နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 4 ရက်

China

China Russia အာရှ ဥရောပ

ရုရှားသမ္မတ ဗလာဒီမာပူတင် တရုတ်အလည်အပတ်ခရီးစဉ်မှာ တရုတ်ခေါင်းဆောင်နှင့် တွေ့ဆုံ။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းစစ်ပွဲအတွင်း မော်စကိုအား တရုတ်၏ထောက်ခံမှုကို အလေးပေးဖော်ပြသည့် အလည်အပတ်ခရီးစဉ်တွင် ဘေဂျင်း၌ တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်။


အမေရိကန်နှင့် အခြားဒီမိုကရေစီနိုင်ငံများနှင့် ဆန့်ကျင်ပြီး အလွတ်သဘော မဟာမိတ်ဖွဲ့ထားသည့် နှစ်နိုင်ငံသည် ယခုအခါ အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ရှုပ်ထွေးမှုဖြစ်နေခဲ့သည်။ တရုတ်နိုင်ငံသည် အစ္စရေးနှင့် ၎င်း၏ ဆက်ဆံရေးကို ဟန်ချက်ညီစေရန် ကြိုးပမ်းနေခဲ့ပြီး တဖက်မှာလည်း ရုရှား၏ ကျောထောက်နောက်ခံ အခိုင်အမာရရှိထားသော အီရန်နှင့် ဆီးရီးယားနှင့် ၎င်း၏ စီးပွားရေး အရ ဆက်ဆံရေး လုပ်ခဲ့သည်။

ရုရှားသမ္မတ ပူတင်သည် ၎င်း၏လေယာဉ်ဖြင့် ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် အစောင့်အရှောက်များဖြင့် ဘေဂျင်းသို့ အင်္ဂါနေ့တွင် ရောက်ရှိခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် တရုတ်ခေါင်းဆောင် ရှီကျင်းဖျင့်၏ တရုတ်နိုင်ငံ၏ ပင်လယ်ရပ်ခြား သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ပိုးလမ်းမစီမံချက်ဖြစ်သည့် ခါးပတ်လမ်း – Belt and Road (BRI) စီမံချက်ကို ထောက်ခံကြောင်း ပြသခြင်းလည်း ဖြစ်သည်။


တရုတ်အစိုးရမီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပူတင်က BRI ပရောဂျက်၏ ကြီးမားမှုကို ချီးကျူးခဲ့သော်လည်း ထိုစီမံကိန်းနှင့်သူနှင့် ချိတ်ဆက်နေမှုက လျော့ရဲရဲသာ ဖြစ်သည်။ “ဟုတ်တယ်၊ တစ်ချို့လူတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံက သူ့လက်မအောက်ဖိထားဖို့ ကြိုးပမ်းမှုလို့ထင်နေတာကို ကျနော်တို့ကသိပါတယ်၊ ဒါပေမယ့် ကျနော်တို့ကတော့ ဒီလိုမမြင်ပါဘူး။ သူ့လုပ်ဆောင်ချက်က ပြင်းပြတဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒလို့ မြင်ပါတယ်” ဟု ပူတင်ကပြောကြားခဲ့မှုကို တရုတ်

နိုင်ငံပိုင်ရုပ်သံ CCTV မှ ထုတ်ပြန်သော စာသားမှတ်တမ်းအရ တနင်္လာနေ့တွင် ကရင်မလင်မှ ထုတ်ပြန်ခဲ့သည်။
BRI ပေါ်လစီကို ရှီ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည် စည်းဝေးပွဲ၌ ထင်ရှားဆုံး ဧည့်သည်တဦးဖြစ်သည့် ရုရှားခေါင်းဆောင်ပါဝင် တက်ရောက်မည်ဖြစ်သည်။ ဇမ်ဘီယာနှင့် သီရိလင်္ကာတို့ကဲ့သို့ တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပြီးနောက် သူတို့ငွေကြေး မတတ်နိုင်သည့် လမ်းများတည်ဆောက်ခြင်း၊ လေဆိပ်များတည်ဆောက်ခြင်းနှင့် အခြားလူမှုရေးစီမံကိန်းများကြောင့် ကြီးမားသည့် ကြွေးမီများတင်ရှိနေခဲ့သည်။

၎င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ သောကြာနေ့က သတင်းထောက်များအား မေးမြန်းရာတွင် ပူတင်က ၎င်းသည် ခါးပတ်လမ်း (Belt and Road) ဆိုင်ရာ ပရောဂျက်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည်ဟု ပြောကြားခဲ့ပြီး မော်စကိုသည် ဆိုဗီယက်ယူနီယံနိုင်ငံဟောင်းများ အထူးသဖြင့် အာရှအလယ်ပိုင်းနှင့် စီးပွားရေးမဟာမိတ်အဖွဲ့ပြီး “ဘုံဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်” ရရှိရန်ကြိုးပမ်း ချိတ်ဆက်လိုသည်ဟု ပြောကြားခဲ့သည်။ ရုရှားသည် ၎င်း၏နောက်ဖေးတွင် ကာလကြာရှည်စွာ တည်ရှိနေသည့် တရုတ်နိုင်ငံ၏ ဒေသအတွင်း စီးပွားရေး လွှမ်းမိုးမှု၏ သက်ရောက်မှုတို့ကို လျှော့ချခဲ့ပြီး နိုင်ငံရေးနှင့် စစ်ရေးအရ သြဇာအာဏာကို ထိန်းသိမ်းရန် လုပ်ဆောင်ခဲ့သည့် နေရာလည်း ဖြစ်သည်။
Grigory Sysoyev/Pool/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 76 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 121 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 143 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 246 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 202 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 205 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏