နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 14 ရက်

အာရှ

အာရှ ဥရောပ

တူရကီ၊ ဆီးရီးယားတွင် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေစဉ် ငလျင်ကြောင့် သေဆုံးသူ ၅၀၀၀ ကျော်သွားပြီဖြစ်

တူရကီနိုင်ငံ အရှေ့ပိုင်းနှင့် အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့တွင် ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်များစွာ လှုပ်ခတ်သွားခဲ့သော အဆောက်အအုံ အပျက်အစီးများအတွင်း အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်ရေးသမားများက အင်္ဂါနေ့တွင် ရှာဖွေကယ်ဆယ်လျက်ရှိစဉ် သေဆုံးသူဦးရေ ၅၀၀၀ ကျော်သွားပြီ ဖြစ်သည်။ သေဆုံးသူစာရင်း ပိုမိုများပြားလာဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာတဝှမ်းရှိ နိုင်ငံများသည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီရန် ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားပြီး တူရကီ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီမှ အရေးပေါ်ဝန်ထမ်း ၂၄,၄၀၀ ကျော်သည် ယခုအခါ မြေပြင်ပေါ်တွင် ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် တနင်္လာနေ့က ငလျင်ကြောင့် တူရကီတစ်နိုင်ငံတည်းမှာပင် ပြိုကျခဲ့တဲ့ အဆောက်အဦပေါင်း ၆၀၀၀ နီးပါးရှိသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များ အားလုံးကိုကယ်တင်နိုင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူများထံရောက်ရှိရန် ကြိုးပမ်းမှုများသည် အေးခဲနေသောအပူချိန်နှင့် နောက်ဆက်တွဲငလျင် ၂၀၀ နီးပါးတို့ကြောင့် အဟန့်အတားဖြစ်စေခဲ့ပြီး မတည်မငြိမ်ဖြစ်နေသော အဆောက်အဦများမှတစ်ဆင့် ရှာဖွေမှုများကို ပြုလုပ်နေရသည့်အတွက် အန္တရာယ်ဖြစ်စေခဲ့သည်။

ငလျင်ဗဟိုချက်၏အနောက်တောင်ဘက်ရှိ Hatay ပြည်နယ်တစ်ဝှမ်းတွင် အဆောက်အအုံပေါင်း ၁,၅၀၀ ခန့် ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခြင်းမရှိဘဲ အပျက်အစီးများအောက်တွင် ပိတ်မိနေသော သူများက ဆွေမျိုးသားချင်းများထံ အကြောင်းကြားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များ အလုပ်လုပ်သည့်နေရာများတွင် အသက်ရှင်ကျန်ရစ်သူများကို အပျက်အစီးများမှ ကယ်ထုတ်နိုင်သောကြောင့် ညပိုင်းတွင် ရံဖန်ရံခါ လက်ခုတ်သံများ ထွက်ပေါ်လာသည်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Kahramanmaras ပြည်နယ်တွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်သည် ဒမတ်စကတ်နှင့် ဘေရွတ်မြို့ခံများကို လမ်းပေါ်သို့ အပြေးအလွှား ထွက်ပြေးစေခဲ့ပြီး ဝေးကွာသွားသည့် ကိုင်ရိုမြို့အထိ ငလျင်လှုပ်သည်ကို ခံစားခဲ့ရသည်။

ဆီးရီးယားရှိ နယ်စည်းမခြားဆရာဝန်များဆိုင်ရာ မစ်ရှင်အဖွဲ့ အကြီးအကဲ Sebastien Gay က ဆီးရီးယားမြောက်ပိုင်းရှိ ဆေးရုံများတွင် ဒဏ်ရာရသူအများအပြားကို ကြည့်ရှုနေရသည့်အတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အလုပ်ရှုပ်နေကြောင်း ပြောကြားခဲ့သည်။ တူရကီနိုင်ငံ Hatay ပြည်နယ်တွင် ထောင်နှင့်ချီသော လူများသည် အားကစား စင်တာများ သို့မဟုတ် ခန်းမများတွင် ခိုလှုံနေကြပြီး အချို့မှာ အလွန်အေးသည့် အပြင်ဘက်တွင် စောင်ခြုံ၊ မီးလှုံပြီး တစ်ညတာ ကုန်ဆုံးကြရသည်။

ဆီးရီးယားနှင့် နယ်စပ်ဒေသတွင် တူရကီတပ်ဖွဲ့ဝင် အမြောက်အမြား ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီဆောင် ရွက်လျက်ရှိသည်။ အိုးမဲ့အိမ်မဲ့များအတွက် ရွက်ဖျင်တဲများနှင့် Hatay ပြည်နယ်ရှိ အရေးပေါ်ရွက်ဖျင်ဆေးရုံအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အကူအညီပေးရန် စစ်တပ်ကို တာဝန်ပေးအပ်ထားသည်။ အန်ကာရာအခြေစိုက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတပ်ဖွဲ့တစ်ဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၈ ဖွဲ့ကိုလည်း ဖြန့်ကျက်ချထားကြောင်း ကာကွယ်ရေးဝန်ကြီး Hulusi Akar က ပြောကြားခဲ့သည်။

ရေတပ်သင်္ဘောတစ်စင်းသည် ဆေးရုံတစ်ရုံပြိုကျရာ ပြည်နယ်၏ဆိပ်ကမ်း Iskenderun တွင် အင်္ဂါနေ့တွင် ဆိုက်ကပ်ခဲ့ပြီး အနီးနားရှိ Mersin မြို့သို့ ဆေးကုသရန်လိုအပ်နေသူများကို ပို့ဆောင်ပေးခဲ့သည်။ ငလျင်ကြောင့် သင်္ဘောကွန်တိန်နာများကြားတွင် မီးလောင်နေသော်လည်းမီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဆိပ်ကမ်း၏ အခြားနေရာမှလည်း မီးခိုးငွေ့များ ထူထပ်စွာ ထွက်ပေါ်လာသည်။

ငလျင်ဗဟိုချက်မှ ၃၃ ကီလိုမီတာ (၂၀ မိုင်) ခန့်အကွာ ပြည်နယ်မြို့တော် Gaziantep တွင် လူများသည် စျေးဝယ်စင်တာများ၊ အားကစားကွင်းများ၊ ဗလီများများတွင် ခိုလှုံခဲ့ကြသည်။ တူရကီဒုတိယသမ္မတ Fuat Oktay က တူရကီတွင် သေဆုံးသူစုစုပေါင်း ၃,၄၀၀ ကျော်ရှိပြီး လူ ၂၁,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား အစိုးရ ထိန်းချုပ်ရာ ဒေသများတွင် သေဆုံးသူ ဦးရေမှာ ၈၀၀ ကျော်အထိ တိုးလာကာ ဒဏ်ရာရသူ ၁၄၀၀ ခန့်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းတွင် သူပုန်များထိန်းချုပ်ထားသည့် ဆီးရီးယားအရပ်ဘက်ကာကွယ်ရေးအဖွဲ့ သို့မဟုတ် White Helmets မှ ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်နေသည့် ဆေးကုသရေးအဖွဲ့မှ အနည်းဆုံး လူ ၇၉၀ သေဆုံးပြီး ၂၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား၏ ၁၂ နှစ်ကြာ ပြည်တွင်းစစ်နှင့် ဒုက္ခသည်အကျပ်အတည်းကြောင့် ဒေသတွင်းအနှံ့ပျံ့နှံ့နေသော ကွန်ကရစ် အရှုပ်အထွေးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေချိန်တွင် အာဏာပိုင်များက သေဆုံးသူဦးရေ ဆက်လက် တိုးလာမည်ကို စိုးရိမ်နေကြသည်။

နိုင်ငံတကာမှ အကူအညီ

တောင်ကိုရီးယားသမ္မတက အဖွဲ့ဝင် (၆၀) ဦးပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့အပြင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် စစ်သား ၅၀ တို့ကို အမြန်စေလွှတ်ရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်အစိုးရသည် ကယ်ဆယ်ရေးပစ္စည်းများနှင့် အဖွဲ့ဝင် ၅၀ ပါ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းတွင် စေလွှတ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ စတင်ကာ ဆီးရီးယားနှင့် တူရကီသို့ နေ့စဉ်အကူအညီပေးရေးလေယာဉ်များ ထားရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထူးလေ့ကျင့်ထားသည့် ရှာဖွေရေးခွေးများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအပါအဝင် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ နှစ်ဖွဲ့ကို အိန္ဒိယက စေလွှတ်မည်ဟု ပြောကြားထားသည်။ ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif သည် ၎င်း၏ ဝမ်းနည်းကြောင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသရန်အတွက် ဗုဒ္ဓဟူးနေ့တွင် အန်ကာရာသို့ သွားရောက်မည်ဖြစ်ကြောင်း အစ္စလာမာဘတ်မှ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ဂျပန်အစိုးရက တူရကီအစိုးရ၏ တောင်းဆိုချက်ကြောင့် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်ရန် ဂျပန်သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့/ကယ်ဆယ်ရေးအဖွဲ့အားစေလွှတ်ရန် ဖေဖော်ဝါရီ ၆ ရက်က ဆုံးဖြတ်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့မှ အကြိုအဖွဲ့သည် ၆ ရက်နေ့ညနေပိုင်းတွင် ထွက်ခွာရန် စီစဉ်ထားသည်။

တူရကီအစိုးရ၏ မေတ္တာရပ်ခံချက်အပေါ် အခြေခံ၍ လူသားချင်းစာနာထောက်ထားမှု ရှုထောင့်နှင့် တူရကီနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် အရေးပေါ်အကူအညီပေးရန် ဂျပန်နိုင်ငံက ဆုံးဖြတ်ခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်ကို ဝမ်းနည်းကြောင်းဖော်ပြပြီး အကူအညီပေးဖို့ နေတိုးမဟာမိတ်ကို တောင်းဆိုလိုက်ပါသည်။ တူရကီ၏ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီရန် ရှာဖွေရေးနှင့် ကယ် ဆယ်ရေးအဖွဲ့များ စေလွှတ်ထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

ငလျင်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဆိုးရွားစွာခံစားခဲ့ရသည့် ဒေသတစ်ခုတွင် ဆင်းရဲဒုက္ခများ ပိုမိုတိုးလာစေခဲ့သည်။ ဆီးရီးယားနိုင်ငံဘက်တွင်မူ ရုရှားကျောထောက်နောက်ခံပြု အစိုးရတပ်များ ဝန်းရံထားသည့် အစိုးရထိန်းချုပ်နယ်မြေနှင့် အတိုက်အခံများ ထိန်းချုပ်ထားသည့်နယ်မြေ ဆိုပြီး ပိုင်းခြားထားသည်။

သူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေထဲမှာ ရာနှင့်ချီသည့် မိသားစုများ အပျက်အစီးများအကြားမှာ ပိတ်မိနေသေးတယ်ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ White Helmets က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ပွဲကြောင့် နိုင်ငံ၏ အခြားအရပ်ဒေသများမှ လူပေါင်း (၄) သန်းခန့် အိုးအိမ်မဲ့ ရွှေ့ပြောင်းနေထိုင်ရသည့်နေရာများနှင့် ပြည့်ကျပ်နေသည်။ စစ်တပ်၏ ဗုံးကြဲမှုကြောင့် ပျက်စီးနေပြီဖြစ်သော အဆောက်အအုံများတွင် နေထိုင်သူ အများအပြားရှိသည်။

ဆေးရုံများတွင် ဒဏ်ရာရသူများနှင့် ပြည့်နှက်နေသည်ဟု ကယ်ဆယ်ရေးသမားများက ပြောပြသည်။ SAMS ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ မီးဖွားဆေးရုံအပါအဝင် အချို့သောအဆောက်အဦများ ပြိုကြခဲ့သည်။ ခရိုင် ၁၀ ခုတွင် လူပေါင်း ၇,၈၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တူရကီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူ Orhan Tatar က ပြောကြားခဲ့သည်။

အဆိုပါဒေသသည် အဓိကပြတ်ရွေ့ကြောများပေါ်တွင် တည်ရှိပြီး ငလျင်လှုပ်ခတ်မှုများကြောင့် မကြာခဏလှုပ်လေ့ရှိသည်။ ၁၉၉၉ ခုနှစ်တွင် တူရကီနိုင်ငံ အနောက်မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အလားတူ အင်အားပြင်း ငလျင်ကြောင့် လူ ၁၈,၀၀၀ ခန့် သေဆုံးခဲ့သည်။

အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန၏ထုတ်ပြန်ချက်အရ တနင်္လာနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား မဂ္ဂနီကျူ ၇.၈ ရှိကြောင်း သိရှိရသည်။ တစ်နာရီအကြာတွင် မဂ္ဂနီကျူ ၇.၅ ရှိသော နောက်ထပ်ငလျင်တစ်ခုသည် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ကျော်အကွာတွင် လှုပ်ခတ်သွားခဲ့ကြောင်းလည်း သိရှိရသည်။

အင်အားပြင်းသော နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်နေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးအအဖွဲ့များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်။

Source: အေပီ။
ဓာတ်ပုံ။ အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 51 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 54 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 58 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ ပြင်ဆင်နေစဉ် အာရှနိုင်ငံများအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုရင်ဆိုင်ရတော့မည့်အရေးအတွက် ပြင်ဆင်နေကြရသည်။ အီရန်အနေဖြင့် ၎င်းတို့၏ နူကလီးယားအစီအစဉ်ကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 76 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 83 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 91 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်