နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

ဥရောပ

ဥရောပ

ယူကရိန်းမြို့တော်ကီးယက်အနီး ရဟတ်ယာဉ်ပျက်ကျ၊ပြည်ထဲရေးဝန်ကြီး အပါအဝင် အနည်းဆုံး (၁၈) ဦးသေဆုံး

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက မြို့တော် ကီးယက်အနီး Brovary ၌ လူနေအဆောက်အအုံများ အနီးတွင် ဇန်န ဝါရီလ (၁၈) ရက်နေ့က ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုအား ရည်ညွှန်းပြီး ကြီးမားသော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ် ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းရဟတ်ယာဉ်ပျက်ကျမှုအတွက်ထုတ်ပြန်သည့် ကြေညာချက်တွင် ပြည်ထဲရေးဝန်ကြီး Monastirsky အပါအဝင် အကြီးတန်းအရာရှိ သုံးဦး သေဆုံးခဲ့ကြောင်း သမ္မတဇီလန်စကီးက အတည်ပြုခဲ့သည်။ ယင်းရဟတ်ယာဉ်ပျက်ကျမှု၏ အချက်အလက် အပြည့်အစုံကို ဖော်ထုတ်ရန် လုံခြုံရေးတာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသွားသော ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများကို ယူကရိန်း၏ စစ်မှန်သော မျိုးချစ်များဟု ဖော်ပြခဲ့သည်။ “ သူတို့အားလုံး ငြိမ်းချမ်းကြပါစေ။ ဒီမနက် အမှောင်ထဲမှာ အသက်ဆုံးရှုံးခဲ့ကြသူများအားလုံး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းရဟတ်ယာဉ်ပျက်ကျမှုတွင် ကလေး (၂) ဦးအပါအဝင် အနည်းဆုံး (၁၈) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များဖြစ်ပြီး ကလေးငယ် (၁၅) ဦးအပါအဝင် ၂၉ ဦး ဒဏ်ရာရခဲ့ကြောင်း စစ်ဘက်အကြီးအကဲ Oleksiy Kleva က လူမှုမီဒီယာ Telegram တွင် ပြောကြားခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန် ဥရောပ

ထရန့်အစိုးရမတက်ခင် အမေရိကန်က ဒေါ်လာ ၇၂၅ သန်းတန် လက်နက်ခဲယမ်းများကို ယူကရိန်းသို့ ပို့မည်ဖြစ်သည်။

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 9 Views
ဒီဇင်ဘာလ (၃) ရက်။ အမေရိကန်သည် ယူကရိန်းနိုင်ငံသို့ ဒုံးကျည်များ၊ ခဲယမ်းမီးကျောက်များ၊ လူသုံးမိုင်းများနှင့် အခြားလက်နက်များကို စုစုပေါင်း ဒေါ်လာ ၇၂၅
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဂျာမန်အဓိပတိ အော်လော့ရှော့ဇ် ယူကရိန်းနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 12 Views
ဒီဇင်ဘာလ (၂) ရက်၊ ကိ့ဗ်- ယူကရိန်း။ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖုန်းခေါ်ဆိုမှုအတွက် ယူကရိန်းသမ္မတ က ဂျာမန်အဓိပတိ အိုလော့ဖ်
နိုင်ငံတကာသတင်း ဥရောပ

 ဆွီဒင်နိုင်ငံသားများအား အစားအစာနှင့် ဆေးဝါးများ သိုလှောင်ပြီး “စစ်ပွဲအတွက် ပြင်ဆင်ရန်” ဆွီဒင်အစိုးရ တိုက်တွန်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 21 Views
နိုဝင်ဘာလ (၂၃) ရက်။ ဆွီဒင်အစိုးရသည် ဥရောပတွင် မကြာမီ စစ်ဖြစ်တော့မည့် အလားအလာကို မျှော်မှန်းထားပြီး အစားအသောက်နှင့် ဆေးဝါးများ သိုလှောင်ရန် နိုင်ငံသားများအား တိုက်တွန်းသည့် လက်ကမ်းစာစောင်များကို နိုဝင်ဘာလ (၁၈) ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့သည်။ ဖင်လန်အစိုးရသည်
နိုင်ငံတကာသတင်း ဥရောပ

ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း ပူတင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 23 Views
နိုဝင်ဘာလ (၂၃) ရက်။ အမေရိကန်နှင့် ဗြိတိန်တို့က ယူကရိန်းအား ရုရှားကို လက်နက်ကြီးဖြင့် တိုက်ခိုက်ရန် ခွင့်ပြုပြီးနောက် ယူကရိန်းစစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခဆီသို့ ဦးတည်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရုရှားသည် ယူကရိန်း
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 36 Views
ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန် +++++++++++ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကရင်မလင်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်နယ်ထရန့်နဲ့
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်း ကာကွယ်ရေးကို လွှမ်းမိုးနိုင်စေရန်အတွက် ရုရှားသည် အစုလိုက်အပြုံလိုက် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်ခြင်းကို အရှိန်မြှင့်လိုက်သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 29 Views
နိုဝင်ဘာလ (၁၁) ရက်။ ကိ့ဗ်၊ ယူကရိန်း CNN — ရုရှားစစ်တပ်က ယူကရိန်းမြို့များကို တာဝေးပစ်ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို အဆက်မပြတ် ပြုလုပ်နေပြီး မော်စကိုစစ်တပ်သည်အရှေ့ဖက်တွင် ရှေ့တိုးချီတက်လာနေခဲ့သည်။ သမ္မတ ဗလာဒီမာဇလန်းစကီးက လွန်ခဲ့သောဆောင်းဦးကာလက ပစ်ခတ်ခဲ့သော အရေအတွက်ထက်
နိုင်ငံတကာသတင်း ဥရောပ

ထရန့်သမ္မတရာထူး မယူမီ ဗြိတိန်နှင့် ပြင်သစ်တို့ ပိုမိုနီးကပ်စွာ ဆက်သွယ်မှုများ ပြုလုပ်ထားရန် ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာ (Keir Starmer) သည် ပါရီအပစ်အခတ်ရပ်စဲရေး အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 34 Views
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်၊ လန်ဒန်၊ CNN။ ကီရာစတာမာသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အပစ်အခတ်ရပ်စဲရေး အထိမ်းအမှတ်ပွဲကို တနင်္လာနေ့တွင် တက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဒေါ်နယ်ထရန့်၏ သမ္မတသက်တမ်းမတိုင်မီ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးသော
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

သမ္မတပူတင်က ထရန့်အနိုင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုပြီး စကားပြောချင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 30 Views
နိုဝင်ဘာလ (၈) ရက်။ ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်သမ္မတရာထူးအတွက် သူ (ဒေါ်နယ်ထရန့်) ကို ဒီနေရာကနေ ဂုဏ်ပြုစကား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ