နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 9 ရက်

ဥရောပ

ဥရောပ

ဂါဇာကို ဝိုင်းရံခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖြစ်ပေါ်စေသည် ဟု ကုလသမဂ္ဂ လွတ်လပ်သော ကျွမ်းကျင်သူများကဆို

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်။

ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ လက်လှမ်းမမီခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂ အမှီအခိုကင်းသော ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။ ကျွမ်းကျင်သူများက အစ္စရေးသည် ၎င်း၏ ၁၆ နှစ်ကြာ ဝိုင်းရံထားမှုနှင့် ဂါဇာတွင်နေထိုင်သော ပါလက်စတိုင်းလူမျိုးများ နှစ်ရှည်လများ အလုပ်အကိုင်များ တင်းကျပ်လာမှုအပေါ် ပြင်းထန်သော လူသားချင်း စာနာထောက်ထားမှုနှင့် ဥပဒေဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး လူပေါင်း ၂.၂ သန်းကို မရှိမဖြစ် လိုအပ်သော အစားအစာ၊ လောင်စာဆီ၊ ရေ၊ လျှပ်စစ်နှင့် ဆေးဝါးများ ဆုံးရှုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ဖြစ်နိုင်ချေ မရှိသော ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အမိန့်များနှင့် အတင်းအကြပ် လူဦးရေ လွှဲပြောင်းမှုများနှင့်အတူ ဂါဇာကို အလုံးစုံ ဝိုင်းရံထားခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုနှင့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်သည်။ ဒါဟာ ပြောမပြနိုင်လောက်အောင် ရက်စက်ပါတယ်” ဟု ကျွမ်းကျင်သူများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကျွမ်းကျင်သူများက အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးနှင့် အရပ်သားပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကို အာမခံချက်ပေးရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

လူအသေအပျောက်များသော Al-Ahli Baptist ဆေးရုံပေါက်ကွဲမှုကိုလည်း ရှုတ်ချခဲ့ပြီး ၎င်းတို့သည် “အချက်ပေးသံ” ဖြစ်သည်ဟု ဆိုသည်။ အင်္ဂါနေ့က ဆေးရုံပေါက်ကွဲမှုအတွက် ပါလက်စတိုင်း တာဝန်ရှိသူများက အစ္စရေးကို အပြစ်တင်ခဲ့သည်။ သို့သော်လည်း အစ္စရေးက ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်အဖွဲ့၏ ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဖြစ်ရသည်ဟုဆိုကာ အထောက်အထားများဖြင့် စွပ်စွဲပြောဆိုမှုကို အစ္စလာမ္မစ်ဂျီဟတ်က ပယ်ချခဲ့သည်။ အမေရိကန်အစိုးရ၏ အကဲဖြတ်မှုတစ်ခုအရ အစ္စရေးတွင် “တာဝန်မရှိ” ဟု အမျိုးသားလုံခြုံရေးကောင်စီက ကောက်ချက်ချခဲ့သည်။ အဆိုပါ အကဲဖြတ်မှုသည် “ထောက်လှမ်းရေး၊ ဒုံးကျည်လှုပ်ရှားမှု၊ ဗီဒီယိုနှင့် အဖြစ်အပျက်၏ ပုံများ” အပါအဝင် ရရှိနိုင်သော အစီရင်ခံချက်များကို အခြေခံထားကြောင်း ပြောရေးဆိုခွင့်ရှိသူ Adrienne Watson က ပြောကြားခဲ့သည်။

ဂါဇာတွင် အစ္စရေး၏ စစ်ဆင်ရေးသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ “ဂါဇာမှာ စစ်ရေးအရ အရေးယူမှုတွေနဲ့ အနောက်ဘက်ကမ်းမှာ ဖမ်းဆီးသတ်ဖြတ်မှုတွေ တိုးမြင့်လာမှုတွေနဲ့အတူ အစ္စရေး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေရဲ့ ကြေညာချက်တွေကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မယ့် အန္တရာယ်လည်း ရှိပါတယ်” ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ “ဒီလိုရာဇဝတ်မှုတွေအတွက် မျှတမှုရှိဖို့ ဒါမှမဟုတ် ခြွင်းချက်ပေးခွင့်မရှိပါဘူး။ နိုင်ငံတကာအသိုက်အဝန်းရဲ့ ပိုမိုဆဆိုးဝါးတဲ့စစ်မက်ဖြစ်ပွားအောင် လုပ်ဆောင်ချက်တွေကြောင့် ကျွန်တော်တို့ ထိတ်လန့်ရပါတယ်” ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပါလက်စတိုင်းများအတွက် အပြည့်အဝ တရားမျှတမှုရရန် လျော်ကြေးပေးရန်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ လိုအပ်ကြောင်း ၎င်းတို့က ကောက်ချက်ချခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဂီလတ်အာဒန်က ကုလသမဂ္ဂ ပညာရှင်များ၏ စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ “သူတို့က ဂျူးလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားတွေကို ခုခံကာကွယ်နေပြီး ငါတို့တောင်ပိုင်းအသိုင်းအဝိုင်းမှာတစ်ခုပဲ ကျူးလွန်နေတာ။ အကြီးတန်းအရာရှိတွေဆီက ဒီထုတ်ပြန်ချက်တွေဟာ ကုလသမဂ္ဂကို ဘယ်လောက်ထိ ပုံပျက်စေတယ်ဆိုတာကို ပြသနေပါတယ်” ဟု အာဒန်က ပြောကြားခဲ့သည်။ “သူတို့ အာရုံစိုက်သင့်တဲ့ ထိပ်တန်းလူသားချင်းစာနာမှုအခြေအနေကတော့ အကြမ်းဖက်သမားတွေနဲ့ သူတို့ရဲ့ထောက်ခံသူတွေကို ကူညီပေးမယ့်အစား ဂါဇာမှာ ဓားစာခံဖမ်းဆီးထားတဲ့ အပြစ်မဲ့အရပ်သား ၂၀၀ ကျော်ရဲ့ အခြေအနေပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: CNN
Photo: Mohammed Al-Masri/Reuters 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်မှာ ခရီးသည်တင်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်နှင့် တိုက်မိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 25 Views
ဇန်နဝါရီလ (၃၀) ရက်။ ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့ည ၉နာရီခန့်မှာ ဝါရှင်တန်၊ ရော်နယ်ရီဂင်လေဆိပ်ကို ခရီးသည်လေယာဉ်ဆင်းသက်စဉ် စစ်တရဟတ်ယာဉ်တစ်စီးနဲ့တိုက်မိပြီး
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

၈၀ ခုနှစ် စစ်မြေပြင်နည်းပရိယာယ်သာ နားလည်သော မြောက်ကိုရီးယားစစ်သားများက ယူကရိန်း- ရုရှားစစ်ပွဲတွင် ပါဝင်နေခြင်း၊

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 28 ရက်
  • 76 Views
ဇန်နဝါရီလ (၂၈) ရက်။ ဖမ်းမိခံရခြင်းထက် မေးစေ့အောက်တွင် လက်ပစ်ဗုံးကိုထား၍ ဖောက်ခွဲပစ်ခြင်း၊ တိုက်ခိုက်ရေး ဒရုန်းများကို ဆွဲဆောင်ရန် မိမိစစ်သားချင်းကို တည်ကြက်အဖြစ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 102 Views
+++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင် ဟားမတ်စ်တွေကို ဒီထက်ဆိုးဝါးမှုတွေကို ကြုံတွေ့စေရမယ်လို့ ကျိန်းဝါးခဲ့သလို ပနားမားတူးမြောင်းကို အမေရိကန်က ပြန်သိမ်းဖို့ လိုတယ်။
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

အီတလီ အမျိုးသမီးသတင်းထောက်ကို အီရန်အာဏာပိုင်များ ထိန်းသိမ်းထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 121 Views
ဒီဇင်ဘာလ (၂၈) ရက်။ အီတလီသတင်းထောက် ဆယ်ဆီလီယာ ဆာလာ (Cecilia Sala) ကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ထိန်းသိမ်းထားကြောင်း အီတလီနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတကာသတင်း အာရှ ဥရောပ

အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းသည့် အဇာဘိုင်ဂျန်လေယာဉ် ကာဇက်စတန်တွင် ပျက်ကျ ၂၈ ဦး အသက်ရှင်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 141 Views
ဒီဇင်ဘာလ (၂၅) ရက်။ အဇာဘိုင်ဂျန်မှ ရုရှားသို့ ပျံသန်းနေသည့် အဇာဘိုင်ဂျန်လေကြောင်းလိုင်း Embraer လေယာဉ်တစ်စီး ဒီဇင်ဘာ ၂၅ရက်နေ့က ကာဇက်စတန်နိုင်ငံ အက်တိုမြို့အနီး ပျက်ကျခဲ့ရာ လေယာဉ်ပါ ခရီးသည် (၆၂) ဦးနှင့် လေယာဉ်အမှုထမ်း (၅)
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ICC ဖမ်းဝရမ်းကို ကြောက်လန့်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် နှစ် ၈၀ ပြည့်အခမ်းအနားကို တက်ရောက်မည် မဟုတ်ဟု ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 159 Views
++++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် သြဇဝစ် (Auschwitz) လွတ်မြောက်ရေး နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပိုလန်နိုင်ငံတွင် ကျင်းပမည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း သတင်းရရှိပါသည်။ ပိုလန်သတင်းဌာန
နိုင်ငံတကာသတင်း ဥရောပ

နှစ်ကုန်သတင်းစာရှင်းလင်းပွဲတွင် ထရန့် နှင့်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ပူတင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 161 Views
ဒီဇင်ဘာလ (၂၀) ရက်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မကြာသေးမီက ဆုတ်ယုတ်မှုများအပေါ် အပြုသဘောဆောင်သည့် လှည့်ဖျားပြောကြားမှုများကို ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည်။ ရုရှားနိုင်ငံသည် ဆီးရီးယားတွင် ၎င်း၏တာဝန်ကိုပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲကို အောင်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်သည့် ရှည်လျားသည့်
နိုင်ငံတကာသတင်း ဥရောပ

ဖော့စဝါ ဘိုင်ယို (Francois Bayrou) ကို ပြင်သစ်ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 172 Views
ဒီဇင်ဘာလ (၁၄) ရက်။ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်က ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီဥက္ကဋ္ဌ ဖော့စဝါ ဘိုင်ယို ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ခံရမှုကြောင့် နုတ်ထွက်ခဲ့ရတဲ့ မစ်ရှယ်လ် ဘာနီယာ (Michel