နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်

အချက်အလက်များ

အချက်အလက်များ အာရှ ဥရောပ

အိန္ဒိယမှာပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေး တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မှာ မဟုတ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပရန် စီစဉ်ထားသည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်လီချန်း (Li Qiang) က ၎င်းအစား တက်ရောက်မည်ဟု မျှော်လင့်ရသည်။


ဤအချက်သည် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သမ္မတရှီ၏ ပထမဆုံးအကြိမ် ပျက်ကွက်ခြင်း ဖြစ်သည်။ G20 ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် အိန္ဒိယသည် တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှုများအကြားတွင် အမေရိကန်နှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။

သမ္မတရှီက G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖြစ်နိုင်ခြေနည်းသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမည်မဖော်လိုသည့် အိန္ဒိယသံတမန်နှစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့သည်။


ဝန်ကြီးချုပ်လီသည် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လေးကြိမ်မြောက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သမ္မတရှီနှင့်ပတ်သက်၍မူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။


ကိုရိုနာဗိုင်းရပ်ကပ်ဘေးအတွင်း ကျင်းပခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် အွန်လိုင်းထိပ်သီးအစည်းအဝေးကို မစ္စတာရှီက တက်ရောက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတာကြောင့် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေး၀န်ကြီးသာ တက်ရောက်မည်ဖြစ်သည်။


တရုတ်အစိုးရ၏ ကြေညာချက်သည် ရှီနှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ကြား ထိပ်သီးတွေ့ဆုံမှု အခွင့်အလမ်းမှာ မရှိတော့သော်လည်း အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ တင်းမာနေသော ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းနေကြသည်။

ရှီ တက်ရောက်မည် မဟုတ်ကြောင်း တရုတ်အစိုးရက အရိပ်အမြွက်ပြောပြီးနောက် စက်တင်ဘာလ (၃) ရက်နေ့တွင် သမ္မတဘိုင်ဒင်က ၎င်း၏ စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောပြခဲ့သည်။

Source: CNN Japan
Photo: Florence Lo/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုသည် မြောက်ကိုရီးယားအား ၎င်း၏နျူကလီးယား လက်နက်များကို ထိန်းသိမ်းထားရန် ယခင်ကထက် ပိုမိုစိတ်ပိုင်းဖြတ်ထားခြင်းကို ဖြစ်စေခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 36 Views
CNN ၂၀၂၅ခုနှစ်၊ ဂျွန်လ ၂၆ရက် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး တီဟီရန်၏နျူကလီးယားရည်မှန်းချက်များနှင့် ဆက်စပ်နေသည့် အဆောက်အအုံများကို
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အရှေ့အလယ်ပိုင်း အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒက်ဒီထရန့်က ကူညီခဲ့တယ်လို့ နေတိုးအကြီးအကဲပြော

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 34 Views
ဇွန်လ (၂၆) ရက်။ နေတိုး၏အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေ (Mark Rutte) သည် ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ၎င်းတို့၏ဆွေးနွေးပွဲများအတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ယူကရိန်းသည် ရုရှားပိုင်ဖြစ်သည်” ဟု ပူတင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 42 Views
ဆူမီကို သိမ်းပိုက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ စိန့်ပီတာစဘတ်၊ ရုရှား၊ ဇွန် ၂၀ ရက် ရုရှားသမ္မတပူတင်က ရုရှားနှင့် ယူကရိန်းနိုင်ငံသားများသည် လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်း ၊ ထိုသဘောအရ ယူကရိန်းသည် ကျွန်ုပ်တို့ ရုရှားပိုင်သည်ဟု ပူတင်က ပြောဆိုခဲ့သည်။
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

ဒုတိယအကြိမ်မြောက် ကြိုးစား၍ စစ်ရေယာဉ်အားရေချမှု အောင်မြင်ကြောင်း မြောက်ကိုရီးယား က ထုတ်ပြန်ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 35 Views
ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ် ပထမအကြိမ် ရေချရန် ကြိုးပမ်းစဉ်အတွင်း ဘေးစောင်းလဲကျသွားပြီးနောက် တစ်လမပြည့်မီတွင် တန် ၅၀၀၀ အလေးချိန်ရှိ ၎င်း၏ ရေတပ် ဖျက်သင်္ဘောသစ်ကို အောင်မြင်စွာ ပြန်လည်ရေချနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယ လေယာဉ်ပျက်ကျသည့်နေရာအနီးတွင် အလောင်း ၂၀၀ ကျော် တွေ့ရှိ မြေပြင်ရှိ ဆေးကျောင်းအဆောင်ပေါ် ပျက်ကျရာ ကျောင်းသား ငါးဦး သေဆုံး

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 40 Views
ဇွန်လ (၁၂) ရက်။ အိန္ဒိယလေကြောင်းလိုင်း အဲယားအိန္ဒိ ခရီးသည်တင်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အနောက်အလယ်ပိုင်း၊ ဂူဂျာရတ်မြို့ အာမက်ဒါဘတ်လေဆိပ်မှ ပျံတက်ပြီး ၁ မိနစ်အကြာမှာ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

အိန္ဒိယမှာ လန်ဒန်သွားမည့် ခရီးသည်တင်လေယာဉ် လူနေရပ်ကွက်ထဲ ပျက်ကြ

  • 2025 ခုနှစ်၊ ဇွန်လ 12 ရက်
  • 39 Views
ဇွန်လ ၁၂ ရက်။ ခရီးသည် ၂၄၂ ဦးလိုက်ပါလာတဲ့ အဲယားအိန္ဒိယလေယာဉ်တစ်စင်းဟာ အိန္ဒိယအနောက်ပိုင်းက ဂူဂျာရပ်ပြည်နယ်၊ အာမက်ဒဘတ် (Ahmedabad) မြို့ရှိ နိုင်ငံတကာလေဆိပ်အနီးက လူနေရပ်ကွက်ထဲမှာ ဒီနေ့ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာ ပျက်ကျခဲ့ပါတယ်။ လေယာဉ်ပျက်ကျပြီး ခဏအကြာ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

လန်ဒန်တွင် ကုန်သွယ်ရေးဆွေးနွေးပွဲအပြီးတွင် အမေရိကန်နှင့် တရုတ်တို့သည် ပို့ကုန်ထိန်းချုပ်မှုများကို ဖြေလျှော့ရန် အစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 55 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်။ တင်းမာမှုများကို ပြေလျော့ရန်နှင့် ကမ္ဘာ့ကုန်ထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် ပို့ကုန်ကန့်သတ်ချက်များကို ဖြေလျှော့ရန် လန်ဒန်တွင် နှစ်ရက်ကြာ ဆွေးနွေးမှုအပြီးတွင် နှစ်ဖက်စလုံးမှ တာဝန်ရှိသူများက ကုန်သွယ်ရေးအရ မူဘောင်တစ်ရပ်ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းအတွက် ပေးအပ်ရန် ကတိပြုထားသော ဒုံးကျည်အစင်း ၂၀,၀၀၀ ကို အမေရိကန်က လမ်းကြောင်းပြောင်း၍ အရှေ့အလယ်ပိုင်းသို့ ပို့လိုက်သည်ဟု ဇလန်းစကီးပြော

  • 2025 ခုနှစ်၊ ဇွန်လ 11 ရက်
  • 48 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ “ ရုရှားတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အဲ့ဒီဒုံးကျည်တွေကို ကျွန်တော်တို့ ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်” ဟု ဇလန်းစကီး က ABC သို့ ပြောကြားခဲ့သည်။ ယူကရိန်းသမ္မတ ဗလိုဒီမာ