နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

လက်တင်အမေရိက

လက်တင်အမေရိက ဥရောပ

သမ္မတဟောင်း ဘားရက်အိုဘားမား အပါအဝင် အမေရိကန်နိုင်ငံသား ၅၀၀ ကို ရုရှားသို့ဝင်ရောက်ခွင့် ပိတ်ပင်။

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား (Barack Obama)၊ ညနှောင်းပိုင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ စတီဖင်ကိုလ် ဘာ့ပ် (Stephen Colbert) နှင့် CNN မှ သတင်းတင်ဆက်သူ အဲရင်ဘားနက် (Erin Burnett) တို့သည် ရုရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံထားရသော အမေရိကန် နိုင်ငံသား ၅၀၀ ထဲမှ အချို့ဖြစ်သည်။


ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က ချမှတ်ထားသော ပုံမှန် ရုရှားဆန့်ကျင်ရေး ပိတ်ဆို့မှုများကို တုံ့ပြန်သည့်အနေဖြင့် ထင်ရှားသော အမေရိကန် အမှုဆောင် အရာရှိ အများအပြား အပါအဝင် “အမေရိကန်နိုင်ငံသား ၅၀၀” ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို တားမြစ်ရန် ရုရှား နိုင်ငံခြားရေးဌာနက မေလ (၁၉) ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

အဆိုပါစာရင်းတွင် အိုဘားမား၊ အမေရိကန် သံအမတ်ဟောင်း ဂျွန် ဟန့်စ်မင်း (Jon Huntsman)၊ အမေရိကန် အထက်လွှတ်တော်အမတ် အများအပြားနှင့် ပူးတွဲ စစ်ဦးစီးချုပ်များ၏ ဥက္ကဋ္ဌဖြစ်လာမည့်သူဟု ခန့်မှန်းထားသည့် ချားလ် ကျုူ ဘရောင်းဂျူနီယာ (Charles Q. Brown Jr.) တို့ ပါဝင်သည်။ ရှည်လျားလှသည့်အမည်များစာရင်းတွင် အမေရိကန် ညနှောင်းပိုင်း ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ဂျင်မီကင်မဲလ် (Jimmy Kimmel)၊ ကိုလ်ဘတ် (Colbert) နှင့် ဆက်မေယားစ် (Seth Meyers) တို့ လည်းပါဝင်သည်။

ကြေညာချက်တွင် လူစာရင်း ၅၀၀ ထဲတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ထောက်ခံသူ အများအပြားသည် လက်ရှိသမတဘိုင်ဒင်ကို သမ္မတအဖြစ် အသိအမှတ်ပြုခြင်းကို ရပ်တန့်ရန်အတွက် အမေရိကန်လွှတ်တော်ကို တိုက်ခိုက်ခဲ့ ကြသည်။ ထိုအကြမ်းဖက်တိုက်ခိုက်သူများကို ဖမ်းဆီးအရေးယူသည့်ကိစ္စတွင် တိုက်ရိုက်ပါဝင် လုပ်ဆောင်ခဲ့ကြသည့် အစိုးရနှင့် တရားဥပဒေ စိုးမိုးရေး အေဂျင်စီများတွင် ပါဝင်သူများလည်း ပိတ်ပင်ခံရသူများထဲတွင် ပါဝင်သည်။

သောကြာနေ့၏ စာရင်းတွင် CNN သတင်းတင်ဆက်သူ အဲရင်ဘားနက် ပါဝင်လာမှုသည် နောက်ဆုံးပြင်ဆင် ထည့်သွင်းခြင်းဖြစ်ပြီး ယခင်ထုတ်ပြန်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများစာရင်းတွင် CNN ၏ နိုင်ငံတကာလုံခြုံရေးသတင်းထောက်ချုပ် Nick Paton Walsh, အကြီးတန်းကမ္ဘာလုံး ဆိုင်ရာရေးရာလေ့လာဆန်းစစ်သူ Bianna Golodryga နှင့် CNN ပံ့ပိုးကူညီသူ Timothy Naftali တို့ပါဝင်ခဲ့သည်။

စာရင်းကို “အမေရိကန်နိုင်ငံသား ၅၀၀” ဟု တံဆိပ်ကပ်ထားသော်လည်း Paton Walsh သည် ဗြိတိသျှနိုင်ငံသားဖြစ်သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင်ရှိ ကြေညာချက် တစ်စောင်တွင် “ရုရှားအပေါ် ရန်လိုသော မည်သည့် တိုက်ခိုက်မှုကိုမဆို ရုရှားအနေနှင့် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ ဝါရှင်တန်အတွက် လေ့လာရန် အချိန်တန်ပြီ” ဟု ပြောကြားခဲ့သည်။

တစ်ဦးချင်းစီအပေါ် မည်သည့်အကြောင်းအရာကြောင့်ဟု သတ်မှတ်ဖော်ပြထားခြင်း သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားခြင်းထက် ကျော်လွန်၍ မည်သို့ အရေးယူမည်ကိုမူ ရှင်းပြထားခြင်း မရှိပါ။

ထို့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ (Sergey Lavrov) ၏ ဧပြီလတွင်လာရောက်ခဲ့သော အမေရိကန်ခရီးစဉ်တွင် ပါဝင်သော ရုရှားသတင်းထောက်များကို ဗီဇာထုတ်ပေးရန် ပျက်ကွက်မှုကြောင့် ဖမ်းဆီးခံထားရသည့် အမေရိကန် သတင်းထောက် Evan Gershkovich ကို တွေ့ရန် အမေရိကန်ကောင်စစ်ဝန်ရုံးမှ ဝင်ရောက်ခွင့်တောင်းဆိုမှုကို ဆက်လက်ငြင်းဆိုထားကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပြင်သစ် ယူကရိန်း အမေရိကန် အီရန် ဥရောပ

ယနေ့စက်မှု (၇)နိုင်ငံ၏ (G7) အစည်း အဝေး

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 50 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၇)ရက် Aljazeera News- ဂျီ၇ (G7) အစည်း အဝေး သည် အဓိကအီရန်နှင့် ယူကရိန်းတို့အရေးကလွှမ်းမိုးမှုအများဆုံး
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

လပေါင်းများစွာအတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးတစ်ခုအဖြင့် ယူကရိန်း၏ အဓိကမြို့ကြီးများကို ရုရှား အပြင်းအထန် ဗုံးကြဲတိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 100 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက် ကီးဗ်၊ ယူကရိန်း — မော်စကိုသည် အင်္ဂါနေ့အစောပိုင်းက ယူကရိန်းနိုင်ငံအပေါ် သေကြေ ပျက်စီးမှုများပြားသည့် လေကြောင်းတိုက်ခိုက်မှုတစ်ခုကို ဆင်နွှဲခဲ့ပြီး၊ မြို့တော်ကီးဗ် (Kyiv) နှင့်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 191 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 186 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် – ဖလော်ရီဒါ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 209 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက ပြောကြားခဲ့ပြီး၊
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 200 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။