နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

ဥရောပ

ဥရောပ

အင်္ဂလိပ်ဆရာဝန်များ၏ သပိတ်မှောက်မှု ဆိုးရွားစွာ ထိခိုက်နိုင်

အစိုးရမှ ထောက်ပံ့သော ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဆန့်ကျင်ဆန္ဒပြသည့်အနေနှင့် ဆရာဝန် ထောင်ပေါင်းများစွာက လေးရက်ကြာ ဆေးရုံများမှ ထွက်ခွာခဲ့ကြပြီး ဗြိတိန်သည် တနင်္လာနေ့တွင် “ကပ်ဆိုးကြီး” ကျရောက်နိုင်ကြောင်း အရာရှိတစ်ဦးမှ သတိပေးခဲ့ပြီး လူနာများကို ချိန်းဆိုထားမှုပေါင်း ၃၅၀,၀၀၀ အထိ ရွှေ့ဆိုင်းလိုက်ရသည်။

အင်္ဂါနေ့တွင် စတင်မည့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနမှ လုပ်ငန်းခွင်သို့ အသစ်ဝင်ရောက်လာသည့်ဆရာဝန်များလည်း သပိတ်မှောက်မှုတွင် ပါဝင်လာကြသည်။ လူနေမှုစရိတ် အကျပ်အတည်းအတွင်း လစာတိုးပေးရန် ကဏ္ဍများစွာမှ ပြည်သူ့ဝန်ထမ်းများ သပိတ်မှောက်လာပြီးနောက် ဆရာဝန်များ၏တောင်းဆိုမှု တဆက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လက သုံးရက်ကြာ ဆရာဝန်များ၏ သပိတ်မှောက်မှုကြောင့် ကျန်းမာရေးစနစ်ကို ချိနဲ့သွားစေခဲ့ပြီး ကပ်ရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်သည့် ရက်ချိန်းများကို ရွေ့ဆိုင်းခဲ့ရသည်။ လူနာများ ဆရာဝန်တစ်ဦးနှင့်တွေ့ဆုံရန် စောင့်ဆိုင်းရမည့် အချိန်ကိုလည်း ကြာမြင့်စေခဲ့သည်။


“ဤသပိတ်မှောက်မှုသည် NHS အမျိုးသားကျန်းမာရေးစနစ်၏ ပြန်လည်ထူထောင်နိုင်မှု စွမ်းရည်အပေါ်တွင် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်” ဟု NHS မဟာမိတ်အဖွဲ့ ၏အမှုဆောင်အရာရှိချုပ် မက်သယူးတေလာ (Matthew Taylor) က Sky News သို့ ပြောကြားခဲ့သည်။ “

ကျန်းမာရေးဝန်ဆောင်မှုသည် လူနာများအတွက် မြင့်မားသောလိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည့်အပြင် နောက်ပိုင်းတွင် ကုသမှုနှင့် မသက်ဆိုင်သည့် စုပုံနေသည့်အလုပ်များကိုလည်း တပြိုင်နက်တည်း ဆောင်ရွက်ရန် လိုအပ်ပါသည်။ သပိတ်များ ဆက်ဖြစ်နေသည့်အခါ ယင်းတို့ကို လိုအပ်သလို လုပ်ဆောင်၍ မရနိုင်ပါ” ဟု သူက ဆိုသည်။


ငွေကြေးဖောင်းပွမှု ၁၀% နှင့်အထက် မြင့်တက်လာပြီး အစားအသောက်နှင့် အပူပေးစရိတ်များ တိုးလာသည့်အပြင် လုပ်အားခများကလည်း ကျဆင်းသွားပြီး အခွန်အခများ ပေးဆောင်ရန် လူများ ရုန်းကန်နေကြရသည်။


အငယ်တန်းဆရာဝန်လစာကို ၂၀၀၈ ခုနှစ်အဆင့်သို့ ပြန်လည်ရောက်ရှိစေရန် ၃၅% လစာတိုးပေးရန် ဗြိတိသျှ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (BMA) နှင့်ဆရာဝန်သမဂ္ဂမှ တောင်းဆိုထားသည်။ အရည်အချင်းပြည့်မီသော ဆရာဝန်အသစ်များသည် တစ်နာရီလျှင် ၁၄ ပေါင် (၁၇ ဒေါ်လာ) ကျော်သာ ရရှိသည်ဟု BMA မှ ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင်၊ ကုသမှုအတွက် အလုပ်ဝန်ပိနေမှုနှင့် တွေ့ရမည့်လူနာစာရင်းမှာလည်း စံချိန်တင် မြင့်မားနေပါသည်။


အချို့သော သမဂ္ဂများသည် အစိုးရနှင့် သဘောတူညီချက်များ ရရှိထားသော်လည်း သမဂ္ဂအများအပြားသည် အစိုးရနှင့် သဘောတူညီမှု မရရှိသေးပေ။ ကျောင်းဆရာများသည် လစာတိုးပေးသည့် ကမ်းလှမ်းချက်ကို မကြာသေးမီက ပယ်ချခဲ့ပြီး သူနာပြုများသည် ပြီးခဲ့သည့်လက ကမ်းလှမ်းထားသည့် သဘောတူညီချက်အပေါ် မဲပေးနေဆဲဖြစ်သည်။


ကျန်းမာရေးဝန်ကြီး စတိဗ် ဘာကလေ (Steve Barclay) က ဆရာဝန်များ၏ တောင်းဆိုမှုသည် လက်တွေ့မကျကြောင်းနှင့် သပိတ်များသည် “အနှောင့်အယှက်ဖြစ်စေရန် စီစဉ်ထားခြင်းသာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ညှိနှိုင်းမှုမပြုလုပ်မီ သပိတ်များကို ရပ်ဆိုင်းထားရန် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေးဌာနက ပြောကြားထားသည်။


သပိတ်များသည် လူနာများကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု တေလာက ပြောကြားရာတွင် အစိုးရနှင့် သမဂ္ဂတို့သည် သောင်မတင် ရေမရာဖြစ်မှုကို ပြေလည်အောင် ကူညီပေးရန် ပြင်ပစေ့စပ်ညှိနှိုင်းသူများထံ တောင်းဆိုခဲ့သည်။

NHS ၏ အမျိုးသားဆေးဘက်ဆိုင်ရာဒါရိုက်တာ စတီဖင် ပေါင်ဝစ် (စ်) (Stephen Powis) က သပိတ်မှောက်မှုများအတွင်း အရေးပေါ်နှင့် အရေးကြီးသော လူနာများနှင့် အသဲအသန်လူနာများအတွက် စောင့်ရှောက်မှုကို ဦးစားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ဆောင်မှု သမိုင်းတွင် ဤသပိတ်မှောက်မှုကြီးသည် အခိုက်အများဆုံး ဖြစ်လိမ့်မည်ဟု သူက ဆိုသည်။

Source: အေပီ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 84 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 224 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 232 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် – ဖလော်ရီဒါ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 241 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 225 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 233 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်