နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

ဥရောပ

ဥရောပ

စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် ထီးနန်းဆက်ခံမှုအတွက် ကြိုတင်ပြင်ဆင်ရန် စစ်ရေးတွင် သုံးနှစ်ကြာ လေ့ကျင့်မှုခံယူ

စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် (၁၇) နှစ်သည် သူမ၏ အနာဂတ် ထီးနန်းဆက်ခံမှုအတွက် ပြင်ဆင်ရန် စစ်ရေးလေ့ကျင့်မှုတွင် သုံးနှစ်ကြာ စတင်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီး မာဂါရိတာရော်ဘလက်စ် (Margarita Robles) က ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

“ ယနေ့ ဝန်ကြီးအဖွဲ့ အစည်းအဝေးက စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုနှင့် အသက်မွေးဝမ်းကျောင်းမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်ရှေ့မင်းသမီးအား ပေးအပ်ရန် ရည်ရွယ်သည့် တော်ဝင်အမိန့်ကို အတည်ပြုခဲ့သည်” ဟု ကာကွယ်ရေးဝန်ကြီး ရော်ဘလက်စ်က ပြောကြားခဲ့သည်။

ဓာတ်ပုံ။ စပိန် အိမ်ရှေ့မင်းသမီး လီယွန်နော် /ဓာတ်ပုံမူပိုင်။ Carlos Alvarez/Getty Images

စပိန်ဘုရင် ဖိလစ် VI ၏ သမီးတော် နှစ်ဦးအနက် အကြီးဆုံး မင်းသမီး လီယွန်နော်သည် ထီးနန်းဆက်ခံသူဖြစ်ပြီး ဖခင် နန်းစွန့်လျှင် သို့မဟုတ် ကွယ်လွန်ပါက စစ်ဦးစီးချုပ် ဖြစ်လာမည်ဖြစ်သည်။ မင်းသမီး လီယွန်နော်သည် သူမ၏ဖခင်ကဲ့သို့ပင် စပိန်စစ်တပ်၊ ရေတပ်နှင့် လေတပ်သင်တန်းများသို့ တစ်နှစ်စီ တက်ရောက်မည်ဖြစ်သည်။

“အချိန်ကျလာတဲ့အခါ၊ အိမ်ရှေ့မင်းသမီးဟာ ကျွန်တော်တို့ရဲ့ စစ်ဦးစီးချုပ် ဖြစ်လာမှာပါ” ဟု ရော်ဘလက်စ်က ပြောကြားခဲ့ပြီး “မကြာသေးမီနှစ်များအတွင်း အမျိုးသမီးများကို စစ်သား စုဆောင်းရန် ကျွန်ုပ်တို့ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မင်းသမီး လီယွန်နော်သည် လက်ရှိတက်ရောက်နေသည့် Wales ရှိ UWC Atlantic ကောလိပ်မှ ဘွဲ့ရပြီးနောက် သြဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် စစ်ရေးလေ့ကျင့်မှု စတင်မည် ဖြစ်သည်။

“ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်လာဖို့ တော်ဝင်ဘဝရဲ့ မရှိမဖြစ် ခြေလှမ်းတစ်ခုပါ” ဟု ရော်ဘလက်စ်က ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 177 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 178 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 201 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 194 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 209 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်