နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 28 ရက်

သိပ္ပံ

သိပ္ပံ ဥရောပ

ရုရှားသို့ လက်နက်များ ထောက်ပံ့ပေးပါက ထိုက်တန်သည့်အဖိုးအခများ ပြန်လည်ပေးဆပ်ရမည်ဟု မြောက်ကိုရီးယားကို အမေရိကန် သတိပေး။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဆူလီဗန် (Sullivan) က မြောက်ကိုရီးယားသည် ရုရှားနိုင်ငံအား လက်နက် ပေးမည်ဆိုပါက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ထိုက်တန်သည့်အဖိုးအခများ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲတွင် သတိပေးခဲ့သည်။


မြောက်ကိုရီးယားအပေါ် တိကျသည့် အရေးယူဆောင်ရွက်မှုကိုတော့ ဖော်ထုတ်ပြောဆိုခြင်း မရှိပါ။ မြောက်ကိုရီးယားသည် ၎င်း၏ အစုလိုက်အပြုံလိုက် လူသေစေသည့် လက်နက်များ တီထွင်ထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူမှုများ ခံနေရပြီးဖြစ်သည်။


သတင်းစာရှင်းလင်းပွဲတွင် ဆူလီဗန်က အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားအား လက်နက်မထောက်ပံ့ပေးရန် ပြုထားသည့် ကတိများကို လိုက်နာဖို့ တရားဝင်အပြင် အလွတ်သဘောဖြင့် လုပ်ဆောင်နေကြောင်း၊ မဟာမိတ်များနှင့် မိတ်ဖက်များအား အလားတူလုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


သို့သော်လည်း မြောက်ကိုရီးယားနှင့် ရုရှားတို့ကြား လက်နက်များ ပေးအပ်ရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်ဟု အမေရိကန် တာဝန်ရှိသူများက ယုံကြည်နေကြသည်။


အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှား၏ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်း ကျုံ့သွားကြောင်း စေ့စပ် ညှိနှိုင်းမှုများသည် သက်သေဖြစ်ကြောင်း ဆူလီဗန်မှ ပြောကြားခဲ့သည်။ ယခင်က ပိတ်ဆို့အရေးယူမှုများတွင် မြောက်ကိုရီးယားအား ရုရှားထံ လက်နက်ထောက်ပံ့မှုအဖြစ် အသုံးပြုခြင်းမှ တားဆီးရန် ဆောင်ရွက်မှုများ ပါဝင်သည်။


ရုရှားက ယူကရိန်းကို ကျူးကျော်လာကတည်းက မြောက်ကိုရီးယားက ရုရှားအား ခဲယမ်းမီးကျောက်နှင့် တခြား ထောက်ပံ့ရေးပစ္စည်းများ အမြောက်အမြား ထောက်ပံ့ပေးနေပုံ မရဘူးဟု သူက ပြောသည်။ သို့ရာတွင် မြောက်ကိုရီးယား၏ တွက်ချက်မှုများ ပြောင်းလဲလာသလားဆိုသည်မှာ မရှင်းမလင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။


မြောက်ကိုရီးယားက အနာဂတ်တွင်ပေးမည့် လက်နက်များ၏ အရည်အသွေးနှင့် ပမာဏကို မသိရသေးဘဲ “ တစ်ပတ်အတွင်း စစ်ပွဲပြီးဆုံးမည်ဟု ရုရှားက ရည်ရွယ်ထားသည့် စစ်ပွဲ” တွင် မြောက်ကိုရီးယားကဲ့သို့ နိုင်ငံသည် ရုရှား၏ခုခံစွမ်းရည်ကို အားကောင်းစေမှာ ဖြစ်သည်ဟု ဆိုသည်။
Source: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 42 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 49 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 45 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်အကျပ်အတည်းသည် ထရမ့်၏ တောင်းဆိုချက်များကို ကမ္ဘာကြီးက ပိုမိုတွန်းလှန် လာနေခြင်းအား ပေါ်လွင်စေသည်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 76 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းတွင် သံမဏိစည်းမျဉ်းများ ချမှတ်ကာ လွှမ်းမိုးထားသည့် အင်အား၊ အကြမ်းဖက်မှုနှင့် လုပ်ပိုင်ခွင့် အာဏာတို့ကိုအလွန်အကျွံအသုံးပြုနေမှုသည် ပြည်တွင်း၌ရော ပြည်ပမှာပါ ပိုမိုစိန်ခေါ်ခံနေရပြီ ဖြစ်သည်။ ထရမ့်နှင့် သူ၏လက်အောက်ငယ်သားများသည် မိမိကိုယ်မိမိ
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 59 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။ လူထုစစ်တမ်းများအရ အတိုက်အခံ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 74 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 127 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ဖိုးရှိ ငွေသားနှင့် ရွှေများကို သယ်ဆောင်လာသည့် ယူကရိန်းနိုင်ငံသား