နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 6 ရက်

အချက်အလက်များ

အချက်အလက်များ အာရှ ဥရောပ

အိန္ဒိယမှာပြုလုပ်မယ့် G20 ထိပ်သီးအစည်းအဝေး တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်မှာ မဟုတ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ကျင်းပရန် စီစဉ်ထားသည့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်လီချန်း (Li Qiang) က ၎င်းအစား တက်ရောက်မည်ဟု မျှော်လင့်ရသည်။


ဤအချက်သည် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် သမ္မတရှီ၏ ပထမဆုံးအကြိမ် ပျက်ကွက်ခြင်း ဖြစ်သည်။ G20 ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် အိန္ဒိယသည် တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှုများအကြားတွင် အမေရိကန်နှင့် ၎င်း၏ဆက်ဆံရေးကို ခိုင်မာစေခဲ့သည်။

သမ္မတရှီက G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဖြစ်နိုင်ခြေနည်းသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က အမည်မဖော်လိုသည့် အိန္ဒိယသံတမန်နှစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြခဲ့သည်။


ဝန်ကြီးချုပ်လီသည် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လေးကြိမ်မြောက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သမ္မတရှီနှင့်ပတ်သက်၍မူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။


ကိုရိုနာဗိုင်းရပ်ကပ်ဘေးအတွင်း ကျင်းပခဲ့သည့် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် အွန်လိုင်းထိပ်သီးအစည်းအဝေးကို မစ္စတာရှီက တက်ရောက်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို ကျူးကျော်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ထားတာကြောင့် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေး၀န်ကြီးသာ တက်ရောက်မည်ဖြစ်သည်။


တရုတ်အစိုးရ၏ ကြေညာချက်သည် ရှီနှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ကြား ထိပ်သီးတွေ့ဆုံမှု အခွင့်အလမ်းမှာ မရှိတော့သော်လည်း အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့၏ တင်းမာနေသော ဆက်ဆံရေးကို တည်ငြိမ်စေရန် ကြိုးပမ်းနေကြသည်။

ရှီ တက်ရောက်မည် မဟုတ်ကြောင်း တရုတ်အစိုးရက အရိပ်အမြွက်ပြောပြီးနောက် စက်တင်ဘာလ (၃) ရက်နေ့တွင် သမ္မတဘိုင်ဒင်က ၎င်း၏ စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြောပြခဲ့သည်။

Source: CNN Japan
Photo: Florence Lo/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 81 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 128 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 148 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 259 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 206 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 215 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏