နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

နည်းပညာ

နည်းပညာ ဥရောပ

YouTube ၏ CEO ဆူဇန်ဝတ်ချစ်စကီ ရာထူးမှ နုတ်ထွက်တော့မည်

YouTube ၏ CEO ဆူဇန်ဝတ်ချစ်စကီ (Susan Wojcicki) သည် ကိုးနှစ်ကြာ CEO အဖြစ်တာဝန်ယူပြီးနောက် သူမ၏ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄ ရက်) ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

ဆူဇန်က “ ကျမရဲ့ မိသားစု၊ ကျန်းမာရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စများကို အဓိကထားပြီး ကဏ္ဍသစ်တစ်ခု စတင်ရန် စီစဉ်ထားတယ်” ဟု ၎င်း၏ ဘလော့ဂ်တွင် ရေးသားခဲ့သည်။

ဆူဇန်သည် YouTube ၏ မိခင်ကုမ္ပဏီဖြစ်သော Google ၏ အစောဆုံး အဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်သည်။ Google တည်ထောင်သူ လာရီပေ့ချ် (Larry Page) နှင့် ဆာဂေဘရင် (Sergey Brin) တို့သည် ကယ်လီဖိုးနီးယားရှိ ဆူဇန်၏ ကား ဂိုဒေါင်တွင် Search Engine ကို ဖန်တီးခဲ့ကြသည်။ ဆူဇန်သည် Google ၏ ၁၆ ယောက်မြောက် ဝန်ထမ်းဖြစ်ပြီး ၂၅ နှစ် နီးပါး အလုပ်လုပ်ခဲ့သည်။

Photo: Francois G. Durand/Getty Images

“ ဆူဇန်သည် Google ၏သမိုင်းတွင် အထူးနေရာတစ်ခုမှာ ရှိနေပြီး နေရာတိုင်းတွင် လူများအသုံးပြုသည့် ထုတ်ကုန်များ အတွက် မယုံနိုင်လောက်စရာ အကောင်းဆုံး ပံ့ပိုးမှုများကို ပြုလုပ်ပေးခဲ့ပါသည်။ ပြီးခဲ့သော ၂၅ နှစ်အတွင်း သူမ လုပ် ဆောင်ခဲ့သမျှအတွက် သူမအား ကျေးဇူးတင်ပါသည်” ဟု လာရီပေ့ချ်နှင့် ဆာဂေဘရင်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ဆူဇန်၏ နေရာတွင် လက်ရှိထုတ်ကုန်အရာရှိချုပ် (CPO) နီးလ်မိုဟန် (Neil Mohan) ကို အစားထိုးမည်ဖြစ်သည်။

အင်တာနက်သည် ဆိုရှယ်မီဒီယာသို့ ပြောင်းသွားသည့်အချိန်၌ ဆူဇန်သည် YouTube ကို ပဲ့ကိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သတင်းမှားနှင့် အမုန်းစကားများကဲ့သို့ အန္တရာယ်ရှိသော အကြောင်းအရာများ ပျံ့နှံ့မှုကြောင့် အွန်လိုင်း ပလက်ဖောင်းများကို အများပြည်သူ စိစစ်မှု မြင့်တက်လာသည့် ခေတ်လည်း ဖြစ်သည်။

သူမ အနားယူပြီးနောက်တွင် YouTube တွင် အဖွဲ့ဝင်အချို့နှင့် ဆက်လက် အလုပ်လုပ်သွားမည်ဖြစ်ပြီး Google ၏ CEO ဆွန်ဒါ ပီချိုင် (Sundar Pichai) ကိုလည်း အကြံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆူဇန်ဝတ်ချစ်စကီသည် အမေရိကန် – ပိုလန် ကပြား တယောက် ဖြစ်သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 35 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 177 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 201 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 194 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 209 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်