နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

အာရှ

အာရှ ဥရောပ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ချက်ကြိုးတန်းလန်းနဲ့ ကယ်တင်ခံရတဲ့ မွေးကင်းစ မိန်းကလေးငယ်

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက် အဆောက်အအုံ အပျက်အစီးများအကြားမှ မွေး ကင်းစ မိန်းကလေးငယ်တစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့သော ငါးထပ်တိုက်ခန်း အဆောက် အအုံအောက်မှာ မိခင်ဖြစ်သူနဲ့ ချက်ကြိုးကို တွယ်ဆက်ထားဆဲအခြေအနေနဲ့ တွေ့ရှိခဲ့ပေမယ့် မိခင်ကတော့ သေဆုံးခဲ့ပါတယ်။

မိခင်ဖြစ်သူအပြင် ဖခင်နဲ့ အခြားမောင်နှမလေးဦးလည်း သေဆုံးနေပြီး မွေးကင်းစ မိန်းကလေးငယ်တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဆွေမျိုးများနှင့် ဆရာဝန်များ ပြောပြတဲ့ အချက်အလက်များကို ကိုးကားပြီး အေပီသတင်းဌာနက ဖေ ဖော်ဝါရီလ (၇) ရက်နေ့ တွင် ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖရင်ကလေးဆေးရုံတွင် ကလေးငယ်ကို တွေ့ရစဉ်။

မွေးကင်းစ မိန်းကလေးငယ်ကို ငလျင်လှုပ်ခတ်ပြီးနောက် ၁၀ နာရီကျော်အကြာတွင် ကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆောက်အအုံအဝင်ပေါက်အနီးတွင် အပျက်အစီးတွေကြားမှာ ငိုနေခဲ့ပြီး အနီးနားမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ချက်ကြိုးဖြတ်ပေးလိုက်ပြီးနောက် ကလေးငယ်ကို ကလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တူရကီမှာ မဂ္ဂနီကျူ ၇ ဒသမ ၈ အဆင့်နဲ့ ဆီးရီးယားနိုင်ငံမှာ မဂ္ဂနီကျူ ၇ ဒသမ ၅ အဆင့်ရှိ အလွန်ပြင်းထန်တဲ့ ငလျင်တစ်ခု ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၇ မိနစ်အချိန်မှာ လှုပ်ခတ်ခဲ့ပြီး အဲ့ဒီငလျင်ဒဏ်ကြောင့် ၄၈ နာရီအတွင်း လူပေါင်း ၇,၈၀၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၁ သောင်း ၂ ထောင်ခန့် ရှိပြီလို့ သိရပါတယ်။

Source: AP
Photo: AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ပုပ်ရဟန်းမင်းကြီး၏ ဈာပနအခမ်းအနားမတိုင်မီ ဘုရားကျောင်းတွင် ထရန့်နှင့် ဇလန်းစကီးတို့ တွေ့ဆုံစကားပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 21 Views
ဧပြီလ (၂၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတ ဇလန်းစကီးတို့သည် ပုပ်ရဟန်းမင်းကြီး၏ဈာပနမကျင်းပမီ မိနစ်ပိုင်းက ဗာတီကန်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာသတင်း အာရှ

စစ်သွေးကြွသံသယရှိသူတွေရဲ့တိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသမှာ လူ ၂၀ ကျော် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 30 Views
+++++++++++++++++++ အိန္ဒိယနိုင်ငံရဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွလို့ သံသယရှိသူတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နိုင်ငံတကာသတင်း အမေရိကန် အာရှ

အမေရိကန်နဲ့ အိန္ဒိယ နီးကပ်မှုမရှိရင် အမှောင်ဖုံးသွားနိုင်တယ်လို့ ဒုသမ္မတဂျေဒီဗန့်စ် သတိပေး

  • 2025 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
+++++++++++++++++++++++++ အမေရိကန်နိုင်ငံဟာ အိန္ဒိယနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စွမ်းအင်နဲ့ ကာကွယ်ရေးပစ္စည်းတွေရောင်းချလိုကြောင်း ဒုတိယသမ္မတဂျေဒီဗန့်စ်က အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ အင်္ဂါနေ့ကတွေ့ဆုံချိန်မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက်အတွက် ထပ်ခါတလဲလဲ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဂျိုင်ပါမြို့ကို သွားရောင်းလည်ပတ်ရင်း ဂျေဒီဗန့်စ်က အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံအချို့ရဲ့ “တူညီခြင်းနဲ့
နိုင်ငံတကာသတင်း ဥရောပ

ရုရှားသည် ဥရောပကို ပေါင်းစပ်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ဒတ်ခ်ျထောက်လှမ်းရေးက ပြောသည်။

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 22 Views
“ဖြစ်နိုင်ခြေရှိတဲ့ ယူကရိန်းနဲ့ စစ်ပွဲအဆုံးသတ်ပြီးနောက် ဥရောပအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှု တိုးလာနေတာကို ကျွန်တော်တို့ မြင်ပါတယ်” ဟု ဒတ်ခ်ျစစ်ထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာက ပြောကြားခဲ့သည်။ ရုရှားသည် နယ်သာလန်နှင့် ၎င်း၏ဥရောပမဟာမိတ်များကို နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ၎င်း၏ ပုန်းရှိုးကွယ်ရှိုး
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 24 Views
ဧပြီလ (၂၂) ရက်။ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိကက ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဧပြီလ (၂၁) ရက် တနင်္လာနေ့မှာ ပျံလွန်တော်မူသွားခဲ့ပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ဒီနေ့ မနက် ၇ နာရီ ၃၅
နိုင်ငံတကာသတင်း ဥရောပ

ပုပ်ရဟန်းမင်းကြီးဖရန်ဆစ် သက်တော် ၈၈ နှစ်မှာ ပျံလွန်တော်မူ

  • 2025 ခုနှစ်၊ ဧပြီလ 21 ရက်
  • 19 Views
+++++++++++++++++++++ ရိုမန်ကက်သလစ်ဘာသာဝင်တွေရဲ့ ပထမဆုံး တောင်အမေရိက အမေရိကဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ တနင်္လာနေ့က ပျံလွန်တော်မူသွားခဲ့ပြီလို့ ဗာတီကန်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ “ဒီနေ့မနက် ၇ နာရီ ၃၅ မိနစ်မှာ ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ဟာ ဖခမည်းတော်ရဲ့ နေအိမ်ကို ပြန်သွားခဲ့ပါပြီ” လို့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 33 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၁၈ ရက်နေ့တွင် သတိပေးခဲ့သည်။ ထရန့်သည် နှစ်ဖက်စလုံးအား အပစ်အခတ်ရပ်စဲရန်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 43 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရုဘီယိုက ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ “ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့