နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 6 ရက်

ဥရောပ

ဥရောပ

စပိန်အမျိုးသမီးကစားသမားကို နမ်းရှုတ်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဌကို ရုံးတင်စစ်ဆေးဖို့ ရာထူးမှရပ်စဲ

ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အောင်ပွဲရစပိန်အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်းနမ်းရှုတ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ်ရူဘီယာလက်စ်ကို စပိန်အားကစားကောင်စီက တာဝန်က ယာယီရပ်စဲလိုက်ပါတယ်။

စပိန်အမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် အောင်ပွဲခံချိန်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရူဘီယာလက်စ်က စပိန်ကစားသမား ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်း နမ်းရှုတ်ခဲ့တာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေနဲ့ အာဏာပိုင်အဖွဲ့အစည်းအပေါင်းများစွာက ဝေဖန်မှုတွေရှိနေခဲ့သလို ကာယကံရှင် ဟာမိုဆိုကလည်း သူ့အနေနဲ့ နမ်းဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရူဘီယာလက်စ်ကတော့ ဖိအားတွေရှိနေပေမယ့် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းက ရာထူးက မနှုတ်ထွက်မချင်း တခြားဘယ်ပွဲကိုမှ ကစားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။ နယ်ပယ်အသီးသီးက ဝေဖန်နေချိန်မှာ ဖီဖာကလည်း အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့သလို စပိန်အစိုးရကိုယ်တိုင်က အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကာကွယ်ရေး “ Me too” လှုပ်ရှားမှုကို စတင်ပြီး ရူဘီယာလက်စ်ကို ခုံရုံးတင်စစ်ဆေးနိုင်ဖို့ ကြိုးပမ်းမှုတွေပြုလုပ်လာခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ စပိန်အားကစားကောင်စီက ရူဘီယာလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးက ယာယီရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ် စပိန်ကလပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကြိုဆိုကြောင်း အသင်းရဲ့လူမှုကွန်ရက်စာမျက်နာကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Era’sEye\SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 116 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 115 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 133 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအရေး ဆွေးနွေးမှုများကို အီရန်စစ်ပွဲပြီးသည့်အထိ စောင့်ဆိုင်း၍မရနိုင်ကြောင်း ဇလန်းစကီးက CNN သို့ ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 140 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်နိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ၎င်း၏နိုင်ငံအပေါ် ရုရှား၏ ကျူးကျော်စစ် အပေါ် အာရုံစိုက်မှု လျော့နည်းသွားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝန်ခံပြောကြားခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာဖရိက အာရှ အီရန် ဥရောပ

အီရန်စစ်ပွဲကြောင့် လေကြောင်းလိုင်းများ ဂျက်လေယာဉ်ဆီ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 156 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် နွေရာသီ ခရီးသွားရာသီ အခြေအနေ ဆိုးဝါးတော့မည်ဟု ထင်နေပါသလား။ ပိုမိုဆိုးဝါးလာနိုင်သည့် အခြေအနေအတွက် ပြင်ဆင်ထားလိုက်ပါ။ အီရန်စစ်ပွဲကြောင့် လေယာဉ်လက်မှတ်ခများနှင့် အခကြေးငွေများ မြင့်တက်လာသည့်အပြင်၊ တင်သွင်းလာသည့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 136 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး