရောက်မည် မဟုတ်ကြောင်း တရုတ်အစိုးရက အရိပ်အမြွက်ပြောပြီးနောက် စက်တင်ဘာလ (၃) ရက်နေ့တွင် သမ္မတဘိုင်ဒင်က ၎င်း၏ စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောပြခဲ့သည်။

Source: CNN Japan
Photo: Florence Lo/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် တောင်ကိုရီးယား နိုင်ငံတကာသတင်း ဥရောပ

အမေရိကန်သည်မဟာမိတ်များအပေါ် တင်းမာနေချိန် တရုတ်သမတကကမ္ဘာ့ နိုင်ငံအများအပြားနှင့် သံတမန်ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်‌

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 23 Views
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ၂၀၂၆ ခုနှစ်၏ အစောပိုင်း သီတင်းပတ်များအတွင်း တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည်
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ဥရောပ၏ ‘လက်တွေ့ဘဝသစ်’ – အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးများ ပြိုကွဲသွားခဲ့သည့် သီတင်းပတ်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 43 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက် ဘရပ်ဆဲလ်မြို့ — ဒေါ်နယ်ထရမ့်အနေဖြင့် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွက် ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေးနှင့် အားကစားဆိုင်ရာ ထူးခြားသော သတင်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 58 Views
နိုင်ငံရေးနှင့် စစ်ရေးသတင်းများ (Politics & Wars) ၁။ ဒေါ်နယ်ထရန့်၏ “ ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နှင့် ဂါဇာအပစ်ရပ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်(Davos)မြို့ တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အာတိတ်ဒေသအတွက် အားပြိုင်ပွဲကြီး – ရုရှား၊ တရုတ်နှင့် အမေရိကန်တို့ အဘယ်ကြောင့် အာရုံစိုက်နေကြသနည်း?

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 65 Views
အာတိတ်ဒေသအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုသည် အဘယ်ကြောင့် အလွန်အရေးကြီး သနည်း? CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်၏ အစိတ်အပိုင်းတစ်ခု
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 52 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ထရန့်က ဂရင်းလန်းကျွန်း (Greenland) ကို ဝယ်ယူရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလာမှုကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြားတွင် ကြီးမားသော သံတမန်ရေးနှင့် စီးပွားရေး ပဋိပက္ခများ ဖြစ်ပွားနေပါသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 62 Views
၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၀  ထရန့်၏ စီမံကိန်း (The Trump Plan) သမ္မတ ထရန့်သည် ဂရင်းလန်းကို ဝယ်ယူရေးမှာ အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အာတိတ်ဒေသတွင် ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို တားဆီးရန် “
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
စင်ကာပူ နိုင်ငံတကာသတင်း အာရှ

လူတစ်ဦးနှင့် မိတ်ဆက်ပေးပါရစေ – သူသည် မိမိအိမ်ခေါင်မိုးပေါ်မှနေ၍ တရားမဝင် ရေနံတင်သင်္ဘောများကို စောင့်ကြည့်နေသူဖြစ်သည်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 86 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက် အချို့သူများသည် အားလပ်ချိန်တွင် Netflix ကြည့်လေ့ရှိသော်လည်း ရယ်မီ အော့စ်မန်(Remy Osman) ကမူ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ရေကြောင်းလမ်းတစ်ခုကို ဖြတ်သန်းပြီး တရားမဝင်ရေနံများ တင်ဆောင်လာသည့်