နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 16 ရက်

ဥရောပ

ဥရောပ

စပိန်အမျိုးသမီးကစားသမားကို နမ်းရှုတ်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဌကို ရုံးတင်စစ်ဆေးဖို့ ရာထူးမှရပ်စဲ

ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ အောင်ပွဲရစပိန်အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်းနမ်းရှုတ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ လူးဝစ်ရူဘီယာလက်စ်ကို စပိန်အားကစားကောင်စီက တာဝန်က ယာယီရပ်စဲလိုက်ပါတယ်။

စပိန်အမျိုးသမီးအသင်းဟာ အင်္ဂလန်အမျိုးသမီးအသင်းကို တစ်ဂိုး၊ ဂိုးမရှိရလဒ်နဲ့ အနိုင်ရပြီးတဲ့နောက် အောင်ပွဲခံချိန်မှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရူဘီယာလက်စ်က စပိန်ကစားသမား ဂျင်းနီဟာမိုဆိုကို နှုတ်ခမ်းချင်း နမ်းရှုတ်ခဲ့တာဖြစ်ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့ လုပ်ရပ်အပေါ် ပရိသတ်တွေနဲ့ အာဏာပိုင်အဖွဲ့အစည်းအပေါင်းများစွာက ဝေဖန်မှုတွေရှိနေခဲ့သလို ကာယကံရှင် ဟာမိုဆိုကလည်း သူ့အနေနဲ့ နမ်းဖို့ ခွင့်ပြုခဲ့တာမဟုတ်ဘူးလို့ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရူဘီယာလက်စ်ကတော့ ဖိအားတွေရှိနေပေမယ့် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရူဘီယာလက်စ်ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ကမ္ဘာ့ဖလားချန်ပီယံ စပိန်အမျိုးသမီးအသင်းက ရာထူးက မနှုတ်ထွက်မချင်း တခြားဘယ်ပွဲကိုမှ ကစားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်။ နယ်ပယ်အသီးသီးက ဝေဖန်နေချိန်မှာ ဖီဖာကလည်း အဲဒီဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာခဲ့သလို စပိန်အစိုးရကိုယ်တိုင်က အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကာကွယ်ရေး “ Me too” လှုပ်ရှားမှုကို စတင်ပြီး ရူဘီယာလက်စ်ကို ခုံရုံးတင်စစ်ဆေးနိုင်ဖို့ ကြိုးပမ်းမှုတွေပြုလုပ်လာခဲ့ပါတယ်။

အခုနောက်ဆုံးမှာတော့ စပိန်အားကစားကောင်စီက ရူဘီယာလက်စ်ကို စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရာထူးက ယာယီရပ်စဲလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်အပေါ် စပိန်ကလပ်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကြိုဆိုကြောင်း အသင်းရဲ့လူမှုကွန်ရက်စာမျက်နာကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။

Era’sEye\SportNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်းနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုမှာ သဘောတူညီမှုတစ်ခုရဖို့ အမေရိကန် မျှော်လင့်နေလို့ ရုဘီယိုပြော

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 26 Views
မတ်လ (၁၁) ရက်။ ဆော်ဒီအာရေဗျမှာ ယူကရိန်းနိုင်ငံသားတွေနဲ့ ကောင်းမွန်တဲ့ တွေ့ဆုံမှုဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္လာနေ့မှာ
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း ဥရောပ

ယူကရိန်း-အမေရိကန် ဆွေးနွေးပွဲ မတိုင်မီ “ ငြိမ်းချမ်းရေးဆိုတာ ကျွန်တော်တို့ မျှဝေထားတဲ့ပန်းတိုင် ဖြစ်ပါတယ်” လို့ ဇလန်းစကီးပြော

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 24 Views
မတ်လ (၁၁) ရက်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးက ငြိမ်းချမ်းရေးဟာ အမေရိကန်နဲ့ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကြား မတ်လ (၁၁) ရက်နေ့ ဆော်ဒီအာရေးဗီးယားမှာ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်းအတွက် Starlink ဂြိုလ်တုဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီးတို့ စကားအခြေအတင်ဖြစ်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 15 Views
မတ်လ (၁၀) ရက်။ ယူကရိန်းအတွက် Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုကို အခြားအစားထိုး ရွေးချယ်စရာတစ်ခု လိုအပ်နေတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး လာဒိုဆွာ ရှီကော့စကီ (Radosław Sikorski) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မတ်လ (၉)
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

“ ရုရှားတပ်ဖွဲ့ဝင်တွေ Kursk ဒေသရှိ ရှေ့တန်းကာကွယ်ရေးလိုင်းကို ဖောက်ထွင်းဝင်ရောက်ကာ ယူကရိန်းတပ်တွေကို ဝန်းရံလာနိုင်တယ်” လို့ ဗြိတိန်သတင်းစာက ဖော်ပြ

  • 2025 ခုနှစ်၊ မတ်လ 8 ရက်
  • 22 Views
မတ်လ (၈) ရက်။ ယူကရိန်းတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀,၀၀၀ ဝိုင်းရံခံရမယ့် အန္တရာယ်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးစေ့စပ်ညှိနှိုင်းမှုတွင် ယူကရိန်းရဲ့ အကြီးဆုံး စေ့စပ်ညှိနှိုင်းရေး နိုင်ဖဲတစ်ချပ်ကို
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အိမ်ဖြူတော်မှာ စကားအခြေအတင်ဖြစ်ပြီးနောက် ယူကရိန်းနဲ့ အမေရိကန်တို့ သံတမန်ရေးရာ ကြိုးပမ်းမှု နောက်တကြိမ် ထပ်မံပြုလုပ်ဖို့ ကြိုးစားမယ်

  • 2025 ခုနှစ်၊ မတ်လ 7 ရက်
  • 21 Views
မတ်လ (၇) ရက်။ ဥရောပတွင် ဝါရှင်တန်ရဲ့ နေတိုးမဟာမိတ်များက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ထားရစ်ခဲ့တဲ့ ကွာဟချက်ကို ပြန်လည်ဖြည့်ရန် ကြိုးပမ်းနေစဉ် စစ်အသုံးစရိတ်အသစ်အတွက် ဒေါ်လာဘီလီယံ ရာနဲ့ချီ သုံးစွဲရန် ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

“ ကနေဒါကို ထရန့်က သိမ်းပိုက်မယ်ဆိုတာ ပျက်လုံး မဟုတ်ဘူး” လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဆို

  • 2025 ခုနှစ်၊ မတ်လ 7 ရက်
  • 68 Views
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးမယ်လာနီဂျိုးလီဂျော့ (Melanie Joly George) နဲ့ CNN ဂျာနယ်နစ် အာမန်ပိုနှင့် အင်တာဗျူး အပြည့်အစုံ မတ်လ (၇) ရက်။ အာမန်ပို။ ကနေဒါကို ဘယ်လို ထိခိုက်သလဲ ကြည့်လိုက်ကြရအောင်။ ဝန်ကြီးချုပ်က
နိုင်ငံတကာသတင်း ဥရောပ

ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်း၏ ကာကွယ်ရေးဆိုင်ရာအစီအစဥ်နှင့်ပတ်သက်သည့် မိန့်ခွန်း

  • 2025 ခုနှစ်၊ မတ်လ 7 ရက်
  • 22 Views
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက် ဘရပ်ဆဲလ်မြို့မှာ ပြောသွားတဲ့မိန့်ခွန်းအပြည့်အစုံ ဖြစ်ပါတယ်။ *** ဥရောပလက်နက်ပြန်လည်တပ်ဆင်ရေးအစီအစဥ် (ReArm Europe Plan) ကို ဥရောပမှာ စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ **** ကျွန်မတို့ဟာ အရေးကြီးဆုံးနဲ့
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ယူကရိန်းဒုက္ခသည်တွေအတွက် နေထိုင်ခွင့်ဗီဇာ ရုပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေတယ်လို့ ဆို

  • 2025 ခုနှစ်၊ မတ်လ 7 ရက်
  • 23 Views
မတ်လ (၆) ရက်။ ရုရှားကျူးကျော်မှုစစ်ပွဲကနေ အမေရိကန်ကို ထွက်ပြေးလာတဲ့ ယူကရိန်းဒုက္ခသည်တွေရဲ့ နေထိုင်ခွင့်ကို ပ်သိမ်းဖို့ ထရမ့်အစိုးရက စဉ်းစားနေကြောင်း သတင်းရရှိတယ်လို့ ရိုက်တာသတင်းက မတ်လ ၆ ရက်နေ့မှာ ဖော်ပြပါတယ်။ ယူကရိန်းနိုင်ငံက ဒုက္ခသည် ၂၄၀,၀၀၀