နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 20 ရက်

အားကစား

အားကစား ဥရောပ

ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးမှ ဗီအဲရာထုတ်ပယ်ခံရ

ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၁၂ ပွဲဆက်နိုင်ပွဲပျောက်ပြီးနောက် နည်းပြပက်ထရစ်ဗီအဲရာကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း နိုင်ပွဲတစ်ပွဲမှ မရခဲ့ဘဲ ဘရိုက်တန်ကို (၁-၀)ဂိုး ရလဒ်နဲ့ရှုံးနိမ့်တဲ့ပွဲအပြီး ၃ ပွဲဆက် ရှုံးပွဲတွေ့ခဲ့လို့ နည်းပြဗီအဲရာ အခုလိုရာထူးကထုတ်ပယ်ခံရတာဖြစ်ပါတယ်။

ဗီအဲရာကို ရာထူးကထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းဥက္ကဌ စတိဗ်ပါရစ်က အခုလိုဆုံးဖြတ်ချက်ကို ချမှတ်ဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြ ထားပါတယ်။ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်အသင်းကို အဝေးကွင်းသွားရောက်ရင်ဆိုင်ဖို့ရှိနေပြီး အဲဒီပွဲအတွက် ယူ ၂၁ အသင်းနည်းပြပက်ဒီမက္ကာသီက ယာယီတာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အသက် ၄၆ နှစ်အရွယ် ဗီအဲရာဟာ ၂၀၂၁-၂၂ ဘောလုံးရာသီအစမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရပြီး ပထမဆုံးကိုင်တွယ်တဲ့ရာသီမှာ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ်အတွင်း ရမှတ် ၃ မှတ်သာရယူပေးနိုင်ခဲ့လို့ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

တိုးတက်မှုမရှိပါက ယူကရိန်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကနေ အမေရိကန် နှုတ်ထွက်သွားမယ်လို့ ထရန့်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 9 Views
ဧပြီလ (၁၉) ရက်။ ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ လျင်မြန်စွာ တိုးတက်မှုမရှိပါက အမေရိကန်အစိုးရသည် ရက်ပိုင်းအတွင်း နုတ်ထွက်မည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်က ရှေ့ကို ဆက်သွားသင့်တယ်လို့ ရူဘီယိုပြော

  • 2025 ခုနှစ်၊ ဧပြီလ 19 ရက်
  • 11 Views
ဧပြီလ (၁၉) ရက်။ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကို အဆုံးသတ်ပြီး ရှေ့ဆက်ဖို့ လိုအပ်တယ်လို့
နိုင်ငံတကာသတင်း ဥရောပ

“ သမ္မတဒေါ်နယ်ထရမ့် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ရင် ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ရပ်ဆိုင်းထားသင့်ဟု MI6 ၏ အကြီးအကဲဟောင်းကပြော

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 33 Views
+++++++++++++++++++++++++++++++++++++ “ သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို လိုချင်ရင် ယူကရိန်းနဲ့ ရုရှားကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုကို ရပ်ဆိုင်းထားသင့်တယ်” ဟု ဗြိတိန်ရဲ့ ထိပ်တန်းသူလျှိုဟောင်းက ကြာသပတေးနေ့မှာ NBC News ကို ပြောကြားခဲ့ပါသည်။ ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ
နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

မြန်မာငလျင်အတွက် ယူရို (၁၀)သန်း EU ထပ်မံပံပိုး

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 41 Views
ဧပြီလ (၈)ရက်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် နောက်ထပ် ယူရို (၁၀)သန်း ထပ်မံပံ့ပိုးမယ်လို့ ဥရောပကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရန်ပုံငွေဟာ အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုတွေ အပါအဝင်
နိုင်ငံတကာသတင်း ဥရောပ

ပြင်သစ် –

  • 2025 ခုနှစ်၊ ဧပြီလ 3 ရက်
  • 47 Views
မာရင်းလီပန်း (Marine Le Pen) ၏ ထရန့်နှင့်ပုံစံတူ အာဏာဖီဆန်မှုကြောင့် ပြစ်ဒဏ်ချခံခဲ့ရပြီး လက်ယာစွန်းများကို မလှုပ်ရှားနိုင်ရန် တားဆီးထားလိုက်သည်။ ပြင်သစ်နိုင်ငံ၏ ၂၀၂၇ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ လမ်းပြခေါင်းဆောင် အမျိုးသမီးအား တားမြစ်ပိတ်ပင်ခြင်းသည် သူမအား
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

လစ်သူယေးနီးယားမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်သည် ၄ ဦးထဲမှာ ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 65 Views
+++++++++++++++++ လစ်သူယေးနီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန်စစ်သား လေးဦးအနက် သုံးဦးကို သစ်ဆွေးမြေပြိုကျမှုဖြစ်ပွါးခဲ့တဲ့ နေရာမှာ သေဆုံးနေတာကို တွေ့ရှိရပြီး ကျန်တစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ အမေရိကန်နဲ့ လစ်သူယေးနီးယားစစ်ဘက်တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘောလ်တစ်နိုင်ငံတစ်ခုဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံက
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်အစိုးရသည် ဥရောပကို ကြမ်းတမ်းသော စကားလုံးများ အသုံးပြု၍ စကားပြောဆိုခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 100 Views
သူတို့အချင်းချင်း သီးသန့်ပြောကြလျှင် ပို၍ကြမ်းတမ်းသည့် အသုံးအနှုန်းကို သုံးစွဲကြသည်။ ယီမင်ဟူသီများအပေါ် အမေရိကန်စစ်တပ်၏ ထိုးနှက်တိုက်ခိုက်မှုအကြောင်းကို ထရန့်အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်များ အချင်းချင်း အများသူငှာသုံးစွဲသည့်မက်ဆေ့ချ် အက်ပလီကေးရှင်း တစ်ခုပေါ်တွင် မျှဝေခဲ့ရာတွင် The Atlantic သတင်းမှ သတင်းထောက်ချုပ်ကို အမှတ်မထင်
နိုင်ငံတကာသတင်း ဥရောပ

စစ်ပွဲကျရောက်မည့် အန္တရာယ်ကြောင့် ၃ ရက် (၇၂ နာရီ) စာ ရိက္ခာများကို သိုလှောင်ထားရန် နိုင်ငံသားများအား ဥရောပသမဂ္ဂက တိုက်တွန်းထားသည်။

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 68 Views
မတ်လ (၂၆) ရက်။ ဥရောပသမဂ္ဂ နိုင်ငံသားများသည် အကျပ်အတည်းဖြစ်ချိန်တွင် အနည်းဆုံး ၃ ရက် (၇၂ နာရီ) စာ လုံလောက်သော အစားအစာနှင့် အခြားလိုအပ်သော အထောက်အပံ့များကို သိုလှောင်ထားသင့်သည်ဟု EU ကော်မရှင်က ပြောကြားခဲ့သည်